(July-2012)သူတို့အရေး PDF Print E-mail
Written by အောင်သန်းထွန်း   
Thursday, 05 July 2012 14:40
Share |

ဆေးနှင့် ဂီတမြူးတဲ့ ည
မြန်မာနိုင်ငံ ဆရာဝန် အသင်းက ကြီးမှူးပြီး နှစ်စဉ်ပူဇော် ကန်တော့နေကြ သက်ကြီး ဆရာဝန်ကြီးများကို အရင်က ထက်ပိုမို လှူဒါန်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရန်ပုံငွေ ရှာတဲ့ ဂီတပွဲကို ဇွန်လ ၉ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်က ရန်ကုန်မြို့ မြို့မ ကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပ ခဲ့ပါတယ်။

buy cialis onlinecialis 20mg order viagra tadalafil tablets
argaiv1185

ဒီပွဲကို ဆေးနှင့်ဂီတ မြူးတဲ့ည လို့အမည်ပေးထားပြီး 21 Playboy အဖွဲ့၊ အင်ပါယာ အဖွဲ့၊ Plus Three အဖွဲ့တို့ရဲ့ တီးခတ်မှုနဲ့ အတူ ပလေးဘွိုင်းသန်းနိုင်၊ ဗစ်တာခင်ညို၊ စိန်ဝင်းထွန်း၊ စိုးပိုင်၊ ဘိုဘိုဟန်၊ ကံ့ကော်တောမျိုးအောင်၊ ခိုင်ထူး၊ ခင်မောင်ထူး၊ ပီတာဘသိန်း၊ ဇော်ဝင်းထွဋ်၊ ဆောင်း ဦးလှိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊ R ဇာနည်၊
L လွန်းဝါ၊ ရဲအောင်၊ ဖိုးသောကြာ၊ စန္ဒရား သိန်းမြင့်သန်း၊ ချိုပြုံး၊ မေခလာ၊ သန်းသန်းနွယ်၊ ဖြူဖြူကျော်သိန်း၊ ချစ်သုဝေ၊ နီနီခင်ဇော်စတဲ့ တေးသံရှင်များ ဖျော်ဖြေ ပေးခဲ့ကြပါတယ်။ ဆရာဝန်ကြီးများကို ပူဇော် ကန်တော့နိုင်ဖို့ ကျင်းပတာ ဖြစ်တဲ့အတွက် ဆရာဝန်များနဲ့ သူတို့ မိသားစုများ၊ ဂီတ ချစ်သူများ လာရောက်အား ပေးခဲ့ကြပြီး တေးသံရှင်ကြီးများကို လက်ဆောင် ပန်းစည်းများ၊ ဆုတော်ငွေများ ချီးမြှင့် အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဗီစီဒီ အနေနဲ့ပဲ ထွက်မယ့  စိုးပြည့်သဇင်ရဲ့ တစ်ကိုယ်တော် စီးရီး
စိုးပြည့်သဇင်က ချစ်သူရွေးမယ်ဆိုတဲ့ တစ်ကိုယ်တော် စီးရီးအတွက် အသံ သွင်းယူမှု အားလုံး ပြီးစီး သွားပေမယ့် စီဒီ အနေနဲ့ မထွက်ရှိသေးဘူးလို့ ဆိုပါတယ်။ စီဒီ အနေနဲ့ ထွက်တဲ့အခါ ကိုရီးယား အရုပ်တွေနဲ့ အခြား ဇာတ်ကားတွေက ဇာတ်ဝင်ခန်းတွေနဲ့ ပေါင်းပြီး ဗီစီဒီ ခိုးကူး ဖြန့်ချိလိုက်မှာ စိုးတာကြောင့် စီဒီ အနေနဲ့မထွက်ဖြစ်တာပါ။ ချစ်သူရွေးမယ် ဗီစီဒီအတွက် ရိုက်ကူးမှုမှာ သီချင်းနဲ့ လိုက်ဖက်မယ့် MTV ပုံစံမျိုးတွေကို ရိုက်ကူးဖို့ စိုးပြည့်သဇင်က စီစဉ် ထားပါတယ်။ “ပရိသတ်ကို အကောင်းဆုံး ပေးချင်တာကြောင့် အချိန်ယူ ပြင်ဆင်နေတာပါ။ ၂၀၁၂ ခုနှစ် မကုန်ခင် အတွင်း ထွက်နိုင်အောင် ကြိုးစား သွားပါမယ်။ ဗီစီဒီ ရိုက်ကူးတဲ့ အခါမှာ ကိုယ်တိုင်လည်း ပါဝင် သရုပ်ဆောင်မှာ ဖြစ်သလို အစ်မတွေ ဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်တို့ကိုလည်း လိုက်ဖက်တဲ့ သီချင်းများမှာ အမှတ်တရ အနေနဲ့ ထည့်သွင်း ရိုက်ကူး သွားချင်ပါတယ်” လို့ စိုးပြည့်သဇင်က ဆိုပါတယ်။

စင်ကာပူနိုင်ငံ ရုပ်ရှင်ပွဲတော်မှာ ပြသမယ့်ဇာတ်ကားသုံးကား
စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် မြန်မာရုပ်ရှင် ပွဲတော်မှာ အာဒမ်ရယ် ဧ၀ရယ် ဒသရယ်၊ ကျွန်တော့်ယောက္ခမနှင့် သူ၏ ဗိုင်းရပ်စ်များ၊ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ် ဆိုတဲ့ ဇာတ်ကား သုံးကားကို ပြသမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကား ၃ ကားမှာ ပြေတီဦးက အဓိက သရုပ်ဆောင် အနေနဲ့ ပါဝင် သရုပ်ဆောင် ထားတာပါ။ “စင်ကာပူမှာ ရောက်နေတဲ့ မြန်မာတွေ ဒီဇာတ်ကားတွေကို ကြည့်မယ် ဆိုရင်တော့ အောင်မြင်မှာပါ။ ဒါပေမဲ့ နိုင်ငံခြားသားတွေ အတွက်တော့ ကောင်းချင်မှ ကောင်းလိမ့်မယ်။ သူတို့ရဲ့ သရုပ်ဆောင်မှု အခြေခံ အချက်တွေနဲ့ ကျွန်တော်တို့ရဲ့ သရုပ်ဆောင်မှု အခြေခံအချက်တွေက လုံးဝ မတူဘူး။ဆက်တင် အပြင်အဆင်၊ နောက်ခံ တီးလုံးနဲ့ ကင်မရာ ရိုက်ချက်တွေရဲ့ ပံ့ပိုးမှုအားက ကျွန်တော်တို့ နိုင်ငံမှာလို သူတို့တွေဆီမှာ နင့်နင့်နဲနဲ ပြစရာ မလိုဘူး။ အဲဒီတော့ နိုင်ငံခြားသား တစ်ယောက် အမြင်နဲ့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့သရုပ်ဆောင်မှုတွေက ပိုပိုသာသာ ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပရိသတ်နဲ့တော့ ကွက်တိပဲ။ ကျွန်တော်တို့ နိုင်ငံမှာက ခပ်ပါးပါး သရုပ်ဆောင်မှုတွေကို ကြိုက်တဲ့ ပရိသတ်တွေ အရမ်း နည်းနေသေးတော့ နိုင်ငံခြား ဇာတ်ကား ကြိုက်တဲ့ ပရိသတ်တွေ အရမ်း နည်းနေသေးတယ်လို့ ပြောရမှာပေါ့”လို့ ပြေတီဦးက စင်ကာပူမှာ ရုံတင်ပြသတဲ့ အခါ ပရိသတ်ရဲ့ တုံ့ပြန်မှု ဘယ်လိုရှိနိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

ခံစားချက်တွေကို ဘောင်ခတ်ထားတဲ့ ပန်းချီ ဆရာမ ခင်ဘုဏ်း
သီချင်းတွေဆို သီချင်းတွေ ရေးပြီး ဂီတ အနုပညာ အလုပ်တွေကို လုပ်ကိုင်နေတဲ့ တေးသံရှင် ခင်ဘုဏ်းက ပန်းချီအနု ပညာကိုလည်း စိတ်ဝင်စားပြီး ပန်းချီကားတွေကို ရေးဆွဲ ဖန်တီးဖြစ်ပါတယ်။ သူ ရေးဆွဲထားတဲ့ ပန်းချီကားအချို့ကို World Environment Day နှစ် ၄၀ ပြည့် အမှတ်တရ ဂုဏ်ပြုပွဲ အဖြစ် ကျင်းပတဲ့ Green Future Art & Environment Festival မှာ ပြသခဲ့ပါတယ်။ ပန်းချီပညာကို စနစ်တကျ သင်ယူထားခဲ့တာ မဟုတ်ပေမယ့် ၀ါသနာ အရ၊ စိတ်ခံစားမှု အရ အမြင်နဲ့ အတွေး စိတ်ကူးပေါင်းစပ်ပြီး ပန်းချီတွေကို ရေးဆွဲတာ ဖြစ်တယ်လို့  ခင်ဘုဏ်းက ဆိုပါတယ်။ ပန်းချီကို ခဲနဲ့ဆွဲခဲ့တာ များပေမယ့် ၂၀၀၈ ခုနှစ်နောက်ပိုင်းကျမှ ဆေးနဲ့ဆွဲတဲ့ Painting ပိုင်းကို ခင်ဘုဏ်း က စဆွဲဖြစ်တာပါ။ ‘ပန်းချီ အကြောင်း အများကြီး မသိပေမယ့် လည်း အရမ်းဆွဲချင်တယ်။ ပန်းချီဆွဲရတာက လွတ်လပ်တဲ့ ခံစားမှုကို ရရှိတယ်၊ အရမ်းမြတ်နိုးတယ်”လို့ ခင်ဘုဏ်းက ဆိုပါတယ်။ ခင်ဘုဏ်းက အချစ်သစ်ပင် ဆိုတဲ့ တစ်ကိုယ်တော် စီးရီးအတွက် သီချင်းတွေကိုယ်တိုင်ရေးဖြစ်နေပြီး ၇ ပုဒ် လောက်တော့ အနည်းဆုံးပါမှာ ဖြစ်ပါတယ်။ ခင်ဘုဏ်းရဲ့ သီချင်းတွေအတွက် ၀ိုင်းဝန်းပံ့ပိုးပြီး တီးခတ်ပေးတဲ့သူလည်း ဖြစ်၊ ခင်ပွန်းသည်လည်း ဖြစ်တဲ့သူက အလုပ်ကိစ္စနဲ့ ပြည်ပ ရောက်နေတာ တစ်နှစ်ကျော်ကြာနေပြီဖြစ်တာကြောင့် သီချင်း တွေကို တစ်ယောက်တည်းလုပ်နေရတဲ့အတွက် အခုအချိန်မှာ မထွက်ဖြစ်တာလို့ သိရပါတယ်။

ရုပ်ရှင်အစည်း အရုံး နာယက အဖြစ်မှ နုတ်ထွက်စာ တင်တဲ့ ဒါရိုက်တာ ကြည်စိုးထွန်း
မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဆိုင်းဘုတ်ရဲ့အောက်မှာ လွတ်လပ်သော အနှောင်အဖွဲ့ ကင်းသော အဖွဲ့အစည်း တစ်ခုကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ ယုံကြည်တဲ့ အတွက် ဒါရိုက်တာ စည်သူ အကယ်ဒမီ ကြည်စိုးထွန်းနဲ့ နာယကကြီး ၈ ဦးတို့က ဦးဆောင် လုပ်ကိုင်ခဲ့ကြပါတယ်။ ဦးကြည်စိုးထွန်းက အခုချိန်ခါမှာတော့ မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံးနာယကအဖွဲ့မှာ နာယက အဖြစ်  မဆောင်ရွက်နိုင်တော့ကြောင်း နှုတ်ထွက်စာ တင်ခဲ့ပါတယ်။ ယခု အမှုဆောင်သစ်များကို ဦးကြည်စိုးထွန်းနဲ့ နာယက အဖွဲ့များက ဖွဲ့စည်းတည်ထောင် ပေးခဲ့တာ ဖြစ်ပေမဲ့ ရုပ်ရှင် လောကသားတွေက ဒီနာမည်လေး ကောင်းမယ်လို့ ယူဆပြီး တစ်လောက သားလုံးက ကျေနပ်ကြမယ် ဆိုရင်တော့ သူ့အတွက် ပြဿနာ မရှိကြောင်း၊ တစ်ဦးတစ်ယောက်ရဲ့ အမိန့်သော်လည်း ကောင်း၊ အာဏာသော်လ ည်းကောင်း၊ ဆွဲဆောင်မှု သော်လည်း ကောင်း၊ သွေးဆောင်မှုကြောင့် သော်လည်းကောင်း၊ ရုပ်ရှင် အစည်းအရုံးရဲ့ နာမည်ကို ပြောင်းမယ် ဆိုရင်တော့ ဆက်လက် လုပ်ကိုင်နိုင်တော့မှာမဟုတ်ကြောင်း၊ သူကိုယ်တိုင်က လွတ်လပ်မှုကို မြတ်နိုးပြီး အနှောင်အဖွဲ့ ကင်းတာကို သဘော ကျတဲ့ လူတစ်ယောက်ဖြစ်လို့ နုတ်ထွက်စာ တင်လိုက်တာဖြစ် ကြောင်း ဦးကြည်စိုးထွန်းက ပြောပြခဲ့ပါတယ်။      

ရခိုင်ပြည်နယ် အတွက် လှူဒါန်းခဲ့ကြတဲ့ အနုပညာရှင်များ
ရခိုင်ပြည်နယ်အတွင်း ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများမှာ အသုံးပြုနိုင်ဖို့ အတွက် လိုအပ်တဲ့ ငွေကြေးနဲ့ အသုံးအဆောင် ပစ္စည်းများကို အနုပညာရှင်များက လှူဒါန်းခဲ့ကြပါတယ်။ ဇွန်လ ၁၃ ရက်မှာတော့ စစ်တွေမြို့ရှိ တိမ်းရှောင်လာသူများကို ယာယီ နေရာ ချထားပေးတဲ့ ကယ်ဆယ်ရေး စခန်းများမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ပုဂ်္ဂလိကဘောလုံးအသင်းများရဲ့ အသင်းပိုင်ရှင်များနဲ့အတူ ဒါရိုက်တာဝိုင်း၊ အကယ်ဒမီ ပြေတီဦးတို့က ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပြီး အားပေးနှစ်သိမ့်စကားများပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွက် လှူဒါန်းမှုများမှာ ဒါရိုက်တာ ၀ိုင်းက ငွေကျပ် ၁၅ သိန်း၊ ပြေတီဦးက ငွေကျပ် သိန်း ၂၀ လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဇွန်လ ၁၄ ရက်နေ့မှာတော့ ခန့်စည်သူနဲ့ အနုပညာရှင်များဖွဲ့စည်းထားတဲ့ မေတ္တာသင်္ဂဟအဖွဲ့က အလှူ ငွေများ လှူဒါန်း ခဲ့ပါသေးတယ်။ မေတ္တာသင်္ဂဟအဖွဲ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် န၀ဒေးလမ်းရှိ မြန်မာနိုင်ငံ မီးသတ်ဌာန ရုံးချုပ်ခန်းမမှာ ရခိုင်ပြည်နယ် အတွက် ငွေကျပ် သိန်း ၄၀ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။   

မောင်မျိုးမင်းနဲ့ ဟိန်းဝေယံတို့ရဲ့ အလွမ်းစကား မပြောကြေး
မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးအတွက် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က အလွမ်းစကား မပြောကြေး ဆိုတဲ့ ဇာတ်ကားကို ဟိန်းဝေယံ၊ ဖွေးဖွေးတို့နဲ့ ရိုက်ကူးနေပါတယ်။ ဟိန်းဝေယံက ဒီဇာတ်ကားမှာ ပိုက်ဆံ ရှိပေမယ့် စုတ်စုတ်ပြတ်ပြတ်၊ ဖိုသီဖတ်သီ ၀တ်စားတတ်တဲ့ လူအဖြစ် သရုပ် ဆောင်ထားသလို ဖွေးဖွေးက မျက်မှန် ထူထူတပ်၊ သွားခေါခေါ ကောင်မလေး အဖြစ် သရုပ်ဆောင် ထားပါတယ်။ ဟိန်းဝေယံနဲ့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)တို့ ပထမဆုံး ဆုံစည်းတာ ဖြစ်တဲ့အတွက် ဟိန်းဝေယံကို မြင်ဖူးနေကျ ပုံစံမျိုးနဲ့ မဟုတ်တဲ့ ပုံစံမျိုး မြင်တွေ့ရအောင် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က စီစဉ် ထားတာဖြစ် ပါတယ်။ လူတွေက လွမ်းတဲ့အကြောင်းကို ပြောတဲ့အခါ လွမ်းရတဲ့ အရသာခံပြီး ပြောကြတယ်။ တကယ်တမ်းမှာတော့ လူတွေ အားလုံးက ပျော်ချင်ကြတာပါ။ တစ်ယောက်နဲ့ တစ်ယောက်က တစ်ယောက်ချစ်သူကို ဘယ်လောက် လွမ်းတယ်ဆိုတဲ့ အကြောင်း အမြဲတမ်း ပြောနေကြတယ်။ အဲဒီကာလတွေ ကုန်ဆုံးသွားပြီး တကယ့် အချစ်စစ်ကို တွေ့သွားတဲ့ အချိန်မှာတော့ အလွမ်းစကား မပြောကြေးဆိုတဲ့ အကြောင်းကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ရိုက်ကူးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဂျူးရဲ့ ပင်လယ်နဲ့ တူသော မိန်းမများကို ပြန်လည်ခံစားနိုင်တော့မယ်
စာအုပ်ဆိုင်တွေမှာ ရှာလို့ မရတော့သလို အဟောင်းဆိုင် တွေမှာ ဈေးကြီးပေး ၀ယ်နေရတဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ ပင်လယ်နဲ့ တူသော မိန်းမများ စာအုပ်ကို ဒုတိယ အကြိမ် ပြန်လည် ထုတ်ဝေဖို့ စာရေးဆရာမ ဂျူးက စီစဉ် ထားပါတယ်။ စာပေ လွတ်လပ်ခွင့်တကယ်သာရှိမယ် ဆိုရင် ဆရာမလက်ထဲမှာလည်း မရှိတော့တဲ့ ပင်လယ်နှင့်တူသောမိန်းမများ ၀တ္ထုကို ပြန်ထုတ်ဖို့ စဉ်းစားထားပါတယ်။ အဲဒီဝတ္ထုကို ၁၉၉၅ လောက်က ထုတ်ဝေခဲ့တာ ဆိုတော့ တချို့ပရိသတ်တွေက မသိကြတော့ဘူး။ အဲဒါကြောင့်မို့လို့ ဒီစာအုပ်ကို ဒုတိယအကြိမ် ပြန်ထုတ်ဖို့ စဉ်းစားတာပါလို့ စာရေးဆရာမ ဂျူးက ဆိုပါတယ်။ ပင်လယ်နှင့်တူသော မိန်းမများ ၀တ္ထုထဲကလို အမျိုးသမီးသူရဲကောင်းတွေ မြန်မာနိုင်ငံမှာ ရှိခဲ့ဖူးသလို ရှိလည်း ရှိနေတယ်။ အများကြီးထက်ပြီး ပေါ်လာစေချင်တဲ့ဆန္ဒတွေနဲ့ ဒီစာအုပ်ကို ဆရာမက ဒုတိယအကြိမ် ပြန်ထုတ်ဖို့ စဉ်းစားတာဖြစ်ကြောင်း သိရပါတယ်။

အင်္ဂလန်သွားကြမယ့် IC အဖွဲ့သားများ
စင်ကာပူ နိုင်ငံမှ Chinhill Collection  နဲ့ Ms. Sweety Rose တို့မှ ပူးပေါင်းပြီး အင်္ဂလန် နိုင်ငံ၊ လန်ဒန်မြို့မှာ Iron Cross တေးဂီတ အဖွဲ့တီးခတ်မှုနဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့ သီဆို ဖျော်ဖြေသွား ကြမယ့် IC Show နဲ့ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ က ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ PARKROYAL Hotel မှာ ကျင်းပခဲ့ပါတယ်။ IC အဖွဲ့ အနေနဲ့ အင်္ဂလန် နိုင်ငံမှာ မဖျော်ဖြေဖြစ်တာ ၄ နှစ်လောက်ကြာပြီ ဖြစ်တာကြောင့် အင်္ဂလန်ရောက် မြန်မာ ပရိသတ်တွေရဲ့ တောင်းဆိုမှုနဲ့ ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ကိုရိုနက်သီရေတာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ကိုရိုနက် သီရေတာက ပရိသတ်  ၂၀၀၀ ကျော်ဆံ့တဲ့ ဖျော်ဖြေရေး နေရာဖြစ်သလို ကမ္ဘာကျော် အဆိုတော် များ ဖျော်ဖြေ တင်ဆက် ပေးနေကျ နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်ကျော်က အင်္ဂလန် နိုင်ငံကို IC အဖွဲ့သွား ရောက်ဖျော်ဖြေဖြစ်ခဲ့ပြီး အဲဒီ အချိန်တုန်းက လေးဖြူမပါဘဲ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့ သုံးယောက်တည်း ဖျော်ဖြေခဲ့ရလို့ သိပ်အားရ ကျေနပ်မှု မရှိခဲ့ကြောင်း၊ အခုအခါမှာတော့ လေးဖြူ ကိုယ်တိုင်ပါဝင် သီဆိုမှာဖြစ်လို့ စုစုစည်းစည်းနဲ့ ပိုပြီးသွားချင်ကြကြောင်း၊ ဆိုတဲ့ အခါမှာလည်း တစ်ဖွဲ့လုံး စုံညီသွားပြီဖြစ်လို့ အသင်းသားများ စိတ်ဓာတ် အပြည့်နဲ့ အားလုံးဝိုင်းဝန်းပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေသွားဖို့ စီစဉ်ထားကြောင်း၊ လေးဖြူ ကိုယ်တိုင်ကလည်း ဆိုတဲ့နေရာမှာ ပွဲရဲ့ အနိမ့်အမြင့် အတက်အကျ ဆွဲဆောင်မှုတွေကို ပိုပြီး လုပ်နိုင်သူဖြစ် လို့ လေးဖြူပါရင် အားလုံးကလည်း ပိုပြီး တက်ကြွကြတာ ဖြစ်ကြောင်း မျိုးကြီးက ပြောပြခဲ့ပါတယ်။ အင်္ဂလန် နိုင်ငံမှာ ဇူလိုင်လ ၁၄ ရက်နေ့ည တစ်ညတည်း သွားရောက်ဖျော်ဖြေကြ မှာဖြစ်ပြီး အင်္ဂလန်နိုင်ငံမှ ပြန်ရောက်လာခဲ့ရင်တော့ Chinhill Collection နဲ့ Ms. Sweety Rose တို့ရဲ့စီစဉ်မှုနဲ့ပဲ အမေရိကန် နိုင်ငံ တစ်ဝန်းကို ဇူလိုင်လ တတိယပတ် လောက်မှာ ရက်ရှည် ခရီးအဖြစ် သွားရောက် ဖျော်ဖြေပေး သွားကြဖို့ စီစဉ် ထားကြသေးတယ်လို့ သိရပါတယ်။                                   

အောင်သန်းထွန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)