ညီညွတ်ခြင်း နှင်းဆီမှသည် ရခိုင် ဒေသဆီသို့ PDF Print E-mail
Written by လင်းနိုင်ဦး   
Tuesday, 31 July 2012 16:55
Share |

ဇွန်လ ဆန်းပိုင်းက စတင်ပြီး ရခိုင် ပြည်နယ်ဘက်မှာ လူမျိုးရေး ပဋိပက္ခများကြောင့် သေသူသေ၊ ဒဏ်ရာ ရသူရ၊ အိုးအိမ်တွေ၊ မီးလောင် ခံရတာတွေ ရှိခဲ့တော့ ဒေသခံ တချို့ အိုးအိမ်တွေ ပျက်စီးပြီး ဒုက္ခသည် ဘ၀ ရောက်ခဲ့ကြရပါတယ်။

generic cialis onlinecheap cialis no prescription viagra generic india cialis 20mg
argaiv1757

အဲဒီလို ဒုက္ခ ရောက်နေကြတဲ့ ရခိုင် ပြည်နယ်မှာက ပြည်သူတွေ အတွက် ရုပ်ရှင်သည် ပြည်သူ့ အတွက်လို့ ခံယူထားတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေနဲ့လည်း မနေသာတော့ဘဲ ဒုက္ခသည်များ အတွက် ရန်ပုံငွေ ရှာဖို့ စည်းရုံး လှုံ့ဆော်ခဲ့ကြပါတယ်။

အဲဒါကတော့ ရုပ်ရှင် အနုပညာရှင်များက မိမိတို့ တတ်တဲ့ အနုပညာနဲ့ ပရိသတ်များကို ဖျော်ဖြေပြီး ဒုက္ခသည်များ အတွက် ရန်ပုံငွေ ရှာပေးကြဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ရခိုင် တိုင်းရင်းသား သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ အကယ်ဒမီ နေတိုးက ရန် ပုံငွေ ရှာဖွေမယ့် အစီအစဉ်မှာ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) တင်ဆက်မယ့် ညီ ညွတ်ခြင်း နှင်းဆီ အငြိမ့်ဖျော် ဖြေမှုနဲ့ သရုပ်ဆောင်များရဲ့ တေးဂီတ သီဆို ဖျော်ဖြေမှု အစီအစဉ်များ တင်ဆက်ပြီး ရန်ပုံ ငွေရှာခဲ့ကြပါတယ်။ ညီ ညွတ်ခြင်း နှင်းဆီ အငြိမ့်ကပြ မှု အစီအစဉ်ကို  Sky Net ရုပ် သံလိုင်းက Live ထုတ်လွှင့် ပေးခဲ့ပြီးကျပ် သိန်း ၅၀၀ ထည့်ဝင် လှူဒါန်းပေးခဲ့ပါ တယ်။

ရခိုင်ပြည်နယ် အတွက် စာနာ ထောက်ထားမှုများ ရှိကြသလို စေတနာလည်း ထားကြတဲ့ အတွက် ဇွန်လ ၃၀ ရက်နေ့မှာ ကပြမယ့် လက်မှတ်များ ရက်ပိုင်းအတွင်း ကုန်သွားပြီး ရီဟာဇယ် ကပြမယ့် ၂၉ ရက်နေ့ညထဲကပါ လက်မှတ်များ ခွဲပြီး ရောင်းပေးလိုက်ရပါတယ်။ အဲဒါ ကြောင့် Sky Net ရုပ်သံလိုင်း ကလည်း ၂၉၊ ၃၀ နှစ်ည ဖျော်ဖြေမှု အစီအစဉ်များကို Live ထုတ်လွှင့်ပြသပေးခဲ့ပြီး တစ်ညတိုး ထုတ်လွှင့်ပြသ ခွင့်ရခဲ့တဲ့ အတွက် နောက်ထပ် ကျပ်သိန်း ၂၀၀ ထပ်မံ လှူ ဒါန်းပေးခဲ့တာကြောင့် Sky Net အနေနဲ့ ကျပ်သိန်း ၇၀၀ လှူဒါန်း ပေးခဲ့တယ်လို့ သိရ ပါတယ်။

