|
Written by ၀င်းငြိမ်း
|
|
Thursday, 05 July 2012 13:19 |
ဒီတစ်ပတ်မှာလည်း အတတ်နိုင်ဆုံးတော့ စာမူတွေကို တင်ပေးနိုင်အောင် ကြိုးစားပါတယ်။
argaiv1795
ဒါပေမဲ့ စာမူ အများစုက ပုံသေနည်းနဲ့ ရေးနေသလား အောက်မေ့ ရလောက်အောင် တစ်ခါလာ မေတ္တာဘွဲ့နဲ့ အရေးအသား တင်ပြပုံကလည်း ထူးမခြားနားတွေ ဖြစ်နေပါတယ်။ ၀တ္ထုတိုဆိုတာ ရသစာပေ ဖြစ်တဲ့ အတွက် ပုံသေနည်းတွေ၊ ခွင်တွေ မထားဘဲ လွတ်လွတ် လပ်လပ် ရေးစေချင်ပါတယ်။
၁။ ရင်တွင်းစကား ၂။ သံယောဇဉ် အမျှင်တန်းတွေနှင့်... ၃။ ချစ်သောဖေဖေ၊ ချစ်သောမေမေ မြတ်မိုမြင့် အရေးအသား အားနည်းတဲ့ စာမူတွေဖြစ်ပါတယ်။ ၀ါကျ တည်ဆောက်ပုံ ရှုပ်ထွေးသလို ပြောချင်တာကို ပီပြင်အောင် သရုပ်မဖော်နိုင်ပါဘူး။ မေတ္တာဘွဲ့ ၀တ္ထုများသာ ဖြစ်ပြီး ထူးခြားမှု မရှိပါဘူး။ ရင်တွင်းစကား ကတော့ ကြောင်နေရာက ခံစား ရေးဖွဲ့ထားတာ ဖြစ်ပြီး ပြောချင်တာကတော့ အားမရှိ လှပါဘူး။ သံယောဇဉ်...က အဘွားအို တစ်ယောက်နေရာက ရေးထားတာ ဖြစ်ပြီး ထုံးစံအတိုင်း မေတ္တာဘွဲ့ပါပဲ။ ချစ်သော ဖေဖေ...က ကွဲကွာနေတဲ့ မိဘနှစ်ပါးကို ပြန်လည် ပြေလည် စေချင်တဲ့ သားသမီး နေရာက ရေးဖွဲ့ထားတာ ဖြစ်ပြီး ထူးခြားမှု မရှိပါဘူး။
၎။ ဝေဒနာလက်နက် ဇွဲဆု သတ်မှတ်စာမျက်နှာထက် ကျော်လွန်ရေးဖွဲ့ထားပြီး ထူးခြားမှုမရှိတဲ့ မေတ္တာဘွဲ့ဇာတ်တစ်ပုဒ်သာ ဖြစ်ပါတယ်။ ၅။ ဆိပ်ကမ်းတစ်ခုရဲ့ ရှိုက်သံ ၆။ အပြစ်မြင်ဖို့ မေ့ခဲ့တယ် ၇။ ပူနွေးမှုစီးကြောင်း သီသီဟန်(ကျိုက်ထို) အခုအချိန်ထိ စကားပြေ၊ စကားပြော ရောနေဆဲဖြစ်တဲ့ စာမူတွေပါ။ ဆိပ်ကမ်းတစ်ခုရဲ့... က အချစ်ဝတ္ထု တစ်ပုဒ် ဖြစ်ပြီး ထူးခြားမှုမရှိပါဘူး။ အပြစ်မြင်ဖို့... ကတော့ နွမ်းပါး တဲ့ မိန်းမပျိုတစ်ဦးရဲ့ အချစ်ရေး ရှုံးနိမ့်ရပုံဖြစ်ပြီး ထူးခြားမှု မရှိပါဘူး။ ပူနွေးမှု... ကတော့ နွမ်းပါးတဲ့ဘ၀မှာ စီးပွားရေး အတွက် ဦးစား ပေးရပေမဲ့ ကျင့်ဝတ်နဲ့ မေတ္တာကို စောင့်ထိန်း တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အရေးအသားက ရိုး စင်းလွန်း နေပါသေးတယ်။
၉။ မြင်းကလေးကိုယ်စီ ၁၀။ ပင်လယ်မှာ မျောတဲ့နေ့ ၁၁။ မရောက်မီက ကြိုနှင့်သည် ညီညီမင်း(မြို့လုလင်) အရေးအသားသင့်တဲ့စာမူများဖြစ်ပါတယ်။ မြင်းကလေး ကိုယ်စီ က အပြန်အလှန် စကားပြောတွေကို အားပြုပြီး ရေးထားတဲ့ ကျေးလက် လောင်းကစား နောက်ခံ ဇာတ်တစ်ခုဖြစ်ပြီး အားမရှိပါဘူး။ ပင်လယ်မှာ...ကတော့ ဖခင်တစ်ယောက် အနေ နဲ့ သားသမီးတွေရဲ့ အလေးထားမှု မခံရတဲ့ အခါ ခံစားချက်ကို ရေးထားတာဖြစ်ပေမဲ့ တင်ပြပုံရိုးစင်းလှပါတယ်။ မရောက်မီက ...ကတော့ ပြောချင်တာ ရှိပေမဲ့ အလွန်အကျူးဖွဲ့ဆိုမှုမှာ ကြိုတင်မှန်းဆရနိုင်တဲ့ ဇာတ်ဆင်ထားတာဖြစ်နေတဲ့ အတွက် အားနည်းသွားရပြန်ပါတယ်။ အရေးအသားသင့်သူမို့ ကြိုးစား စေချင်ပါတယ်။
၁၂။ မှားခဲ့သည်ရှိသော်... ၁၃။ ဆည်းလည်း သစ္စာ အရေးအသား သင့်တဲ့စာမူတွေ ဖြစ်ပါတယ်။ မှားခဲ့ သည်...က မိသားစု အရေးနဲ့ အိမ်ထောင်ရေး ပြဿနာကို ရေးထားတာ ဖြစ်ပြီး တင်ပြပုံ ရိုးစင်းနေပါတယ်။ ဆည်းလည်း ကတော့ လက်တွေ့ဆန်တဲ့ အချစ်ဝတ္ထု ဖြစ်ပေမဲ့ အရေး အသားမှာ အဖွဲ့အနွဲ့အားမကောင်းတဲ့ အတွက် ၀တ္ထုကောင်း ဖြစ်မလာပါဘူး။
၁၄။ အဆုံးအစ မရှိသော မင်းရွှေဦး(နည်းပညာတက္ကသိုလ်) အပြန်အလှန် စကားပြောကို အားပြု ရေးသားထားတဲ့ အတွက် ၀တ္ထုတစ်ပုဒ် မပီပြင်တဲ့ စာမူပဲ ဖြစ်ပါတယ်။ စာများ များဖတ်ပြီးမှ စာရေးပါ။
၁၅။ ကြမ်းတမ်းစွာဖိနှိပ်မှုကြောင့် ရိုင်းစိုင်းလာသော လူတစ်ယောက် အောင်မျိုးလွင် ရှေးခေတ်ဟောင်း အရေးအသားမျိုးနဲ့ ဆောင်းပါးဆန် တဲ့ စာမူတစ်ပုဒ်ဖြစ်ပါတယ်။ ၀တ္ထုများများ ဖတ်ပေးပါ။
၁၆။ ၀ဋ်ကြွေး သိင်္ဂီမောင်မောင်(ရွှေဘို) အဆဲသန်တဲ့ အမေရဲ့သမီးတစ်ယောက် နေရာက ရေးထား တာဖြစ်ပြီး ထူးခြားမှုမရှိပါဘူး။ ၁၇။ မေမေ့ကောင်းကင်အိမ် ဇမင်းမြတ်(လယ်ဝေး/ကံသာ) အရေးအသား ရိုးစင်းသလို မိဘမေတ္တာဘွဲ့ ရိုးရိုးစင်း စင်းကို တင်ပြပုံရိုးရိုးကြီးနဲ့ ရေးဖွဲ့ထားတဲ့ စာမူဖြစ်ပါတယ်။ စာများများ ဖတ်ပါ။
၁၈။ လူကိုမလှည့်စားနဲ့ ခိုင်မြဲနေ အရေးအသား သွက်တဲ့ စာမူဖြစ်ပေမဲ့ အကြောင်းအရာက အားမကောင်း လှပါဘူး။ မလိုအပ်ဘဲ ဟာသဖြစ်အောင် ကြိုးစား ထားတာတွေလည်း ပါဝင်နေပါတယ်။ ကြိုးစားပါဦး။
