ခမည်းတော် ဘုရား သိင်္ဂီ PDF Print E-mail
Written by မောင်သန်းဆွေ (ထားဝယ်)   
Friday, 27 July 2012 15:34
Share |

တစ်နေ့တွင် အစ်ကိုကြီး ဦးစိန်မောင်ဦး (ရှေးဟောင်း သုတေသန-ငြိမ်း)က ဖုန်းဆက်ပါသည်။

generic tadalafilbuy cialis over the counter viagra buy cheap cialis online
argaiv1607


“ညီလေးရေ”
“ဟုတ်ကဲ့၊ ပြောပါအစ်ကိုကြီး”
“ပဒေသရာဇာ-ဘွဲ့ကြိုး၊
ငအောင်ဖြိုး-သာချင်း၊
ငမင်း-လေးချိုး၊ ငစံသူ-မှာစာ၊
ငကြာ-လွမ်းချင်းတထွေ၊
မိခွေဆို-အဲ၊ ခမည်းတော်ဘုရား
-သိင်္ဂီ၊ မြ၀တီ-သံဆန်း၊
ငလန်းစာ-ဆေးလင်္ကာဆိုတာ ကြားဖူးတယ် မဟုတ်လား”

“ကြားဖူးပါတယ် အစ်ကိုကြီး”
“အဲဒါ ဘယ်သူ စာချိုးခဲ့တယ် ဆိုတာ သိလား”
“မသိဘူး၊ အစ်ကိုကြီး”

“စာချိုးခဲ့တဲ့သူက ညီလေးတို့နဲ့ မကင်းတရား ရှိသူပေါ့”

“ဘယ်သူများပါလိမ့် အစ်ကိုကြီးရယ်”
“အိမ်ရှေ့အတွင်းဝန် ဦးသင်လေ”
“ဟုတ်လား၊ ကျွန်တော် ဒီစာချိုးကို ကြားဖူးပေမဲ့၊ ဦးသင်ချိုးတဲ့
စာဆိုတာတော့ အခုအစ်ကိုကြီး ပြောမှပဲ သိရတော့တယ်”

အိမ်ရှေ့အတွင်းဝန် ဦးသင် ဆိုသည်မှာ မင်းတုန်းမင်းတရားကြီး လက်ထက်တော်မှ အိမ်ရှေ့အတွင်းဝန် ဖြစ်သည်။ ထောင်သင်းမှူး၏ သမီး သုံးယောက်တွင် အကြီးဆုံး ခင်သော့ဆိုသူသည် အိမ်ရှေ့ဝန် ဦးသင်ကတော်ဖြစ်၏။ ဒုတိယ သမီးခင်ကျော့မှာ အခွန်ဝန်ဦးစစ်ခါး၏ ဇနီးဖြစ်သည်။ အငယ်ဆုံးအငြိမ့် အပျိုတော် ခင်ဖော့ကို အိမ်ရှေ့စံ ကနောင်မင်းက ကောက်ယူသဖြင့် အိမ်ရှေ့မင်း၏ ဆောင်ရကိုယ်လုပ်တော်
သခင်ကြီးတစ်ပါး ဖြစ်လာခဲ့သည်။ အိမ်ရှေ့မင်းနှင့် သခင်ကြီး ခင်ဖော့တို့မှ လင်းပင်မင်းသားကိုမွေးသည်။ ဦးစစ် ခါးနှင့် ခင်ကျော့တို့၏သမီး ခင်သူဆိုသူ မှမွေးသော ခင်မျှင်(ဒေါ်မျှင်)သည် စာရေးသူ၏ ဖခင်ဘက်မှ မိခင် အရင်းဖြစ်၍ စာရေးသူ၏ အဘွားတော်သည်။ ထို့ကြောင့် အစ်ကိုကြီး ဦးစိန်မောင်ဦးက အိမ်ရှေ့အတွင်း ၀န်ဦးသင်ကို စာရေးသူ နှင့် မကင်းတရားရှိသူဟု ပြောခြင်းဖြစ် ၏။

ဦးစိန်မောင်ဦး ပြောမှပင် ဦးသင်စာ ချိုးခဲ့သော အထက်ပါစာချိုးကို ပြန်၍ စဉ်းစားမိသည်။ ဒုတိယ အင်းဝခေတ်က ၀န်ကြီးပဒေသရာဇာမှာ ဘွဲ့သီချင်း၊ ကြိုးသီချင်းများ၌ အရေးကောင်းသူဖြစ် ၍ ပဒေသရာဇာ-ဘွဲ့ကြိုးဟု စာချိုးခဲ့ ခြင်းဖြစ်သည်။ ထို့အတူ ဘိုးတော်ပဒုံ မင်းတရားကြီး လက်ထက်က ဦးအောင် ဖြိုးမှာ သာချင်း အဟောကောင်းသည်။ ဦးမင်းက လေးချိုးအစပ်ကောင်း၍၊ ရွှေ တိုက်စိုးဦးတိုးမှာ ရကန် အရေးကောင်း သည်။ ဦးစံသူက မှာတမ်းစာအရေး ကောင်း၍ ဦးကြာမှာ လွမ်းချင်းအရေး ကောင်းသူဖြစ်သည်။ စာဆိုတော် မယ်ခွေမှာ အဲချင်းအရေးကောင်း၍ မြ၀တီမင်းကြီးဦးစမှာ သံဆန်းသီချင်း အရေး ကောင်းသူဖြစ်သည်။ ရကန်ဖျက် ဦးလန်းမှာမူ၊ ဆေးလင်္ကာစာများကို အရေးကောင်းသူဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

ဤတွင် ခမည်းတော်ဘုရားသိင်္ဂီ ဆိုသည်မှာ အဘယ်ကိုဆိုလိုသနည်းဟု စဉ်းစားရန်ရှိပေသည်။ ဆရာကြီးနန်းညွန့် ဆွေ ပြောပြဖူးသည်မှာ ဤစာချိုးကိုရေး စဉ်က မင်းတုန်းမင်းတရားကြီးသို့ ရေး ဆက်ရသည်ဖြစ်ရာ “ခမည်းတော် ဘုရား” ဆိုသည်မှာ မင်းတုန်းမင်း တရားကြီး၏ ခမည်းတော် သာယာဝတီ မင်းကို ဆိုလိုသည်။ ထိုခမည်းတော် ဘုရား၏ သိင်္ဂီဆိုသောစကားမှာ အခြား အမည်များကဲ့သို့ တိုက်ရိုက်ဆိုသော စကားမဟုတ်ဘဲ ဌာနီကို ဌာန၌တင်စား ၍ ဆိုသော ဌာနျူပစာစကားဖြစ်သည်။ အဓိပ္ပာယ်မှာ ခမည်းတော်ဘုရား သာယာဝတီမင်း၏ ချစ်မြတ်နိုးယုယ ခြင်းကို ခံရသည့် အနောက်နန်းမိဖုရား မမြကလေးသည် သိင်္ဂီဝတ္ထုကို ရေး သားခဲ့သည်ဖြစ်ရာ ဤတွင်အနောက် မိဖုရားမမြကလေးကို သိင်္ဂီဟု ကင်ပွန်း တပ်လိုက်ခြင်းပင် ဖြစ်သည်ဟူ၍ တည်း။

ဤနေရာတွင် အန်တီခင်(စာရေး ဆရာမကြီး ဒဂုန်ခင်ခင်လေး)က ဤ ကိစ္စနှင့်ပတ်သက်၍ ပြောပြဖူးသည်ကို သွား၍ သတိရမိပြန်သည်။ အန်တီခင် ဆိုလိုသည်မှာ“ခမည်းတော်ဘုရား သိင်္ဂီ” ဟု စာချိုးခဲ့ခြင်းမှာ ခမည်းတော် သာယာဝတီမင်းတရားကြီး၏ အနောက် နန်းမိဖုရား မမြကလေးသည် ရာဇ၀တ် သင့်ခဲ့သူဖြစ်သဖြင့် “အနောက်နန်း မိဖုရား မမြကလေးရေးသည့် သိင်္ဂီ ၀တ္ထု” ဟု တိုက်ရိုက်မဖော်ပြရဲ၍ သွယ် ၀ိုက်သော နည်းဖြင့် “ခမည်းတော်ဘုရား သိင်္ဂီ”ဟုသာတင်စား၍ ဖော်ပြခြင်းဖြစ် သည်ဆိုပါသည်။ ဤစာချိုးသည့် အချိန်သည် မင်းတုန်းမင်း တရားကြီးလက် ထက်တော်ဖြစ်သည့်အပြင် အနောက် နန်းမိဖုရား၏ သမီးတော် လှိုင်ထိပ်ခေါင် တင်ကလည်း အိမ်ရှေ့မိဖုရားဖြစ်နေစဉ် ဖြစ်သည်ကို သတိပြုရာသည်။ သို့သော် ယဉ်ကျေး သိမ်မွေ့စွာနှင့် အနောက်နန်း မိဖုရားဟောင်းမမြကလေးရေးသည့် သိင်္ဂီဝတ္ထုကို “ခမည်းတော် ဘုရားသိင်္ဂီ” ဟု သုံးနှုန်းဟန်ရှိသည်။ အန်တီခင်ဆို လိုသည်က ပို၍ရှင်းပြီး အဓိပ္ပာယ်ပေါ် လွင်ပါသည်။

အနောက်နန်း မိဖုရားမမြကလေး၏ အတ္ထုပ္ပတ္တိများတွင် သိင်္ဂီဝတ္တုကို ရေးခဲ့ကြောင်း ဖော်ပြကြသည်။ သို့ရာ တွင်စာမူကို ရှာမတွေ့ကြောင်း ကြားရ ဖူးသည်။ ဆရာကြီး နန်းညွန့်ဆွေက ထိုစာမူကိုရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း ရှိ၊ ယဉ်ကျေးမှုဗိမာန်၊ ညွှန်ကြားရေး မှူးရုံး၊ သုတေသန ဌာနခွဲသို့ ပြည်ခရိုင်၊ ပုတီးကုန်းမြို့နယ်၊ သခွတ်စောက် ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ပေးပို့ လှူဒါန်းလိုက်သောစာပေစုတွင် ထိုဝတ္ထု စာမူပါလာကြောင်း ပြောပြဖူးသည်။ ဆရာကြီး နန်းညွန့်ဆွေ၏ ကျေးဇူး ကြောင့်ပင် စာရေးသူသည် သိင်္ဂီဝတ္ထု ပေမူကို အသက် ၅၀ ရောက်မှ ဖတ်ရဖူး ခြင်းဖြစ်ပါတယ်။

ဤစာမူကို ပေထက်အက္ခရာတင် သော ခုနှစ်မှာ-
“ဤစာပြီးလစ်၊ သက္ကရာဇ်ကား ၁၂၀၈ ခု၊ ပထမ၀ါဆိုလဆန်းသုံးရက်၊ သောကြာနေ့ နှစ်ချက်တီးကျော် အချိန်တွင် ရေးကူး၍ ပြီးအောင်မြင်သည်။ ပုဒိအာ နှင့်ပြည့်စုံပါလိဝ်၏”ဟု ရေးထိုးထား သည်ကို မှတ်သားရဖူးသည်။ မမြ ကလေးအား ပြည်မင်းသားနှင့် ကြံရာပါ သည်ဟု မဟုတ်မမှန် လုပ်ကြံသက်သေ ထူ၍ အဆုံးစီရင်ခံရသည်မှာ ၁၂၀၇ ခု၊ သီတင်းကျွတ်လဆန်း ၁၂ ရက်နေ့ ဖြစ် ရကား မမြကလေး အသတ်ခံရပြီး ပူပူ နွေးနွေးအချိန်တွင် ရေးကူးသောစာဖြစ်ပုံ ရသည်။ မမြကလေး၏ အကြောင်းကို  တဖွဖွတသသပြောဆိုနေကြသည့် အချိန် တွင် မမြကလေး ရေးခဲ့သည့် ဤသိင်္ဂီ ၀တ္ထုပေစာကို ရေးကူးခြင်းဖြစ်သဖြင့် များ စွာ အဆက်အစပ်လျော်ကန်နေပါသည်။

မမြကလေးသည် အသက် ၁၇ နှစ်အရွယ်တွင် သာယာဝတီမင်း၏ ကောက်တော်မူခြင်းခံရသည်ဖြစ်ရာ ရွှေနန်းတော်တွင်းသို့ရောက်၍ လေး ငါးနှစ်အကြာမှ ဤ၀တ္ထုကို ရေးလိမ့် မည်ဟု စာရေးသူထင်ပါသည်။ သူ သည်အရပ်သူအဖြစ်မှ ရွှေနန်းသူအဖြစ် သို့ ရောက်၍ ထီးမူနန်းရာ ကိစ္စများနှင့် မင်းသား၊ မင်းသမီးတို့၏ နန်းတွင်းဘ၀ ကို အထင်ကြီးစွာစိတ်ဝင်စားလာသော အခါက ရေးထားခဲ့ဟန်တူပေသည်။ (ဤကား စာရေးသူ၏ အယူအဆသာ ဖြစ်ပါသည်။)

မမြကလေးသည်(သူ့ထက်စော သော)စဥ့်ကူးမင်း၏ မိဖုရားဟောင်း ပဘာဝတီဘွဲ့ခံ သခင်မင်းမိ၏ “ကေ သာသီရိ” ဇာတ်ကို နန်းတွင်း၌ ဖတ်ရှု လေ့လာခဲ့ခြင်းဖြစ်ဟန်တူသည်။ သိင်္ဂီ ၀တ္ထုတစ်နေရာတွင်-
“ဟင်္သာမောင်နှံအကြောင်းကို မညောင်းမညာနာတော်မူချင်သည်။ ခေမာလကို ဆိုင်တော်မူသည်နှင့် အခွင့် ကြုံခိုက်တွင်သာ ကေသာသီရိ မင်းသမီး အကြောင်း ထုံးဟောင်းပုံပြင် ဆင်ခြင် စိမ့်မည်ရည်၍ လျှောက်ခြင်းဖြစ်ပါသည်”

ဟု ရေးသားထားသည်ကို တွေ့ရ ပေသည်။ မမြကလေးသည် သခင်မင်း မိကို အားကျဟန်တူသည်။ မိမိလည်း သူကဲ့သို့ စာတစ်စောင်ပေတစ်ဖွဲ့ဖြစ် အောင် ကြံဆောင်ရေးသားရသော် ကောင်း၏ဟု စဉ်းစားမိ၍ သိင်္ဂီဝတ္ထုကို ရေးသားပုံရပါသည်။ ရှိစုံရွက်ကြာ၊ ပြာပြာညိုရောင်၊ မှိုင်းတလဲ့လဲ့၊ ရွှေဖီဇင် ဂေါ်၊ ချစ်သမျှကို စသည့် စံထားလောက် သော ပတ်ပျိုးသီချင်းများနှင့် ဒွေးချိုး လေးချိုးတေးထပ်စသည့် ကဗျာများကို ရေးသားခဲ့သော စာဆိုရှင် မမြကလေး သည် သိင်္ဂီဝတ္ထုကို ရေးရာ၌ သခင်မင်း မိ၏ ကေသာသီရိဇာတ်မှာကဲ့သို့ ကဗျာ သီချင်းများဖြင့် ရေးသားဆက်သွင်း ထားခြင်း မတွေ့ရချေ။ ကေသာသီရိ ဇာတ်ရေးနည်းမျိုးရေးမည်ဆိုက မမြ ကလေးလည်း ရေးသားနိုင်ပေလိမ့် မည်။ သို့ရာတွင် သိင်္ဂီဝတ္ထုကို စကားပြေ ဖြင့်သာ ရေးသားခဲ့၍ ထိုခေတ်က၊ ရွှေတောင်နန္ဒသူ ရေးခဲ့သည့် ရတနာ့ကြေးမုံ ၀တ္ထုသည် နန်းတော် အိမ်တော်များ၌ လွန်စွာ ခေတ်စားလျက်ရှိပေရာ ရတနာ့ ကြေးမုံဝတ္ထုကဲ့သို့ စကားပြေဖြင့်သာ ရေးသားလိုက်ဟန် တူပါသည်။

ရတနာ့ကြေးမုံဝတ္ထုတွင် ၀ဿဝတီနတ်ဘုံမှ နတ်သားနတ်သမီး မောင်နှမတို့သည် သိကြားမင်း၏ တောင်းပန်ချက်အရ နတ်သက်ခြွေ၍ လူ့ ပြည်သို့ ဆင်းလာကြသည်။ နတ်သား သည် ရမ္မဏီယပြည့်ကြီးရှင် မဟာရာ ဇိန္ဒာမင်းကြီးနှင့် အတုလဒေ၀ီတို့ သမီး တော် သီလစန္ဒာ၏၀မ်း၌ ပဋိသန္ဓေ ယူလေသည်။ နတ်သမီးမှာ သုဒဿန တောင်ကြီးကို အစိုးရသော သီရိန္ဒရာဇ် နတ်မင်းကြီး၏သမီးတော် သုဝဏ္ဏရာသီ ၏ ၀မ်းတွင် ပဋိသန္ဓေယူလေသည်။ လူမင်းသား၏ အမည်မှာ ဣန္ဒကုမ္မာဟု ခေါ်တွင်၍ နတ်သမီး၏အမည်မှာ ဝေဠု မြတ်စွာဟုခေါ်သည်။ ဤတွင် လူမင်း သားနှင့် နတ်သမီးလေးတို့ ရှေးကံ ဟောင်းဆက်စပ်၍ ပေါင်းဖော်ရသည့် အကြောင်းကို ဇာတ်လမ်းဖွဲ့ဆင်ထား ခြင်းဖြစ်သည်။ မဖြစ်နိုင်သည်ကို ဖြစ် အောင်ဖန်ဆင်း၍ အနုဆုံးအညက်ဆုံး အယဉ်ဆုံးစကားအသုံးအနှုန်းတို့ဖြင့် ဖွဲ့ဆင်ထားသည်။ စိတ်ကူးယဉ်ကြ စတမ်းဆိုလျှင် သူတစ်ပါးလိုက်၍ မမီ နိုင်အောင် လက်စွမ်းပြထားသည့် ၀တ္ထု ဖြစ်သည်။

မမြကလေးကမူ သူ့ဝတ္ထုကို ရွှေ တောင်နန္ဒသူဝတ္ထုလောက်လည်း စိတ် ကူးမယဉ်ဘဲ မိမိ၏ မျက်စိအောက်၌ တွေ့မြင် ဆက်ဆံနေရသည့် အပေါ်ယံ လွှာမင်းသား၊ မင်းသမီးတို့၏ ဘ၀ပတ် ၀န်းကျင်ကို အမြင်အတိုင်း ရေးသားခဲ့ ပေသည်။ ဖြစ်နိုင်သော ဇာတ်လမ်းကို ခင်း၍ ဖြစ်စေချင်သော စေတနာဖြင့် ရေးသားချယ်လှယ်ထားသည်။ ထို ကြောင့် ထိုခေတ် ထိုအခါအတွက် မမြကလေး၏ ဇာတ်လမ်းသည် ဦး တည်ချက်ပြည့်သော ဇာတ်လမ်းဖြစ် သည်ဟု ယူဆနိုင်ပါသည်။

“ရဋ္ဌပူရပြည်ကြီးကို အစိုးရသော ဘတ္ထဟေတုမင်းကြီး၏ မိဖုရား ကြီး အဂ္ဂမဟာမင်္ဂလာဒေ၀ီမှ သားတော် တစ်ပါးကို ဖွားမြင်ရာ ၀မ်းကျွတ်လျှင်ပင် ပြုံးရယ်သော အခြင်းအရာကို ပြသောကြောင့် ဟာသကုမ္မာမင်းသားဟု ခေါ်တွင် လေသည်။

သိင်္ဂါရဋ္ဌပြည်ကို အစိုးရသော ဘာနုစန္ဒာမင်းကြီး၏ မိဖုရားကြီး မဟာစိတ္တအတုလမင်္ဂလာဒေ၀ီမှ သမီးတော် ကလေးတစ်ပါးကို ဖွားမြင်ရာ ရွှေအဆင်းလိုလှသော ကြောင့် သိင်္ဂီမင်းသမီးလေး(၀ါ) သိင်္ဂီဟုခေါ်တွင်၏။ သိင်္ဂီမင်းသမီး ကလေးသည် သိင်္ဂါရဋ္ဌမြို့၏ အရှေ့တစ်ဆယ့်ငါးယူဇနာ အကွာ တွင်ရှိသော စိတ္တရဂန္ဒာဥယျာဉ်သို့ ခြောက်လလျှင်တစ်ကြိမ်ထွက်၍ ပျော်ရွှင်ကစားလေ့ရှိသည်။ တစ် နေ့သောအခါတွင် ရဋ္ဌပူရပြည်မှ  ဗေဓနုမုဆိုးသည် ခရီးလွန်၍ စိတ္တ ရဂန္ဒာဥယျာဉ်သို့ ရောက်လာသည် တွင် လေးမြားကိုချ၍ နားနေ သည့်အခိုက် သိင်္ဂီမင်းသမီးသည် အခြွေအရံများနှင့် ရထားစီး၍ ရောက်လာသည်ကို တွေ့မြင်ရ လေသည်။

မင်းသမီးလည်း ဥယျာဉ်သို့ ၀င်၍ ရထားမှသက်မည်အပြုတွင် နုထွတ်ဖြူ လှပ်လှစွာသော ရွှေဝါ ကျောက်စီ အင်္ကျီလည်ခွံစကို စိန်ဖြင့်ပြီးသော ရထားအချင်းစွန်း နှင့် ငြိမိ၍ လေငြိမ်ရာအရပ်၌ အလွန်တရာနူးညံ့လှစွာသော လဲဝါဂွမ်းနုကိုင်စု၍ ထားဘိသကဲ့ သို့ သိမ်မွေ့လှစွာသော ရထားစု လစ်သစ်ကို ဗေဓနုမုဆိုးမြင်လေ သော် မျက်တောင်လှစ်ခိုက်တွင် လျှပ်စစ်နှင့်ကြုံသကဲ့သို့ လန့်ဖျပ် ၀ိညာဉ် ဖိတ်စဉ်မတတ် သည်းပွတ် နှလုံး ကြေပြုန်းသည့်နှယ် မတည် မရပ်နိုင် မိန်းမှိုင်တွေဝေ သေငယ် သေ၍ ရှိသည်တိုင်”

စသည့်ဖြင့် ဖွဲ့နွဲ့ရေးသားထား သည်။ ဗေဓနုမုဆိုးသည် သိင်္ဂီမင်းသမီး ၏ အထိန်းတော် မဟာပါလနှင့် အသိ အကျွမ်းဖြစ်သွား၍ သိင်္ဂီမင်းသမီး၏ အကြောင်းအရာအားလုံးကို သိရလေ သည်။ တိုင်းပြည်သို့ပြန်သွားလျှင် မိမိ ၏ အရှင်ဟာသကုမ်္မာ မင်းသားအား စိတ္တရဂန္ဒာဥယျာဉ်မှ ယူဆောင်ခဲ့သော သုမလ္လာပန်းကို ဆက်သ၍ အကျိုး အကြောင်းအလုံးစုံကို လျှောက်ထားလေ သည်။ မင်းသားသည်လည်း ကံ ဟောင်းစေ့ဆော်သဖြင့် ကြားကာမျှဖြင့်ပင် မေတ္တာသက်ဝင် ချစ်ခင်လေသော ကြောင့် ခိပ္ပဒူတအမည်ရှိသော တမန်တော်ကို အဖိုးတစ်သိန်း ထိုက်သော ပတ္တမြား လက်စွပ်ကိုပေး၍ စေလွှတ်လိုက် လေသည်။ တမန်တော်လည်း သိင်္ဂီ မင်းသမီးလေး၏ အထိန်းတော်ကြီး မဟာပါလ၏ အိမ်သို့ ချဉ်းကပ်ကာ မင်းသမီးနှင့် ဆက်သွယ်မှုရရှိအောင် ကြံ ဆောင်ကြိုးစားလေသည်။

ဇာတ်လမ်းတွင် သိင်္ဂီမင်းသမီး ကလေးအား အထိန်းတော်အပျိုတော် များက ဥပမာပုံဝတ္ထုများနှင့် လျှောက် ထားကြသော စကားများသည် သင် ခန်းစာပင်ဖြစ်၍ အနှစ်သာရလည်း ရှိ လေသည်။ အလားတူပင်လျှင် ဟာသ ကုမ္မာ မင်းသားအား ၎င်းင်း၏အထိန်းတော် လူပျိုသားများက ပြောဆိုလျှောက်ထား ကြသည့် ဥပမာပုံဝတ္ထုများသည်လည်း သင်ခန်းစာယူရသည့် အနှစ်သာရများ ပင်ဖြစ်သည်။ ဤသို့ဖြင့် မင်းသားနှင့် မင်းသမီးကလေးတို့သည် ပါရမီဖူးစာ မေတ္တာတော်ပွားများ နှစ်ပါးတွေ့ဆုံကြ သည့်အခန်းတွင် ဇာတ်လမ်းကို နိဂုံး ချုပ်ထားပါသည်။ ရတနာ့ကြေးမုံဝတ္ထု ၏ ဇာတ်လမ်းသွားအတိုင်းပင်ဖြစ် သည်။ သို့သော် မမြကလေး၏ စကား အဖွဲ့အနွဲ့တို့မှာ တစ်မျိုးတစ်ဘာသာ ဆန်း၍ မှတ်သားဖွယ်ဖြစ်တော့သည်။

“တစ်နေ့သ၌ မင်းသမီးသည် စက္ကူဖြူတွင် ရွှေစုတ်တံနှင့် ပန်း ခက်ကို ရေးလျက်နေ၏။ မဟာ ပါလက ထိပ်တင်ညောင်းညာ တော်မူမည်။ ဘယ်ထိတိုင် ရေးတော်မူမည်နည်းဟု မေးလေ သော် ငြီးငြီးငွေ့ငွေ့စိတ်ပြေလက် ပြေမနေနိုင်၍ စက္ကူမှာသည်ပန်း ကို ရေးစမ်းပါသည် ပြောလျှင်“
ဟု ရေးထားသည်ကိုလည်း တွေ့ ရသဖြင့် မမြကလေးတို့ခေတ်တွင် စက္ကူ ၌ စာရေးသော အလေ့အထရှိနေပြီ ဖြစ် ကြောင်းကို သိရပါသည်။

သိင်္ဂီဝတ္ထုသည် ဇာတ်လမ်းဇာတ် ကွက်ထက် မိန်းမသားပီပီ သိင်္ဂီမင်း သမီးလေးနှင့် အထိန်းတော် အပျိုတော် တို့ နေကြထိုင်ကြပြောဆိုကြသည့်အမှုကို သဘာဝကျကျဖွဲ့နွဲ့ရေးသားထားသည် များဘက်၌ အသားပေးထားသည်ကို တွေ့ရသဖြင့် မမြကလေး၏ စကား အဖွဲ့အနွဲ့တို့မှာ တစ်မျိုးတစ်ဘာသာ ဆန်းပြား၍ မှတ်သားဖွယ်ပင်ဖြစ်တော့ သည်။ အသေးစိတ်ဖော်ပြနေက စာရှု သူငြီးငွေ့သွားနိုင်သည်။

စာရေးသူ သိင်္ဂီဝတ္ထုနှင့် ပတ်သက် ၍ ယခုရေးပြနေခြင်းမှာ စာဖတ်ပရိ သတ် မျိုးဆက်သစ်တို့အတွက် စာမြည်း သဘောမျှသာဖြစ်ပါသည်။ စာရေးသူ ပင်ငယ်စဉ်ကတည်းက ကြားဖူးနေသော အနောက်နန်းမိဖုရားမမြကလေး၏ သိင်္ဂီဝတ္ထုပေမူကို အသက် ၅၀ ရောက် မှ မြင်ဖူး ဖတ်ဖူးရသဖြင့် ယခုခေတ် စာဖတ်ပရိသတ်မျိုးဆက်သစ်များသည် စာရေးသူကဲ့သို့ မဖြစ်ရလေအောင် ဖော်ပြနေခြင်းသာဖြစ်ပါသည်။ အကယ် ၍ စိတ်ဝင်တစားရှိပြီး ပို၍ သိချင်ဖတ် ချင်သည်ဆိုငြားအံ့ အမျိုးသားစာကြည့် တိုက်တွင် ရှာဖွေဖတ်ရှုရန် လမ်းညွှန် လိုက်ရပါသည်။ အမျိုးသားစာကြည့် တိုက်တွင် ထိုဝတ္ထုပေမူရှိမည်ဟု ထင် သောကြောင့် ဖြစ်ပါသည်။ ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနတွင် တစ်မူရှိ သည်ဟု ကြားရသဖြင့် အငြိမ်းစား မြန်မာစာပါမောက္ခ ဒေါက်တာအောင် ဇော်အား ဤစာရေးနေစဉ်အတွင်း စုံစမ်း ကြည့်ရာ ဆရာဇော်က သူမကြားရဖူး ကြောင်းပြောပါသည်။ သို့ဖြစ်၍ ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနတွင် မရှိ ကြောင်း သေချာသွားပါသည်။

ကာလပေါ် ၀တ္ထုသမိုင်းတွင် ရွှေ တောင်နန္ဒသူ၏ ရတနာ့ကြေးမုံဝတ္ထု သည် ပထမဆုံးသော ကာလပေါ် ၀တ္ထု ဖြစ်သည်ဟု ပညာရှင်တို့ သတ်မှတ် ကြသည်ဟုဆိုပါသည်။ သို့ဖြစ်လျှင် မမြ ကလေး၏ သိင်္ဂီ ၀တ္ထုသည်လည်း ဒုတိ ယမြောက် ထွက်ပေါ်လာသော ကာလ ပေါ် ၀တ္ထုဖြစ်မည်ဟု ဆိုချင်လျက်...။

မောင်သန်းဆွေ၊ထားဝယ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)