ဒါ့အပြင် အနုပညာရှင် များက ဒုက္ခသည်များ အတွက် ရန်ပုံငွေနဲ့ ပစ္စည်းများ များများစားစား ရနိုင်ဖို့အတွက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အလှူခံဌာန ဖွင့်လှစ်ပေးထား ခဲ့ပါတယ်။ ဒါ့အပြင် ဈေးဝယ် စင်တာကြီးများမှာလည်း သွားရောက်ပြီး အလှူခံဖို့ စီစဉ် ထားခဲ့ကြပါတယ်။ ဒါပေမဲ့ ဈေးဝယ် စင်တာကြီး များမှာ အလှူခံမယ့် အစီအစဉ်ကို ပြုလုပ်ခွင့်မရခဲ့ပါဘူး။ အကယ်ဒမီ ဝေဠုကျော်ရဲ့ဦး ဆောင်မှုနဲ့ ယုဇန ပလာဇာ၊ မင်္ဂလာဈေး၊ သိမ်ကြီးဈေး စတဲ့ ဈေးကြီးများမှာတော့ ဖလားကိုင်ပြီး အလှူ ခံဖြစ်ခဲ့ ကြပါတယ်။ အဲဒီအစီအစဉ် မှာလည်း ငွေကျပ် သိန်းရာကျော်နဲ့ အစားအသောက်၊ ဆေးဝါး၊ အ၀တ်အထည် ကျပ်သိန်း ၅၀၀ ကျော်ဖိုးထိ ထည့်ဝင် လှူဒါန်းပေးကြတဲ့ အတွက် အဲဒီ ပစ္စည်းများကို ကြိုတင်ပြီး ရခိုင်ပြည်နယ်ကို ပေးပို့ခဲ့ကြပါတယ်။

ဇွန်လ ၂၉၊ ၃၀ ရက်များ မှာ ညီညွတ်ခြင်း နှင်းဆီ အငြိမ့် ဖျော်ဖြေတင်ဆက် တော့လည်း လာရောက် ကြည့်ရှု အားပေးတဲ့ အနုပညာ ချစ်သူများ အားပါးတရ လှူဒါန်းပေးကြသလို Live ထုတ် လွှင့်ပြသပေးနေတဲ့ Sky Net ရဲ့အစီအစဉ်ကို ကြည့်ရှုရင်း ကြေညာပေးထားတဲ့ ဖုန်းနံပါတ်များမှ တစ်ဆင့် ဆက် သွယ်လှူဒါန်း ပေးကြတာ လည်း အမျိုးသား ဇာတ်ရုံ ထက်မှာ ကြေညာပေးလို့ မဆုံးနိုင်အောင် ရှိခဲ့ပါတယ်။ ဒါ့အပြင် သီချင်းများ ဖျော် ဖြေပြီး ခေတ္တအားလပ်ချိန်ပေး တဲ့အခါမှာလည်း နာမည်ကြီး သရုပ်ဆောင်များက ဇာတ်ရုံအတွင်းမှာ ကြည့်ရှု နေတဲ့ပရိသတ်များကြား ဆင်းပြီး အလှူငွေများ အလှူ ခံပေးပါတယ်။ သရုပ်ဆောင် တချို့က အလှူခံပေးကြ သလို စင်မြင့်ထက်က သရုပ်ဆောင်များကလည်း တောက်လျှောက် အလှူငွေ များ ကြေညာပေးခဲ့ပါ တယ်။ ညီညွတ်ခြင်း နှင်းဆီ အငြိမ့်အစီအစဉ်ကို  ဒါရိုက် တာ မောင်မျိုးမင်း(ရင်တွင်း ဖြစ်)က စီစဉ် တင်ဆက်ပေး ပြီး လူရွှင်တော်များအဖြစ် နေတိုး၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်း၊ မိုးမိုး တို့က တင်ဆက်ကာ အငြိမ့် မင်းသမီးများ အဖြစ် သရုပ်ဆောင်များ ဖြစ်ကြတဲ့ ဖူးစုံ၊ မေကဗျာနဲ့ မိုးယုစံတို့က ကပြ ပေးခဲ့ကြပါတယ်။