၁၉။ ခြေသံမကြားသော သစ်ရွက်ကြွေသံ ဆုနှင်းဆက်(တံတားဦး) စကားပြေ၊ စကားပြော ရောထွေးနေတဲ့ မေတ္တာဘွဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ထူးခြားမှု မရှိပါဘူး။
၂၀။ ငွေရောင်လွှမ်းသော ချစ်ခြင်း၏နံနက်ခင်း စူစန်အေး(ဇီးကုန်း) စကားပြေ၊ စကားပြော ရောနေသလို စာမျက်နှာနှစ်ဖက် စလုံးရေးသားထားတဲ့ စာမူဖြစ်ပြီး အရေးအသားရော တင်ပြပုံ ပါ အားနည်းလှတဲ့ အချစ်ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။ စာဖတ် နာမှ စာရေးပါ။
၂၁။ အမေဂျမ်းလည်း မကယ်နိုင် နန္ဒယော်(မွန်ပြည်နယ်) သတင်းဆောင်းပါး ဆန်ဆန် ခေါင်းစဉ် ကွဲတွေနဲ့ ရေးဖွဲ့ ထားတဲ့ နတ်လောက နောက်ခံ စာမူတစ်ပုဒ် ဖြစ်ပြီး ဆွဲဆောင်မှု မရှိသလို အရေးအသားအားဖြင့်လည်း ရှေးရိုး ဆန်လှပါတယ်။
၂၂။ မျှော်လင့်ချက်ရင်ခုန်သံ ဈာန်မင်းဟိန်း အရေးအသား အတော်လိုသေးတဲ့ စာမူဖြစ်ပြီး စာရေးဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်ကို ဖော်လိုရင်း ဖြစ်ပေမဲ့ အရေးအသားမနိုင်နင်းမှုကြောင့် ရသမမြောက်ပါဘူး။
၂၃။ စက်ရုပ် စိုးပိုင်မှူး(ကလေးတက္ကသိုလ်) ပြည်ပမှာ စက်ရုပ် တစ်ရုပ်လို အလုပ်ထွက်လုပ်ရသူတွေ နေရာက ရေးဖွဲ့ထားတာဖြစ်ပေမဲ့ အရေးအသား အားနည်းတဲ့ အတွက် ရုပ်လုံး ကြွမလာခဲ့ပါဘူး။
၂၄။ ပြောင်းပြန်စီးသောမြစ် လင်းလက်အောင်(Y.T.U) အရေးအသား လေးပင်တဲ့ မိဘမေတ္တာဘွဲ့ဖြစ်ပြီး တင် ပြပုံလည်း ရိုးစင်းနေပါတယ်။
၂၅။ မိရိုးဖလာပြဇာတ် ဂင်္ဂါ အရေးအသား အားနည်းလှတဲ့ ကျေးလက်ကြက်ဝိုင်း နောက်ခံ ဇာတ်ဖြစ်ပြီး ထူးခြားမှု မရှိပါဘူး။
၂၆။ နောင်တ၏ အဆုံးသတ်တစ်ဖက် ၂၇။ ကာလာကာနောက်ကွယ်က သူခိုးများ သော်ဇင်(လွိုင်ကော်) အပြန်အလှန် စကားပြောတွေကို မျက်တောင်အဖွင့်၊ အပိတ်မသုံးဘဲ ရောထွေးရေးထားတဲ့အတွက် ဖတ်ရခက်ခဲတဲ့ စာမူနှစ်ပုဒ် ဖြစ်ပါတယ်။ နောင်တ... ကတော့ လုပ်ရပ် အမှားတစ်ခုအတွက် နောင်မှ နောင်တရပုံ ရိုးစင်းတဲ့ ဥပဒေသ အကြောင်း ရေးထားတာဖြစ်ပြီး ကာလာကာ နောက်ကွယ် က... ကလည်း အူမမတောင့်တဲ့ အတွက် သီလ မစောင့်တဲ့ အကြောင်း ရေးထားတာဖြစ်ပါတယ်။ ထူးခြားမှုမရှိပါ။
၂၈။ မေတ္တာကဗ္ဗည်းတင်ခဲ့ဖူးသည် နေဆူးသစ်(ချပ်သင်း) ခေါင်းစဉ် စာလုံးပေါင်း မှားနေပါတယ်။ အရေးအသား ပြေပြစ်ပေမဲ့ ရိုးစင်းလှတဲ့ အတွေးကို ရိုးစင်းတဲ့ တင်ပြပုံနဲ့ ရေးဖွဲ့ထားတဲ့ အတွက် ရုပ်လုံးကြွ မလာပါဘူး။
၂၉။ ပြိုင်မြင်းတို့၏ ခွာသံ ၃၀။ နေလောင်ပန်းတို့ရဲ့ ဖြစ်တည်မှု မောင်လေးငွေ(ပုံတောင်မြေ) ဘာသာရေး ဆုံးမစာတွေ ထည့်ရေးထားတဲ့ စာမူနှစ်ပုဒ် ဖြစ်ပါတယ်။ အရေးအသား ပြေပြစ်ပေမဲ့ သွက်သွက်လက်လက် မရှိပါဘူး။
၃၁။ ကံစီမံရာ အတိုင်းသာ အယ်ကော် ရိုးစင်းတဲ့ အရေးအသားတွေနဲ့ ရိုးစင်းတဲ့ တင်ပြပုံ အတိုင်း ရေးဖွဲ့ထားတာဖြစ်ပြီး အားနည်းတဲ့ စာမူ တစ်ပုဒ်လည်း ဖြစ်ပါတယ်။
၃၂။ ပြုလိုက်တဲ့ကံ ထူး(KKK) အရေးအသား သာမန်ဖြစ်ပြီး ဆင်းရဲတဲ့အတွက် သူခိုး လို့ စွပ်စွဲခံရတဲ့အကြောင်း ရေးထားတာပါ။ ထူးခြားမှု မရှိပါဘူး။
၃၃။ တန်ပြန်လှိုင်း ဥက္ကံ(နွယ်ဇင်အေး) စာပိုဒ်လုံးဝမခွဲဘဲ စာပုဒ်ခြားခြင်း မရှိဘဲ ရေးဖွဲ့ထားတဲ့ စာမူဖြစ်ပြီး စိတ်ကူးယဉ် အချစ်ဝတ္ထု တစ်ပုဒ်လည်း ဖြစ်နေပါတယ်။
၃၄။ သစ်သီးပဲ့နဲ့ မြေခွေး နေ၀ိုင်ရဲ အရေးအသား ရိုးစင်းသလို အတွေးရိုးစင်းတဲ့ စာမူတစ် ပုဒ်သာ ဖြစ်ပါတယ်။ စာများများ ဖတ်ပါဦး။
၃၅။ မချိုသော ခေါင်းလောင်းသံ ၃၆။ ရေမြေခြားတဲ့ ချစ်သူရယ် မိုးစက်သာ အရေးအသား ရှုပ်ထွေးသလို လက်ရေးရှုပ်ထွေးတဲ့ စာမူ နှစ်ပုဒ်ပါ။ မချိုသော... က တချို့သော ကျောင်းဆရာတွေ ရဲ့ ခံစားချက်ဖြစ်ပြီး ရေမြေခြားတဲ့... ကတော့ ခပ်ရိုးရိုး အချစ် ခံစားမှု ဖြစ်ပါတယ်။ ထူးခြားမှု မရှိပါဘူး။
၃၇။ အပြာရောင် မိုးညထဲက လိပ်ပြာ ဇွဲလူ စာတမ်းဆန်တဲ့ အရေးအသားနဲ့ ရေးနေကျအချစ်ဝတ္ထု တစ်ပုဒ်သာ ဖြစ်ပါတယ်။ ထူးခြားမှု မရှိပါဘူး။
၃၈။ မညီမျှခြင်းများအောက်က... အညတရကဗျာ လင်းထက်သူရိန် စက်လှေဝန်ထမ်း တစ်ယောက်နေရာက ရေးဖွဲ့ထားတာ ဖြစ်ပြီး အရေးအသား အားနည်းတဲ့ အတွက် စာမူကောင်း ဖြစ်မလာပါဘူး။
၃၉။ ရွှေဋီကာ ခိုင်ဖြာ အောင်မြင်စေ အောင်စိုးခိုင် ရှေးခေတ်ဟောင်း အရေးအသားနဲ့ အတွေးများဖြစ်ပြီး ထူးခြားမှု မရှိပါဘူး။
၄၀။ အနှိုင်းမဲ့ ကရုဏာရှင် ဆုထက်သိင်္ဂီ အရေးအသား အားနည်းလွန်းလှတဲ့ မိခင်မေတ္တာဘွဲ့သာ ဖြစ်ပါတယ်။
၄၁။ နာမည်မကြီးရင် ကောင်းလိမ့်မယ် ၄၂။ နွံပွက်ရှိငြား ထိုအိမ်ကွင်းမှာ ခြေပေါ်သူတို့က ပေါ်သည် မောင်အေး(ဥက္ကံ) အရေးအသား လေးပင်လှတဲ့ စာမူနှစ်ပုဒ် ဖြစ်ပါတယ်။ နာမည်မကြီးရင်... က စာရေးဆရာဖြစ်ဖို့ ကြိုးစားနေသူ တစ်ယောက်နေရာကနေ ရေးဖွဲ့ထားတာဖြစ်ပြီး ဆွဲဆောင်မှု အားနည်းပါတယ်။ နွံပွက်ရှိငြား... ကတော့ ဇနီးဖြစ်သူကို မလွန်နိုင်တဲ့ ခင်ပွန်းတစ်ယောက်နေရာက ရေးဖွဲ့ထားတာပါ။ ထူးခြားမှု မရှိပါဘူး။
၄၃။ ချစ်သူစောင့် အိပ်မက် မေဖြိုး(သီပေါ) ရှည်လျားလှတဲ့ ခပ်ရိုးရိုးအချစ်ဝတ္ထုတစ်ပုဒ်သာ ဖြစ်ပါတယ်။
၄၄။ အခါလုပွဲ ၄၅။ စတင်ခြင်းရဲ့ အဆုံးသတ် ၄၆။ ဖြစ်ချင်တာ... ဖြစ်ချင်တာ ၄ တာ အရေးအသား အားနည်းတဲ့ စာမူတွေပါ။ စကားပြေ၊ စကားပြော ရောနေပြီး ဖြစ်ချင်တာ... က စာညွန့်ဆန်တဲ့ စာမူပါ။ အခါလုပွဲ ကတော့ အရုဏ်နဲ့ သန်းခေါင်ယံရဲ့ တိုက်ပွဲ အဖြစ် ရေးဖွဲ့ထားပေမဲ့ မပီပြင်ပါဘူး။ စတင်ခြင်းရဲ့... ကလည်း စာညွန့်ဆန်တဲ့ အတွေးတွေပဲ ဖြစ်ပါတယ်။
၄၇။ ဘ၀စာမျက်နှာ နေရဲ(ဗန်းမောက်) အပြန်အလှန် စကားပြောတွေနဲ့ ရေးဖွဲ့ထားတဲ့ ဘ၀ အခက်အခဲ အကြောင်းသာ ဖြစ်ပြီး ဆွဲဆောင်မှု မရှိပါဘူး။
၄၈။ လောင်းရိပ်ခို စီးချင်း ညီမင်း(လည်ငေါက်) ခပ်ရိုးရိုး အတွေးကို ခပ်ရိုးရိုး တင်ပြပုံနဲ့ တင်ပြထားတာ ဖြစ်ပြီး ဆွဲဆောင်မှု အားနည်းပါတယ်။
၄၉။ ဒေါသပုံဆောင်ခဲ ဟန်မှူးသော်(အီကို) ဆန်းသစ်အောင် ကြိုးစားထားပေမဲ့ အရေးအသား မနိုင်နင်းတဲ့ အတွက် ဆွဲဆောင်မှု မရှိသလို တင်ပြပုံလည်း ရိုးစင်းပါတယ်။
၅၀။ လရောင်လွမ်းတဲ့ နေခြည် ခွန်းဆက်(မိုးညှင်း) ရိုးစင်းလှတဲ့ အချစ်ဝတ္ထု တစ်ပုဒ်ဖြစ်ပြီး စကားပြေ၊ စကားပြော ရောနေပါတယ်။
၅၁။ ဘ၀၏ နေ၀င်ချိန်များ ၅၂။ နှလုံးသားကို အလှဆင်ပါ ပြုံးနွဲ့နွဲ့ဝါ အရေးအသား ပြေပြစ်ပေမဲ့ လေးပင်တဲ့ စာမူတွေဖြစ် ပါတယ်။ ဘ၀၏... က သက်ကြီးရွယ်အိုတစ်ယောက် အကြောင်းဖြစ်ပြီး နှလုံးသားကို... ကတော့ ခပ်ရိုးရိုးအချစ် ၀တ္ထုသာ ဖြစ်ပါတယ်။
၅၃။ ပြုသူနှင့် ခံရသူ လင်းလက်သူ(တမ္ပ၀တီ၊မန္တလေး) အရေးအသား အားနည်းလှတဲ့ စာမူ တစ်ပုဒ်ပါ။ ထူးခြားမှု မရှိပါဘူး။
၅၄။ အဖျက်ပိုး ၅၅။ ပေးခွင့်မရသောအခါ အလင်းဆက် အဖျက်ပိုး က အချစ်ဝတ္ထုကို ဆန်းသစ်အောင် ကြိုးစား ထားပေမဲ့ အရေးအသား ဆွဲဆောင်မှု အားနည်းသွားတဲ့အတွက် စာမူကောင်း ဖြစ်မလာပါဘူး။ ပေးခွင့်မရသောအခါ ကိုတော့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြပေးလိုက်ပါတယ်။
နောက်ထပ် ဆရာ ဦးဝင်းငြိမ်းထံ တင်ပြပေးလိုက်တဲ့ စာမူတွေကတော့- -သက်တော်စောင့် ရဲ့ နွေပင့်ကူများ -သံလွင်သစ္စာ(သထုံ) ရဲ့ မဆုံးသော ကွန်ယက် နဲ့ ချစ်ခြင်း၏ ခါးသက်သောအရသာ -ခိုင်သွေးကို ရဲ့ နေရာလေးတစ်ခု -ကျေးလက် ရဲ့ အလွမ်းပြာကောင်းကင် -စံပယ်ဖြူနု ရဲ့ မွေးနေ့ပွဲ -ပြင်စိန်(ရေ၀န်း) ရဲ့ နှုတ်ဆက်လက်ဆောင် -မော်မော့်မောင် ရဲ့ အရိပ်ပြဇာတ်
ဒီလမှာ ဆရာမ မသီတာက ရွှေအသစ်ဝတ္ထုတို ၉ ပုဒ်ကို တင်ပြထားပါတယ်။ ၉ ပုဒ်ထဲက ရွေးရမှာဆိုတော့ သေသေ ချာချာ ဖတ်ကြည့်ရပါတယ်။ ပထမဆုံးဖတ်ဖြစ်တာကတော့ သက်တော်စောင့်ဆိုတဲ့ ကလောင်နာမည်နဲ့ ဆရာ ကျော်ဆန်း ဦး (နမ္မတီ)ရေးသားတဲ့ “နွေပင့်ကူများ”ဖြစ်ပါတယ်။ ၀ါသနာ အလျောက် စာရေးဖို့ ကြိုးစားနေကြသူများကို အကြံပေး ချင်တာကတော့ ၀ါရင့်ကလောင်မဖြစ်သေးခင်ကာလမှာ စကားလုံးများ ဆန်းသစ်ဖို့ မကြိုးစားစေချင်ပါ။ ရိုးရိုးသား သား ရေးဖွဲ့ခြင်းအားဖြင့်သာ ကိုယ့်ဝတ္ထုကို ပြောင်မြောက် အောင် ကြိုးစားစေချင်ပါတယ်။ “နွေပင့်ကူများ”၀တ္ထုက အလုပ်လက်မဲ့ဖြစ်နေသူတစ်ယောက်ရဲ့ ကြိုးစားမှုကို ၀တ္ထုအဖြစ် ဖွဲ့ထားတာပါ။ ၀တ္ထုဆိုတာ အလှည့်အပြောင်း၊ အကွေ့ အကောက်ကလေးတွေ ပါမှသာ ဖတ်လို့ကောင်းတဲ့ဝတ္ထုဖြစ် လာမှာပါ။ နောက်တစ်ခုပြောချင်တာကတော့ သက်တော် စောင့် ဆိုတဲ့ကလောင်နာမည်ကိစ္စပါ။ ဒီနာမည်ကို တကယ် ကြိုက်လို့ ဟုတ်မဟုတ် စဉ်းစားစေချင်ပါတယ်။ ပုံနှိပ်စာလုံး အဖြစ် ဖော်ပြပြီးကာမှ နောက်တစ်မျိုးပြောင်းမယ်ဆိုရင် နစ် နာသွားနိုင်ပါတယ်။ တစ်ခါတုန်းကလည်း သူငယ်ချင်း ဆို တဲ့ကလောင်နာမည်နဲ့ ပတ်သက်ပြီး ကျွန်တော် ပြောခဲ့ဖူးပါ တယ်။ ကလောင်နာမည်ဟာ ကိုယ့်နာမည်ဖြစ်တဲ့ အတွက် အလေးအနက် ထားကြစေချင်ပါတယ်။
နောက်တစ်ပုဒ်ကတော့ “မွေးနေ့ပွဲ”ဆိုတဲ့ဝတ္ထုတိုပါ။ စာ ရေးသူက စံပယ်ဖြူနု ဖြစ်ပါတယ်။ စံပယ်ဖြူနုက ၂၀၁၂ ခုနှစ် ရွှေအမြုတေ စာပေဆုပေးပွဲမှာ ၀တ္ထုတိုဆုရ ကလောင်ရှင် ဖြစ်နေတာကြောင့် ဒီဝတ္ထုကို ရွှေဝတ္ထုများဘက်သို့ ကျွန်တော် ပြောင်းထားလိုက်ပါတယ်။
ကျေးလက် ရေးသားတဲ့ “အလွမ်းပြာကောင်းကင်”၊ မော်မော့်မောင် ရေးသားတဲ့ “အရိပ်ပြဇာတ်”၊ သံလွင်သစ္စာ ရေးသားတဲ့ “ချစ်ခြင်း၏ ခါးသက်သောအရသာ” ၀တ္ထုသုံး ပုဒ်က ရွှေနှလုံးသားအတွက် ပေးပို့လာတဲ့ ၀တ္ထုများ ဖြစ်ပါ တယ်။ “အလွမ်းပြာကောင်းကင်”က တူနှစ်ကိုယ်နီးဖို့ ပြည်ပ ထွက်ပြီး အလုပ်လုပ်ကြရာမှာ မိန်းကလေးက စပွန်ဆာတစ် ဦးနဲ့ တွေ့သွားပုံကို ရေးဖွဲ့ထားပါတယ်။ မဆန်းပါဘူး။ မော် မော့မောင်ရဲ့ “အရိပ်ပြဇာတ်”က စိတ်ဝင်စားစရာဖြစ်လို့ သင့် တော်ရာလမှာ ရွှေနှလုံးသားကဏ္ဍက ဖော်ပြပေးပါမယ်။
သံလွင်သစ္စာက ရွှေနှလုံးသားအတွက် “ချစ်ခြင်း၏ ခါးသက်သောအရသာ”နဲ့အတူ “မဆုံးသောကွန်ယက်”၀တ္ထုကို လည်း ပေးပို့ထားတာ ဖြစ်ပါတယ်။ စည်းကမ်းချက်က ကွန် ပျူတာစာစီမယ်ဆိုရင် ၁၃ ပွိုင့်နဲ့ A-4 လေးမျက်နှာ(သို့မဟုတ်) ငါးမျက်နှာလို့ သတ်မှတ်ပေးထားပါတယ်။ သံလွင်သစ္စာက Legel ဆိုဒ်ကို သုံးထားတဲ့အပြင် ပွိုင့်ကလည်း ၁၀ လောက် ပဲ ရှိပါတယ်။ သတ်မှတ် စည်းကမ်းတွေနဲ့ မကိုက်ညီတဲ့ အပြင် မဂ္ဂဇင်း တိုက်ကို ပေးပို့ရာမှာ ကော်ပီ ပို့ထားတာ တွေ့ရပါတယ်။ ကော်ပီကူးတဲ့ နေရာမှာ တချို့နေရာတွေက စာများ မထင်ဘဲ အဖြူသက်သက် ဖြစ်နေပါတယ်။ ရွှေအမြုတေကို ပို့မှသာ မဟုတ်ပါဘူး။ စာရေး ၀ါသနာပါလို့ မဂ္ဂဇင်းများကို ပို့မယ် ဆိုရင် သတ်မှတ်ထားတဲ့ စည်းကမ်းများကို အတိအကျ လိုက်နာဖို့ လိုအပ်ပါမယ်။ ၂၀၁၀ က ပို့ထားတာဖြစ်ပြီး ၂ နှစ် ကြာမှ အကျိုးအကြောင်း ပြန်ကြားနိုင်တာကိုတော့ ကျွန်တော် စိတ်မကောင်းပါ။
မြင့်စိန်(ရေ၀န်း)ရဲ့ “နှုတ်ဆက်လက်ဆောင်”ကလည်း Legel စာရွက်ပေါ်မှာ လက်ရေးခပ်စိပ်စိပ်နဲ့ ၈ မျက်နှာ ရေးထားပါတယ်။ အိမ်မှာ နှစ်ရှည်လများ အိမ်ဖော်အဖြစ် လုပ်ကိုင်သွားတဲ့ မစော ဆိုတဲ့ အမျိုးသမီးတစ်ယောက် အကြောင်း ဖြစ်ပါတယ်။ ရိုးရိုးစင်းစင်းနဲ့ စိတ်ဝင်စားစရာ မရှိပါ။
အလင်းဆက်ရဲ့ “ပေးခွင့်မရသောအခါ” ၀တ္ထုက အကြော်သည်အမျိုးသမီးတစ်ယောက် သူ့သမီးကို သူ့လို အကြော်သည်မဖြစ်ဘဲ ပညာတတ်တစ်ယောက်ဖြစ်အောင် မွေး စားဖို့ သူများလက် ပေးလိုက်ပေမဲ့ သံယောဇဉ်မပြတ်နိုင်ဘဲ မူကြိုကျောင်းမှာ သွားကြည့်ပုံ ဖြစ်ပါတယ်။ မပြီးသေးတဲ့ ၀တ္ထုတစ်ပုဒ်လိုပါပဲ။ ပြီးပြည့်စုံမှု မရှိဘူးလို့ ခံစားရပါတယ်။ တချို့ဝတ္ထုများက စာဖတ်ပရိသတ် ဆက်တွေးလို့ ရအောင် ဖြတ်ထားခဲ့တာတွေ ရှိပါတယ်။ ဒီဝတ္ထုကတော့ အဲဒီလို ဆက်တွေးရမယ့် ၀တ္ထုလည်း မဟုတ်ပြန်ပါဘူး။
ဆရာ ခိုင်သွေးကိုရဲ့ “နေရာလေးတစ်ခု”ကို ဖတ်ရပါ တယ်။ ထုံးစံအတိုင်း လူတွေကြပ်ညပ်နေတဲ့ ဘတ်စ်ကားပေါ် မှာ ကြာကြာမတ်တတ်မရပ်နိုင်တဲ့ လူတစ်ယောက်က နေရာ ရသွားတဲ့အခါမှာ ကိုယ်ဝန်ဆောင်မိခင်လောင်း၊ သံဃာတော် တို့ကိုတောင် မမြင်ယောင်ဆောင်ပြီး ထိုင်နေမိပုံ ရေးသားထား တာပါ။ ထူးခြားမှု၊ ဆန်းသစ်မှု၊ ခံစားမှု မရှိပါ။
ဒီလမှာ ခါတိုင်းလတွေလို သုံးပုဒ်လောက် ဖော်ပြချင် ပေမဲ့ စိတ်ကြိုက်တစ်ပုဒ်မှ မတွေ့ပါ။ မချစ်သော်လည်း အောင့် ကာ နမ်းဆိုသလို ကျွန်တော့်စိတ်ကြိုက် မဖြစ်သည့် တိုင်အောင် အတန်အသင့်ကောင်းတဲ့ဝတ္ထုကို ဖော်ပြဖို့ ကြိုးစားပေမဲ့ မကြိုက်တာကို မကြိုက်ဘူးလို့ပဲ ပြောချင်တာကြောင့် ရွှေအသစ် ကဏ္ဍမှာ ဖော်ပြဖို့ ဘယ်လိုမှ ရှာမတွေ့ပါကြောင်း တင်ပြလိုက် ပါတယ်။
ဝင်းငြိမ်း (ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)
|
ဝင်းငြိမ်း |
| About the author: |
| | |
|
Last Updated on Thursday, 05 July 2012 16:53 |