ဝတ္ထုတိုဆုရှင် စံပယ်ဖြူနုနှင့် တွေ့ဆုံခြင်း PDF Print E-mail
Written by အောင်သိုက်   
Tuesday, 10 July 2012 12:54
Share |

ဖူးငုံ ပရိသတ် အတွက် ငယ်ငယ် ကတည်းက ရည်မှန်းချက်ကို အကောင် အထည်ဖော်ပြီး

50mg tadalafildrugstore online viagra price tadalafil tablets
argaiv1716

တစိုက်မတ်မတ် ကြိုးစားလို့ အောင်မြင်မှု ပန်းတိုင်တစ်ခု စိုက်ထူနိုင်ခဲ့သူ စာရေး ဆရာမ စံပယ်ဖြူနုကို အတုယူ အားကျဖွယ်ကောင်းသူ တစ်ယောက် အဖြစ် ဖော်ပြလိုက်ပါတယ်။

“ကျွန်မ နာမည် အရင်းက ဖြူနုပါ။ စာရေးတာကို ငယ်ငယ်ကတည်းက ၀ါသနာပါတာ။ အလယ်တန်း အရွယ်တုန်းက ဘာဖြစ်ချင်လဲလို့ ဆရာမက မေးတော့ စာရေးဆရာမ ဖြစ်ချင်တယ်လို့ ဖြေခဲ့တာ။ အထက်တန်းနဲ့ တက္ကသိုလ်မှာ ကတည်းက စာစ ရေးဖြစ်တာ”လို့ ပြောတဲ့ စံပယ်ဖြူနုဟာ မန္တလေး နိုင်ငံခြား ဘာသာ တက္ကသိုလ် အင်္ဂလိပ်စာ အထူးပြုနဲ့ ကျောင်းပြီးထားသူ ဖြစ်ပါတယ်။ တက္ကသိုလ်မှာ ကတည်းက ကဗျာတွေရေးပြီး စာအုပ်ထုတ်လို့ သူငယ်ချင်းတွေကို ဖြန့်ဝေ ဖူးပါတယ်လို့ ၀ါသနာ အကောင်အထည် ဖော်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး ပြောပါတယ်။ ၂၀၁၂ ခုနှစ် ရွှေအမြုတေဆုရ ၀တ္ထုတိုနဲ့ ပတ်သက်ပြီး “အပြန်လမ်း ဘယ်မှာ လမ်းဘယ်မှာကို ကျွန်မ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလထဲမှာ ရေးခဲ့တယ်။

အဲဒီအချိန်တုန်းက ကျွန်မတို့ ကချင်ပြည်နယ်မှာက အခြေအနေတွေ ပိုဆိုးနေချိန်ပေါ့။ မိသားစုတွေနဲ့ မိတ်ဆွေတွေ ကနေတစ်ဆင့် ကြားရတယ်။ လူတွေ ပြေးရတဲ့ အကြောင်း၊ ကယ်ဆယ်ရေး ၀န်ထမ်းတွေ အကြောင်း၊ ဆန်မရှိတော့ဘူး။ တဲမှာ အခင်း မရှိလို့ မြေပေါ်အိပ်နေတဲ့ သူတွေတောင် ရှိတယ် ဆိုတာမျိုးတွေပေါ့။ ကျွန်မ ဘယ်လို ခံစားရမှန်း ပြောမပြတတ်ဘူး။ ဒါပေမဲ့ ကျွန်မ ဘာမှလုပ်ပေးနိုင်စွမ်း မရှိဘူးပေါ့။မခံစားနိုင်တဲ့ အဆုံး ဒီစာကို ကျွန်မ ရေးဖြစ်တယ်။ ကျွန်မ စစ်အကြောင်းကို အရိပ်အမြွက်ပဲပြပြီး ကြားထဲက မြေစာပင်တွေ အကြောင်းပဲ ပြောချင်တာ။

ဒါကြောင့် ဖိုးနီလေးကို ဇာတ်ကောင်အဖြစ် ထားခဲ့တယ်။ ကျွန်မ ပြောပြနိုင်တဲ့ ပတ်ဝန်းကျင်မျိုးက  ရှမ်းဗမာကလေး ဖြစ်သွားတယ်။ ကချင်ကလေး ဆိုရင်တော့ ပီပြင်မယ် မထင်ဘူး။ ဖိုးနီဟာ ကျွန်မ ဖြစ်နေသလိုပဲ တခြား ၀တ္ထုတွေ ရေးရင်ကြာတယ်။ ဒီဝတ္ထုကတော့ နှစ်ရက်လောက်နဲ့ အကြမ်းရေးလို့ ပြီးသွားတယ်။ စာချော ရေးပြီး သွားပြန်တော့ ကျွန်မမှာ သောကတစ်ခု ရှိလာတယ်။ စာမျက်နှာပေါ် ရောက်ဖို့ ခက်မလား၊ ကျွန်မ စိုးရိမ်နေတာပေါ့လေ။ စစ်ဆိုတာ ပြောပြထားတာ မဟုတ်ပဲနဲ့ ဖတ်လိုက်တာနဲ့ ဒါစစ် အကြောင်းပဲလို့ သိနေတာမျိုးကို “အပြန်လမ်း” နဲ့ ပတ်သက်ပြီး အသိအမှတ် ပြုမှုကို ရေးတဲ့အခါ ဒီစာမူကို ထည့်သွင်း ဖော်ပြပါမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ ဖူးငုံအယ်ဒီတာ အဖွဲ့ကိုလည်း ကျေးဇူးတင်ပါ တယ်”လို့ ဆုရ၀တ္ထုတိုနဲ့ ပတ်သက်ပြီးပြောပြပါတယ်။ ကလောင်အမည် အမျိုးမျိုးနဲ့ အပျိုစင်၊ သရဖူစတဲ့ မဂ္ဂဇင်းတွေမှာ ရေးခဲ့တဲ့ ဆရာမဟာ ယခုအခါ စံပယ် ဖြူနုဆိုတဲ့ ကလောင် အမည်နဲ့ဖူးငုံ ဆယ်ကျော် သက်၊ ချယ်ရီ၊ ရနံ့သစ်နဲ့ ရတီစတဲ့ မဂ္ဂဇင်းတွေမှာ ၀တ္ထုတိုအပုဒ် သုံးဆယ်ကျော် ဖော်ပြနိုင်ပြီလို့လည်း ဆိုပါတယ်။

စာစ ရေးဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး“ကျွန်မစာတွေ ပုံမှန်စရေးတယ်လို့ ပြော ရမယ့် ၂၀၀၄ ခုနှစ်မှာက ကဗျာတစ်ပုဒ်၊ ၀တ္ထုတို နှစ်ပုဒ်လောက်ပဲ ဖော်ပြ ခံရသေးတယ်။ အစမှာတော့ အချစ်အကြောင်းပေါ့။ ဒါပေမဲ့ ကိုယ့်စာကို မကြိုက်ဘူး။ ကျွန်မ လူမှုဘ၀ထဲကအကြောင်းတွေကို ပိုအားသန်တယ်။ ရေးချင်တယ်။ ၂၀၀၇ မှာ စာတွေ ပိုရေးဖြစ်တယ်။ အဲဒီမှာ ဖူးငုံကို ကျွန်မ တွေ့တာက ကလောင်သစ်တွေကို နေရာ ပေးပါလားဆိုပြီး စပြီး ပို့ဖြစ်ခဲ့တာ ပေါ့။ စပို့တဲ့ စာလေး ဖော်ပြခံရတဲ့ နောက်မှာ ထပ်ထပ်ပို့ဖြစ်တော့တာပဲ။ ကလောင်သစ် တစ်ယောက် အနေနဲ့က စိုးရိမ်စိတ် ရှိတာပေါ့။ အဲဒီ အချိန်မှာ နေရာ ပေးဖော်ပြခဲ့တာဟာ အသစ်တစ်ယောက် အနေနဲ့ အများကြီး ခွန်အားရခဲ့တယ်” ဟု ဆိုပါသေးတယ်။

အချစ် ကဗျာတွေက စလို့ ခံစာချက်ဝတ္ထုတွေ ရေးဖြစ်တဲ့ စာရေးဆရာမ စံပယ်ဖြူနုဟာ စာရေးဆရာ ဒဂုန်တာရာ၊ ဒေါ်ကြည်ကြည်အေး၊ ဂျာနယ်ကျော် မမလေးတို့ရဲ့ စာပေကအစ စာရေးဆရာပေါင်း များစွာတို့ရဲ့စာပေတွေကိုလေ့ လာဖြစ်တယ်လို့လည်း ဆိုပါတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ နိုင်ငံရေး ဘက်မှာလည်း စိတ်ဝင်စားမှုရှိပြီး တတ်နိုင်သလောက် ပရဟိတ လုပ်ငန်းတွေလည်း လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ယခုနှစ် ရရှိတဲ့ ဆုငွေသုံးဖြစ်ပုံနှင့်ပတ်သက်၍ မေးမြန်းရာမှာတော့ ပရဟိတစိတ် ရှိတဲ့ စာရေး ဆရာမ စံပယ်ဖြူနုဟာ ဆုကြေးငွေရဲ့တစ်ဝက်ခန့်ကို မွေးရပ်မြေရွာ စာသင်ကျောင်း၊ မိုးမောက်၊ ဗန်းမော်၊ ၀ိုင်းမော်နဲ့ နယ်စပ်စစ်ပေး ဒုက္ခသည် စခန်းများ၊ သုခရိပ်မြုံ ပရဟိတကျောင်းနဲ့ ဒလမြို့ရေအလှူတို့မှာ ခွဲဝေ လှူဒါန်းဖြစ်ခဲ့တယ်လို့လည်း ဖြေပါတယ်။

စာရေး ဆရာမ စံပယ်ဖြူနုရဲ့ အကြောင်း တစ်စေ့တစောင်းကို ဖူးငုံတို့ အတုယူဖွယ် စာဖတ် ပရိသတ်တွေ လေးစားဖွယ် တင်ပြလိုက်ပါတယ်။ ဖူးငုံတို့ ပရိသတ်တို့အတွက် ရွေးချယ်မှုနဲ့ အောင်မြင်မှု စိုက်ထူနိုင်သူ ရည်မှန်းချက်နဲ့ ကြိုးစား အောင်မြင်နိုင်မှုတို့ကို ဖော်ပြပေးတဲ့ အခါမှာ တစ်စုံတစ်ခုသော အကျိုး ရမယ့် အလှည့်အပြောင်း ခံစားမှုတွေ ရရှိပါစေလို့ ဆုတောင်းရင်း နိဂုံချုပ်လိုက် ပါတယ်။

 

အောင်သိုက်
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)