ညီညွတ်ခြင်းနှင်းဆီ အငြိမ့် အစီအစဉ်မှာ သရုပ်ဆောင်များရဲ့ ဟာသ ပြက်လုံး များက လူရွှင်တော်များ ပြက် ကြတဲ့ ပြက်လုံးများနဲ့ မတူဘဲ အဓိက အနေနဲ့ အပြုသဘော ဆောင်တဲ့ ထောက်ပြမှုများကို ပြက်လုံး ထုတ်ခဲ့ကြတဲ့ အတွက် အနုပညာ ချစ်သူများက အားရပါးရ အားပေးခြင်း ခံခဲ့ ရသလို အပြုသဘော ဆောင်တဲ့ ပြက်လုံးများ ဖြစ်လို့ ပြုပြင်ခြင်း နှင်းဆီလို့တောင် တင်စားခေါ်ခဲ့ကြပါတယ်။ ကုသိုလ်ရေးမို့ ပါဝင်ကပြ ဖျော်ဖြေကြမဲ့ အနုပညာရှင်များ တက်ကြွရွှင်လန်း နေကြ သလို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဦးဆောင်မှုကို သဘောကျ ကျေနပ်တဲ့ သရုပ် ဆောင်များကလည်း ကျရာ နေရာက ပံ့ပိုး ကူညီကာ အား ပေးမှုတွေ ပြုခဲ့ကြပါတယ်။

ဇွန်လ ၂၉ ရက်နေ့ညမှာ အောင်မြင်မှုရပြီး အလှူငွေ ပစ္စည်း အများအပြား လှူဒါန်း ပေးခဲ့ကြသလို ဇွန်လ ၃၀ ရက်နေ့မှာတော့ အမျိုးသား ဇာတ်ရုံကြီးမှာ အလှူငွေ ထည့်ဝင် လှူဒါန်းကြသူတွေ မကြုံစဖူး ထူးထူးကဲကဲ ထည့် ၀င်လှူဒါန်း ပေးနေကြလို့ အလှူခံ မဏ္ဍပ်ကြီးသဖွယ် ဖြစ်ခဲ့ရပါတယ်။ အနယ်နယ် အရပ်ရပ်မှ Sky Net  ရုပ်သံ လိုင်းကို ကြည့်ရှုနေတဲ့ မိဘ ပြည်သူများကလည်း သဒ္ဓါ တရားတွေ ပေါက်ပြီး လှူ ဒါန်းပေးလိုက်ကြတာ လှူ သမျှအားလုံးကို ဆက်ကြေညာနေရရင် အငြိမ့် ကပြ ရတော့မှာ မဟုတ်တဲ့ အတွက် အလှူငွေများ ကြေညာပေး ခြင်းကို ရပ်လိုက်ရပြီး အငြိမ့် ကပြတဲ့ အစီအစဉ်ကို ဆက်ရ ပါတယ်။ Live ထုတ်လွှင့် ပြသနေတဲ့ အစီအစဉ်ကနေ တစ်ဆင့် လှူဒါန်းပေးကြသလို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး မှာ ဖွင့်လှစ်ထားတဲ့ အလှူခံ ဌာနကိုလည်း ကိုယ်တိုင်လာရောက် လှူဒါန်းကြသူများ ရှိ သလို ဖုန်းနဲ့ တစ်ဆင့်ဆက် သွယ်ပြီး သက်ဆိုင်ရာ ဘဏ် များက လွှဲပြီးပေးပို့ လှူဒါန်း ကြတာလည်း အဆက်မပြတ် ပါပဲ။
ဇွန် ၂၉၊ ၃၀ နှစ်ည ကပြပြီးနောက် ညီညွတ်ခြင်း နှင်းဆီ အဖွဲ့က ပြည်ပကို သွားရောက် ဖျော်ဖြေမှု အစီအစဉ် ဇူလိုင်လ ၂ ရက်နေ့မှာ ထွက် ခွာရမှာဖြစ်လို့ ဇူလိုင်လ ၁ ရက်နေ့မှာပဲ ပထမအသုတ် အနေနဲ့ ရခိုင်ပြည်နယ်ရှိ ဒုက္ခ သည်များကို သွားရောက်လှူ ဒါန်းလိုက်ကြပါတယ်။ ပေးပို့ လှူဒါန်းသူများရဲ့စာရင်းတွေ များပြားလှတဲ့အတွက် စာရင်း မပိတ်နိုင်သေးပေမဲ့ ပထမ အသုတ်အနေနဲ့ ခရီးစဉ်ကို AIR KBZ လေကြောင်းဌာန ရဲ့ ကုသိုလ်ယူပို့ဆောင်မှု အဖြစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအမှုဆောင်အဖွဲ့ များနဲ့ အနုပညာရှင်များထဲက လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ ဝေဠုကျော်၊ နေ ထက်လင်း၊ မင်းမော်ကွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ နေမင်း၊ နန္ဒ၊ စုမီ၊ ဖော်ကာ၊ ရိုတ၊ အောင်ခိုင်နဲ့ အမျိုးသမီးသရုပ် ဆောင်များထဲက မို့မို့မြင့် အောင်၊ မေသဉ္ဇာဦး၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်နန္ဒာ၊ မိုး ဟေကို၊ ၀တ်မှုံရွှေရည်၊ အေး မြတ်သူ၊ သင်ဇာဝင့်ကျော်၊ မေကဗျာ၊ ရတနာမိုင်၊ ၀ါဝါ အောင်၊ ဒါရိုက်တာများထဲက အိအိခိုင်၊ ကြည်ဖြူသျှင်တို့ လည်း လိုက်ပါပြီး ပြည်နယ် အစိုးရအဖွဲ့နဲ့ ဒုက္ခသည်စခန်း များသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးခဲ့ကြ ပါတယ်။

ရခိုင်ပြည်နယ်မှာ ည မထွက်ရ အမိန့် မရုပ်သိမ်းရ သေးသလို ကျောင်းများနဲ့ ပြန် လည်ဖွင့်လှစ်ခြင်း မရှိနိုင် သေးပေမဲ့ ဒေသခံများက တော့ လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားနေကြပါပြီ။ အနုပညာရှင်များ ကိုယ်တိုင် လာရောက်ကြတယ် ဆိုတော့ သူတို့ချစ်တဲ့ အနုပညာရှင်များကို နေရာ အသီးသီးကနေ နှုတ်ဆက် အားပေးကြတာမျိုး ရှိသလို အနုပညာရှင်များ သွားရောက်မယ့် ဒုက္ခသည် စခန်းများမှာလည်း သွား ရောက်ပြီး စောင့်ဆိုင်း နှုတ်ဆက် အားပေးခဲ့ကြပါတယ်။

သရုပ်ဆောင်များ အနေနဲ့ လည်း ဒုက္ခသည် စခန်း ၉ ခုကို ကိုယ်တိုင်သွားရောက် လှူဒါန်းရမှာ ဖြစ်လို့ မနက် ၉ နာရီလောက် စစ်တွေကို ရောက်ရှိတယ်ဆိုရင်ပဲ ပထမ ဦးဆုံးပြည်နယ် အစိုးရရုံးကို သွားရောက်ကြပြီး ကိုယ်တိုင် သွားရောက်ဖို့ အဆင်မပြေတဲ့ ဘူးသီး တောင်မောင်တော ဒေသရှိ ဒုက္ခသည်များ အတွက် အလှူ ငွေကျပ်သိန်း ၁၂၀ နဲ့ အ၀တ်အထည်၊ အစား အသောက်၊ ဆေးဝါးများကို လှူဒါန်း ပေးခဲ့ကြပါတယ်။ အဲဒီ အစီအစဉ် မှာတော့ တာဝန်ရှိသူ ပြည်နယ် အစိုးရများက ကျေးဇူး တင်စကား ပြောကြားပေးခဲ့ သလို ရုပ်ရှင် အစည်းအရုံးရဲ့ ဦးဆောင်သူ ဥက္ကဋ္ဌ ဇင်ဝိုင်း ကလည်း လာရောက်လှူ ဒါန်းရခြင်းနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားပေးခဲ့ပါတယ်။ ပြည်နယ် အစိုးရအဖွဲ့ ကို လှူဒါန်းပြီးတာနဲ့ အသင့် စီစဉ်ထားတဲ့ကားများနဲ့ စခန်း တစ်ခုပြီး တစ်ခုကို ဆက်တိုက်သွားရောက် လှူဒါန်းပေးခဲ့ ကြပါတယ်။ ဒေသခံတိုင်း ရင်းသားများကပဲ သရုပ်ဆောင် များအတွက် လုံခြုံရေးကို ကူညီပေးကြသလို ပရိသတ် များကလည်း လုံခြုံရေးတွေ ကြားကပဲ အားရပါးရနှုတ် ဆက်ပြီး ပျော်နေခဲ့ကြတာ တွေ့ခဲ့ရပါတယ်။

ပထမ အကြိမ် သွား ရောက်လှူဒါန်းတဲ့အစီ အစဉ်မှာ အလှူငွေကျပ်သိန်း ၉၃,၂၀၀,၀၀၀ နဲ့ ပစ္စည်းများ လှူဒါန်းနိုင်ခဲ့ပြီး ရန်ကုန်မြို့ ပြန်ရောက်လို့ ဆက်သွယ်လှူ ဒါန်းပေးလာတဲ့ အလှူငွေများ ကို စိစစ်လိုက်တဲ့ အခါမှာ တော့ အလှူငွေပေါင်း ကျပ် သိန်း ၃၆၆,၆၅၆,၇၅၅ ရရှိခဲ့ ပါတယ်။ အဲဒီလိုရရှိတဲ့ထဲက  ကပွဲကုန်ကျ စရိတ် အလှူ ပစ္စည်းသယ်ပို့ ကားခစရိတ် များနဲ့ အလုပ်သမားခ၊ အထွေထွေ နုတ်လိုက်ပြီးတဲ့ အခါ ကျပ်သိန်း ၃၄၇,၆၅၆, ၇၅၅ ကျန်ရှိပါတယ်။ ပထမ အကြိမ် အနေနဲ့ ကျပ်သိန်း ၉၃,၂၀၀,၀၀၀ လှူဒါန်းခဲ့ပြီး ဖြစ်လို့ ဒုတိယအကြိမ်အဖြစ်  ဇူလိုင်လ ကုန်လောက်မှာ သွား ရောက်ပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာများနဲ့ အလှူငွေကျပ် သိန်း ၁၀၀၀ ဖိုးခန့် သွားရောက် လှူဒါန်းပေးသွား ဦးမယ်လို့လည်း သိရပါ တယ်။

ရခိုင်ပြည်နယ် အတွက် လှူဒါန်း ပေးထားတာ ဖြစ်လို့ နောက်ထပ် ကျန်ရှိတဲ့ အလှူ ငွေများကို ရခိုင်ပြည်နယ်၊ ပြည်သူများ အတွက် အိမ်ရာများနဲ့ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း အစရှိသဖြင့် ထပ်မံလှူဒါန်း ပေးသွားဖို့ အစီအစဉ်များ ရှိသေးကြောင်း သိရပါတယ်။

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက မိဘပြည်သူ များကို အနုပညာရှင်များရဲ့ ကျေးဇူးရှင်များလို့ သတ်မှတ် ထားကြောင်း၊ ကိုယ့်ရဲ့မိဘ ပြည်သူများ ဒုက္ခကြုံတွေ့နေ ရတဲ့အချိန်မှာ အားလုံးစည်း စည်းလုံးလုံးနဲ့ စေတနာထား ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ တစ်ခါမှမကြုံဖူးတဲ့ အခုလို အားရတဲ့အလှူအတွက် ကြည်နူး ပီတိဖြစ်လို့ မဆုံးနိုင် အောင် ရှိခဲ့ကြောင်း၊ ထပ်မံ လှူဒါန်း ပေးနေတဲ့ အလှူရှင် များရဲ့ အလှူများကို ဆက် လက် လက်ခံပေးရင်း ပြည်သူ များကောင်းကျိုးသယ်ပိုးကာ ရုပ်ရှင် လောကကောင်းကျိုးကို လည်း ဆတက်ထမ်းပိုး စည်းလုံးမှုနဲ့ သယ်ပိုး သွားကြဦး မယ်လို့လည်း သန္နိဋ္ဌာန် ချထားကြတယ်လို့ သိရပါ တယ်။

 

လင်းနိုင်ဦး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

 


လင်းနိုင်ဦး
About the author: