တစိမ့်စိမ့် လွမ်းရမယ့် လွမ်းစိမ့် PDF Print E-mail
Written by ခင်လေးမြင့်   
Monday, 02 July 2012 15:43
Share |

၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ စတင် ရိုက်ကူးခဲ့တဲ့ လွမ်းစိမ့် ဗီဒီယို ဇာတ်ကားကို ၂၀၁၂ ဇူလိုင် လဆန်းမှာ ဖြန့်ချိ ပေးတော့မှာ ဖြစ်ပါတယ်။

argaiv1481

ဒီဇာတ်ကားကို ရိုက်ကူးပြီး မကြာခင် ကာလမှာ ဆင်ဆာ တင်ခဲ့ပေမဲ့ ဆင်ဆာဖြတ်တဲ့ ဇာတ်ဝင်ခန်း တော်တော် များများ ရှိတာကြောင့် ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေးနဲ့ ဒါရိုက်တာ ချိုတူးဇော်တို့က အသနား ခံစာ တင်ပေမဲ့ အဆင် မပြေခဲ့ပါဘူး။ ဆင်ဆာ ပြင်ဆင်ချက် အတိုင်း ပြင်ဆင်ပါမယ် ဆိုပြီး ပြင်ဆင်ချက်နဲ့ ပြန်တင်ပေမဲ့ ၁ နှစ် ကျော်ကြာတဲ့ အထိ တုံ့ပြန်မှု မရှိတာကြောင့် အစိုးရသစ် လက်ထက်မှာ ပြန်တင်ပြခဲ့ပါတယ်။

အဆင့်ဆင့် တင်ပြမှုတွေနဲ့ အတူ ဆင်ဆာအဖွဲ့ဝင်များ  အားလုံးက HD နဲ့ ပြန်ကြည့် ပြီး ထောက်ညွှန်ချက် များစွာ နဲ့ မေလ ၉ ရက်နေ့မှာ လွမ်းစိမ့် ဇာတ်ကား ဆင်ဆာ ကျခဲ့ပါတယ်။ လွမ်းစိမ့် ဇာတ် ကားကို ဒါရိုက်တာ ချိုတူး ဇော်က ရိုက်ကူးပြီး ရဲတိုက်၊ ပြေဇင်၊ အေးမြတ်သူ၊ နိုဘယ် ကျော်ကျော် စတဲ့ သရုပ် ဆောင်များ ပါဝင် သရုပ်ဆောင် ထားကြတာပါ။ လွမ်းစိမ့်  ဇာတ်ကားက တက္ကသိုလ် ကျောင်းနဲ့ပတ်သက်တဲ့ ဇာတ် ကားဖြစ်ပေမဲ့ ဒီနေ့ခေတ် တက္ကသိုလ် ဇာတ်လမ်း မဟုတ်ပါဘူး။ ၁၉၈၀ ကျော် ကာလ တက္ကသိုလ်ကျောင်း များမှာရှိတဲ့ ဖြစ်ပျက်တဲ့ အဖြစ်တွေကို ဒါရိုက်တာ ချိုတူးဇော်က ခံစား ရေးသား ရိုက်ကူးထားတာဖြစ်ပါ တယ်။

RC 2 လို့ ခေါ်တဲ့ လှိုင်တက္ကသိုလ်နဲ့ RIT ကျောင်း တို့က ကျောင်းသားကျောင်း သူတွေက အတန်းချိန် မရှိ တာနဲ့ ဟိုဘက်ကျောင်း၊ ဒီဘက်ကျောင်း ကူးကြတာပါ။ RIT ကျောင်းသား ဇော်ရဲဝင်း အဖြစ် သရုပ်ဆောင် တဲ့ ရဲတိုက်က ကဗျာ၊ ၀တ္ထုတွေ ရေးတာ ၀ါသနာပါတဲ့ သူဖြစ်ပါတယ်။ RIT ကျောင်းတက်ပြီး တခြားသူ တွေလို မြို့ပြအင်ဂျင်နီယာ စတာတွေကို ၀ါသနာမပါဘဲ ဗိသုကာကို ၀ါသနာ ပါပါတယ်။ ပြေဇင်နဲ့ အေးမြတ်သူ တို့ကလည်း RIT ကျောင်းသား၊ ကျောင်းသူတွေပါပဲ။ ရဲတိုက်က ၀တ္ထုတွေ ရေးတာ ကြောင့် သူရေးတဲ့ ၀တ္ထုထဲ မှာ ပြေဇင်နဲ့ အေးမြတ်သူတို့ကို ထည့်ရေးပြီး သူတို့နှစ်ယောက် ကြိုက်သွားအောင် လှော်ပေးပါတယ်။ ရဲတိုက် ကတော့ RC 2 မှာ တက်နေတဲ့ ကရင်မလေး နိုဘယ်ကျော်ကျော်ကို ကြိုက်တာပါ။

တက္ကသိုလ်ကျောင်း သား၊ ကျောင်းသူတွေကြား ဖြစ်ပျက်တတ်တဲ့ အဖြစ်အပျက်များအပြင် ၁၉၈၇-၁၉၈၈ ခုနှစ်ကာလ အဖြစ် အပျက်များကိုပါ ဒါရိုက်တာ ချိုတူးဇော်က ထည့်သွင်းရိုက်ကူး ထားပါတယ်။ လွမ်းစိမ့် ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ဒါရိုက်တာ ချိုတူးဇော်က သေသေချာချာ ဖန်တီးထား ပြီး အိမ်မှာ အေးအေးဆေး ဆေးထိုင်ကြည့်တဲ့ အိမ်ကြည့် ပရိသတ်များ ကြိုက်နှစ် သက်နိုင်တဲ့ ဇာတ်ကားတစ် ကားပါ။ RIT နဲ့ RC 2 ကျောင်းခန်း၊ ကျောင်းဆောင် တွေကို တကယ့်ကျောင်း အစစ်များမှာ ရိုက်ခွင့်မရခဲ့ တာကြောင့် အင်းစိန်မှာရှိတဲ့ ကရင်ကျမ်းစာကျောင်းတို့မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။  အသုံးအဆောင်၊ ထိုင်ခုံ၊ အ၀တ်အစားပုံစံတွေက အစ အဲဒီခေတ်ဝန်းကျင်တွေက အတိုင်း အသုံးပြုပြင်ဆင် ထားပါတယ်။

အဲဒီခေတ်က လက်ဖက်ရည်ဆိုင်တွေမှာ ကော်ခုံတွေ သုံးတာ မဟုတ်ဘဲ သစ်သားခေါက်ကုလား ထိုင်တွေ သုံးတယ်ဆိုတာ ကိုလည်း ပြထားပါတယ်။ ၁၉၈၈ ခုနှစ်ကာလ ကျောင်း သားအရေးကြောင့် ကျောင်းဆက်တက်နိုင်သူတွေလည်း ရှိသလို၊ ကျောင်းဆက်မ တက်ဖြစ်သူတွေလည်းရှိတာ ကို ပြသထားတာကို လွမ်းစိမ့် မှာ တွေ့ရမှာဖြစ်ပါတယ်။ လွမ်းစိမ့် ဇာတ်ကားကို စတင် ရိုက်ကူးကတည်းက အား သွန်ခွန်စိုက် ရိုက်ကူးထားတဲ့ ကားလည်းဖြစ်ပါတယ်။ “ကျွန်တော်တို့တွေ ပြောရ တာ အသစ်အဆန်းဖြစ်ခဲ့တဲ့ စကားလုံးတွေ အများကြီး ပါတယ်။ ဆင်ဆာ ဖြတ်ခံရတဲ့ အထဲမှာ အဲဒီလို စကားလုံး တွေ ပါတယ်ဆိုတော့ စိတ် တော့ မကောင်းဘူး။

တချို့ ဒိုင်ယာလော့တွေ ပရိသတ် မကြားလိုက်မှာ စိုးရိမ်တယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဇာတ်ကားတစ်ကားအနေနဲ့ ကြည့်လို့ရတဲ့ အနေအထားမှာ ထွက်လာနိုင်သေးတယ်ဆိုတာ ကို အားရစရာကောင်းသလို အဲဒီလို ဖြစ်ဖို့ အကြောင်းဖန် လာတဲ့ အရာအားလုံးကို လည်း ကျေးဇူးလည်းတင် ပါတယ်။ နောက်ပြီး ကိုချို တူးဇော်ကိုလည်း လွမ်းပါတယ်”လို့ လွမ်းစိမ့် ဇာတ် ကားနဲ့ ပတ်သက်ပြီး ရဲတိုက် က ဆိုပါတယ်။ ဒါရိုက်တာ  ချိုတူးဇော်က လောလော ဆယ် ပြည်ပနိုင်ငံမှာ ရောက် ရှိနေတာပါ။ ဇော်ရဲဝင်းဆိုတဲ့ တက္ကသိုလ်ကျောင်းသား တစ်ယောက်ရဲ့ နှလုံးသားကို ပုံဖော်ခဲ့သူက ဒါရိုက်တာ ချိုတူးဇော်ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ ချိုတူးဇော်ရဲ့ ညွှန်ကြားမှုများကြောင့် အကောင်း ဆုံး သရုပ်ဆောင်နိုင်တာလို့ ပါဝင် သရုပ်ဆောင်ကြသူများ က ဆိုပါတယ်။

ဇော်ရဲဝင်းဆိုတဲ့ ကျောင်းသားတစ်ယောက် ကျောင်းထဲမှာ ရှိတာကို သဘောကျတဲ့ ရဲတိုက်က “လွမ်းစိမ့် ဇာတ်ကားနဲ့ ပတ် သက်ပြီး ကျွန်တော် မျှော်လင့် ထားတာက အောင်မြင်မှု သော်လည်းကောင်း၊ အသိ အမှတ်ပြုမှုသော်လည်းကောင်း မဟုတ်ပါဘူး။ အဲဒီတုန်းက စိုက်ထုတ်လိုက်တဲ့ နှလုံး သား၊ အချိန်၊ ကြိုးစားပမ်း စား လုပ်ခဲ့ရတဲ့ အရာအား လုံးပါ။ ဇော်ရဲဝင်း ပုံစံ သရုပ်ဆောင်ပြီးတဲ့အချိန်မှာ  ပြောင်းသွားတဲ့ ခံယူချက် တချို့ရှိပါတယ်။ ယုံကြည် ချက်တွေလည်း ရှိပါတယ်။ ကျောင်းသားတစ်ယောက်ဖြစ် ခွင့်မရခဲ့တဲ့ အသက်အရွယ်၊ သိသင့်သိထိုက်တဲ့ Message အချို့ ကျွန်တော်တို့ မသိသေးတာ ရှိသေးတယ်။ ဥပမာ ဒီကားထဲမှာ ပါတဲ့ “မင်းတို့ ခေတ်တက္ကသိုလ်ကို မင်းတို့ လိုချင်တဲ့ ပုံစံအတိုင်း မင်းတို့ ပုံဖော်ခွင့် ရှိတယ်”ဆိုတာ အဲဒီလို အသိမျိုး၊ အလားတူ အဲဒီလို အသိမျိုး ဒီကားထဲမှာ မြောက်မြားစွာ ကျွန်တော်ရခဲ့ တယ်”လို့ လွမ်းစိမ့်ကနေ ရတဲ့ အသိတွေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

ရဲတိုက်ရဲ့  သူငယ်ချင်းအဖြစ် သရုပ် ဆောင်ထားတဲ့ ပြေဇင်ကို လွမ်းစိမ့် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ဖို့ ဒါရိုက်တာ ချိုတူးဇော် ကိုယ်တိုင် ကမ်းလှမ်း ခဲ့တာပါ။ ချိုတူးဇော်က ဆာတိုရီ ဗီဒီယိုထုတ်လုပ်ရေး က တာဝန်ရှိသူတွေကို ပြောပြပြီး ပြေဇင်ကို ဇာတ်ညွှန်း အပြည့်အစုံ ပေးဖတ် ထားခဲ့ပါတယ်။ RIT ကျောင်းသား တွေနေပုံ ထိုင်ပုံတွေကို ဓာတ် ပုံတွေနဲ့ ပြသလို ပြေဇင်ကလည်း ချိုတူးဇော်နဲ့ အကြိမ် ပေါင်းများစွာတွေ့ပြီး စကား တွေပြော ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ “ဒီဘက် ခေတ် ကျောင်းသား၊ ကျောင်းသူ တွေရဲ့ ပျော်ရွှင်မှု ဟိုဘက် ခေတ် ကျောင်းသားကျောင်း သူတွေရဲ့ပျော်ရွှင်မှုက အရမ်း ကွာသွားပြီ။ အဲဒီအတွက် သူတို့ ဝေဖန်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဘက်ကျောင်းသား တွေမှာ လျှော့တွက်လို့ မရ တာ တွေရှိပါတယ်။ အရင်က စာတွေ အများကြီး ဖတ်ထား ကြတဲ့ ကျောင်းသားမျိုးတော့ ကြိုက်မှာပါ။ ဝေဖန်စရာမရှိ လောက်ဘူးထင်တယ်။ ဒီ ဘက်ခေတ် ကျောင်းသားကို စော်ကားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသားဘ၀နဲ့တောင် မတူဘူး။ ခေတ်ကတော် တော်ကွာသွားတဲ့အတွက် သူ တို့ ဝေဖန်မယ်ဆို ဝေဖန်နိုင်ပါ တယ်”လို့ ပြေဇင်က လွမ်းစိမ့် ဇာတ်ကားမှာ သရုပ်ဆောင် ထားတဲ့ တက္ကသိုလ်ကျောင်း သား ပုံစံနဲ့ပတ်သက်ပြီး ပြောပြပါတယ်။

ဆာတိုရီ ဗီဒီယိုထုတ် လုပ်ရေးက ထုတ်လုပ်တဲ့ လွမ်းစိမ့် ဇာတ်ကားကို ၂၀၁၂ ဇူလိုင်လ ပထမပတ်မှာ ဖြန့် ချိပေးမှာ ဖြစ်ပါတယ်။ “သူရဲ ကောင်းဆိုတာ အများမလုပ် ချင်တဲ့ အလုပ်တွေကို အများ အတွက် လုပ်ပေးတဲ့ သူကို ပြောတာကွ။ တက္ကသိုလ်ဆို တာ ဘယ်နေရာ၊ ဘယ်လို ပုံစံမျိုးပဲရှိရှိ သူ့ နှလုံးသား၊ သူ့ ၀ိညာဉ်ကတော့ ကိန်း စပ်ခိုအောင်းနေတာပါပဲ သူငယ်ချင်းရာ။ လောကမှာ အင်အားအကြီးမားဆုံး စွမ်း အားက ချစ်ခြင်းမေတ္တာ တရားပါပဲ။ လူ့အဖွဲ့အစည်း ကို ချစ်ခြင်းမေတ္တာတရား တွေနဲ့ ဖွဲ့စည်းတည်ထောင် ထားတာပါ”ဆိုတဲ့ စကားလုံး တွေကို လွမ်းစိမ့် ဇာတ်ကား မှာကြားကြရမှာပါ။ လွမ်းစိမ့်  ဇာတ်ကားက လွမ်းစိမ့် ဆိုတဲ့ အရင်က တက္ကသိုလ်ကျောင်း၊ ကျောင်းသားတွေရဲ့ ဖြစ်ပျက် မှု အစုံစုံကို တစိမ့်စိမ့်ခံစား လွမ်းနေရမှာ ဖြစ်ပါတယ်။

ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

 


ခင်လေးမြင့်
About the author: