ရင်ထဲမှာ ပေါ့ပါးတဲ့ ရန်ကုန်နဲ့ မောင်ရေချမ်း PDF Print E-mail
Written by ခင်လေးမြင့်   
Monday, 02 July 2012 16:42
Share |

????? ??????? ??????? ?????? ???????????????? ????????????? ??????? ????????? ??????? ?????????  ?????????????? ??????? ????????????? ???? ??????????? ????????? ?????????? ????? ?????????????

tadalafil dosagecialis generic india viagra 20mg without prescription cialis 40mg
argaiv1401

ယုံကြည်ရာကို ရိုးရိုးရဲရဲ ရေးထားတဲ့ ရန်ကုန် ကဗျာနဲ့ ဆုရတာကြောင့် ၀မ်းသာပီတိ ဖြစ်တယ်လို့ မောင်ရေချမ်းက ဆိုပါတယ်။

ရန်ကုန် ကဗျာကို teen မဂ္ဂဇင်းကို ဘယ်လိုကြောင့် ပို့ဖြစ်ခဲ့တာလဲ။

ကျွန်တော်က လူငယ်စစ်စစ်ဖြစ်လို့ teen မဂ္ဂဇင်းကို ပို့ဖြစ်ခဲ့တာပါ။

ရန်ကုန် ကဗျာကို ရေးတဲ့အခါ ကိုယ်တိုင် မြင်တွေ့ ရမှုတွေကိုပဲ ရေးချဖြစ်တာလား၊ တခြား သူတွေ
အပြော ပါသေးလား။


မြင်တွေ့နေရတဲ့ အကြောင်းအရာတွေပါ။ တချို့ဟာတွေက ရင်နာစရာတွေ။ တချို့က မကျေနပ်စရာတွေ။ အဲဒါတွေကို ရေးတာပါ။

မကျေနပ်စရာ၊ ရင်နာစရာတွေ အဖြစ် ဒီကဗျာကို ရေးပြီးချိန် ရင်ထဲမှာ ပေါ့ပါးသွားလား။

မပေါ့ပါးပါဘူး။ ဘယ်တော့မှ ပေါ့ပါးမှာ မဟုတ်ဘူး။ ဥပမာတစ်ခု ပြောရမယ်ဆိုရင် ဒီနေ့ လူတစ်ယောက်ရဲ့ မျက်နှာကို တံတွေးနဲ့ ထွေးသွားတယ် ဆိုပါတော့။ ဘယ်လိုမှ မေ့လို့ မရတော့ဘူး။ အဲဒီလိုပဲ ကျွန်တော်တို့ အချိန်တွေ နစ်နာ ဆုံးရှုံးခဲ့ရတာတွေ၊ မတရား အနိုင်ကျင့်ခံရတဲ့ အချိန်တွေ အဲဒါတွေကို
ဘယ်တော့မှ မေ့လို့မရလို့ ဘယ်တော့မှ မပေါ့ပါးပါဘူး။

ရင်ထဲမှာ ခံစားရတဲ့ အကြောင်းအရာတွေကို ကဗျာအပြင် အခြားစာပေ ပုံစံမျိုး ရေးသားဖြစ်လား။

အခြားပုံစံမျိုး ကျွန်တော် ဖန်တီးထားတာ တွေရှိပါတယ်။ ကျွန်တော်က ကဗျာ ရေးရတာကို အားမသန်ဘူး။ ကဗျာရေးရတာ အားမသန်ပေမဲ့ ရေးဖြစ် တာကလည်းအကြောင်း ကြောင်းကြောင့်ပါ။ တချို့စာတွေက စကားပြေနဲ့ ရေးလို့ မရတာတွေ ရှိတယ်။

ကဗျာရေးချင်တဲ့ လူငယ်တွေကို ဆရာ မောင်ရေချမ်းအနေနဲ့ ဘာများ ပြောချင်လဲ။

ကဗျာရေးချင်တဲ့ လူတွေအနေနဲ့ဆိုရင် အခုခေတ်က ပွင့်လင်း လာပြီ။ အဲဒီတော့ ကိုယ်မကျေနပ်တာ ယုံကြည်တာကို ရဲရဲဝံ့ဝံ့ ရေးနိုင်တယ်။ ကဗျာကို ရေးမယ်ဆိုရင် ကဗျာစာအုပ်တွေ
ဖတ်သင့်တယ်။

မကျေနပ်ချက်တွေကို ကဗျာအဖြစ် ရေးတဲ့အခါ စကားလုံးတွေက ရင်ထဲမှာ ခံစားတဲ့အတိုင်း ထွက်ပေါ် လာတာလား။

အဲဒီလို ထွက်ပေါ်လာ တာမျိုး မရှိပါဘူး။ သေချာပစ်ခတ်ပေါက်ကွဲဖို့ စကားလုံးတွေရှာရတယ်။ ပိုပြီး ထိမိမယ့် စကားလုံးတွေရှာပြီး ရေးရတယ်။ ကဗျာတစ်ပုဒ်ရေးရင် ဘယ်တော့မှ တစ်ခေါက်တည်းနဲ့ မပြီးဘူး။ အနည်းဆုံး ၁၀ ခေါက်၊  ၁၅ ခေါက် လောက် ပြင်ဖြစ်တယ်။ ကဗျာဆရာ မောင်ရေချမ်းက ရန်ကုန် ကဗျာကို ယုံကြည်ချက်၊ မျှော်လင့်ချက်၊ မကျေနပ်ချက်တွေနဲ့ ရေးသား ခဲ့တာဖြစ်ပါတယ်။

 

ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

 


ခင်လေးမြင့်
About the author: