|
I Love SAI SAI အိုင်လ်ဖ် စိုင်းစိုင်း |
|
|
|
|
Written by ခင်လေးမြင့်
|
|
Tuesday, 31 July 2012 17:09 |
ပရိသတ်တွေ စိတ်ဝင် စားနိုင်တဲ့ ဇာတ်လမ်းတွေကို သရုပ်ဆောင်၊ ဒါရိုက်တာတွေက သေချာရွေးချယ် ရိုက်ကူး ရပါတယ်။
argaiv1495
မြန်မာ ဗီဒီယို ဇာတ်ကားတွေက လက်တွေ့ဘ၀ထဲက အဖြစ်အပျက်တွေကို အခြေခံပြီး ရိုက်ကူးကြတာ များပါတယ်။ အခု တစ်ခါမှာတော့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က စိုင်းစိုင်း ခမ်းလှိုင်ကို ချစ်တဲ့ ကောင်မလေး တစ်ယောက် အကြောင်း ရိုက်ကူး ထားပါတယ်။ I Love Sai Sai (အိုင်လပ်ဖ်စိုင်းစိုင်း) သို့မဟုတ် စိုင်းစိုင်းကို ချစ်တယ် ဆိုတဲ့ ဇာတ်ကားရဲ့ ဇာတ်လမ်း ကျောရိုးကို ဒီဇာတ်ကားမှာ သရုပ်ဆောင်တဲ့ ပိုင်ဖြိုးသုက စဉ်းစား မိတာပါ။ ပိုင်ဖြိုးသု စဉ်းစား မိတာကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ဆင့်ပွားခံစားပြီး
ထူးနွယ်အိမ်က ဇာတ်ညွှန်း ရေးပေးထားတာ ဖြစ်ပါတယ်။ စိုင်းစိုင်းကို ချစ်တယ် ဆိုတဲ့ ဇာတ်ကား မှာ စိုင်းစိုင်းခမ်းလှိုင်၊ပိုင်ဖြိုးသုတို့က အဓိက ပါဝင် သရုပ်ဆောင် ထားတာပါ။ စိုင်းစိုင်း ခမ်းလှိုင်က ဒီနေ့ ခေတ် လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အဆိုရှင် တစ်ယောက်၊ သရုပ်ဆောင်တစ် ယောက်လည်းဖြစ်သလို စာချုပ်ချုပ်ပြီး ဇာတ်ကား ရိုက်ကူးနေတဲ့ မင်းသား မဟုတ်တာကြောင့် ဒီဇာတ်လမ်းကို အမြန်ဆုံး ရိုက်ကူးတာလည်း ဖြစ်ပါတယ်။ စိုင်းစိုင်း ခမ်းလှိုင်ရဲ့သရုပ်ဆောင်မှု၊ သီချင်း ဆိုတာတွေကို သဘောကျတဲ့ ကောင်မလေး များစွာ ရှိနေတာပါ။ အိပ်မက်ထဲ ထည့်မက်ချင်တဲ့ သူတစ်ဦးအဖြစ် မိန်းကလေး အချို့ရဲ့ သတ်မှတ်သံကို ကြားပြီး ဒီဇာတ်ကား ရိုက်ကူးဖို့ ပိုင်ဖြိုးသုက စိတ်ကူး ရခဲ့တာ ဖြစ်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က ဒီကားထဲမှာ အဆိုတော်၊ သရုပ်ဆောင် အဖြစ် ပါဝင် သရုပ် ဆောင်ထားတာပါ။ ပိုင်ဖြိုးသုက စိုင်းစိုင်းကို အရူးအမူး သဘောကျတဲ့ စိတ္တဇ ဝေဒနာရှင်လေး အဖြစ် သရုပ်ဆောင်ထား ပါတယ်။ စိုင်းစိုင်းကို သဘော ကျတာကြောင့် အိပ်တဲ့ခေါင်းအုံး၊ အခန်းရဲ့ မျက်နှာကြက်တို့မှာ စိုင်းစိုင်းရဲ့ ပုံတွေကို ထားထားသလို ကုပ်ပေါ်မှာ စိုင်းစိုင်းရဲ့လက်မှတ်ကိုလည်း တက်တူး ထိုးထားတာပါ။ ဒါ့အပြင် စိုင်းစိုင်း စာလုံးနဲ့ ဆွဲကြိုးတွေကိုလည်း ဆွဲပြီး စိုင်းစိုင်းကို ရူးသွပ်စွာ စွဲလမ်းသူ အဖြစ် ပိုင်ဖြိုးသုက သရုပ်ဆောင် ထားပါတယ်။
စိုင်းစိုင်းကို ချစ်တယ်ဆိုတဲ့ ဇာတ်ကားမှာ စိုင်းစိုင်းကို ချစ်တဲ့ပြင်ပက ကောင်မလေး ဘယ်နှယောက် ရဲ့ပုံစံတွေ ဒီထဲမှာ ထည့်ဖို့ ဒါရိုက်တာ မောင်မျိုးမင်းကို ပြောထားသေးလဲ ဆိုတာနဲ့ ပတ်သက်ပြီး “ကျွန်တော့်မှာ တစ်နိုင်ငံလုံးက ပရိသတ်မျိုး စုံရှိတာ ဆိုတော့ အကုန်လုံးကို ဦးမျိုးကို ပြောပြပါတယ်။ ပိုင် ဖြိုးသုရဲ့ Character ကတော့ အပြင်မှာ မရှိပါဘူး။ ဒါပေမဲ့ သဘာဝနဲ့ နီးစပ်ပါတယ်”လို့ စိုင်းစိုင်းက ဆိုပါတယ်။ ဒီ ကားမှာ ပိုင်ဖြိုးသုရဲ့ သရုပ်ဆောင်မှုက ကျွန်တော့်ထက် ပိုပြီး ကောင်းပါတယ် ဆိုတဲ့ ချီးကျူး စကားကိုလည်း စိုင်း စိုင်းက ဆိုပါသေးတယ်။
ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ၀တ်မှုံရွှေရည် ဇာတ်ကား စရိုက်တဲ့ ကားမှာ စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲဖက် သရုပ်ဆောင်စေခဲ့ပါ တယ်။ ဒီကားမှာ ၀တ်မှုံရွှေရည်ရဲ့သရုပ်ဆောင်မှုကို ပရိ သတ်တွေက အသိအမှတ်ပြု လက်ခံ ခဲ့ကြတာပါ။ ဒါ့ကြောင့် ပိုင်ဖြိုးသုနဲ့ စိုင်းစိုင်း တွဲတဲ့အခါ ပိုင်ဖြိုးသု အတွက် ပရိသတ် အားပေးမှု ရစေမှာလား ဆိုတာနဲ့ ပတ်သက်ပြီး “ပရိသတ်သိသွားနိုင်တယ်။ တစ်ခုခု သတိ ထားမိသွားမယ်။ သြော် သူက ဒီလိုကာရိုက်တာ လည်း လိုက်တယ်ဆိုတာမျိုး ပေါ့။ ရုပ်ကိုကြည့်ရင် အေး အေးလေး၊ လုပ်တော့မှ ၀ုန်းခနဲ စိတ်ထင်တာကို ကြမ်းကြမ်း တမ်းတမ်း ထလုပ်တတ်တဲ့ ပုံစံမျိုးပေါ့။

စိုင်းစိုင်းရဲ့ ရိုက်ကွင်းကို ပိုင်ဖြိုးသုက လိုက်ကြည့်တယ်။ မင်းသားနောက်ကို လိုက်ကြည့်တယ် ဆိုတော့ အထင်သေးတာပေါ့။ အထင် သေးပြီး ရိသဲ့သဲ့ လုပ်တဲ့ ကောင်လေးတွေကို ပထမ ပိုင်းတော့ အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန်ပြော တယ်။ ပြောလို့မရတော့ စားနေတဲ့ကြေးအိုးနဲ့ ထပက်လိုက် တာမျိုးတွေ လုပ်တတ်တယ်။ အဲဒီလို ပုံစံတွေဆိုတော့ ပရိသတ်တွေ သတိထားမိနိုင်တယ်” လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ဆိုပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်းက အနုပညာရှင်၊ Celebrities တွေနဲ့ ရည်းစားဖြစ်တဲ့ ပြင်ပက ပိုက်ဆံ ချမ်းသာတဲ့ ကောင်မလေး အချို့ရဲ့ စရိုက်များကိုလည်း ထည့်ရိုက် ထားပါသေးတယ်။’Celebrities နဲ့ ကြိုက်တဲ့ သူ၊ တက်လာတဲ့ Celebirty ငါ့ရည်းစားဖြစ် ရမယ်ဆိုတာမျိုး သတ်သတ်ရှိတယ်။ သူတို့ မိဘတွေက ပြည့်လည်း ပြည့်စုံတယ်။ ချမ်းလည်း ချမ်းသာတယ်။ ဘယ်သူ လာလာ၊ တစ်ချိန်တည်းမှာပဲ စိုင်းစိုင်းနဲ့ ရည်းစား ဖြစ်တယ်။ ရဲလေး၊ ထွန်းထွန်းနဲ့လည်းဖြစ်တဲ့ သူတွေရှိဖူးတယ်။ အဲဒီလို ကောင်မလေးမျိုးတွေ အကြောင်းလည်း ပါတယ်။ တကယ်ချစ်တယ် ဆိုတာ ဘာလဲ ဆိုတာကိုပါ ထည့် ရိုက်ထားတယ်” လို့ ဒါရိုက် တာ မောင်မျိုးမင်း(ရင်တွင်း ဖြစ်)က ဆိုပါတယ်။

စိုင်းစိုင်းကို ချစ်တဲ့ ကောင်မလေး အဖြစ် သရုပ် ဆောင်တဲ့ ပိုင်ဖြိုးသုက ဆေး တက္ကသိုလ် တက်နေတာကြောင့် အနုပညာ အလုပ်နဲ့ လေးနှစ်လောက် အဆက်ပြတ် နေခဲ့ တာပါ။ ဒါရိုက်တာ မောင်မျိုး မင်း၊ ဒါရိုက်တာ ညိုမင်းလွင် တို့နဲ့ ဇာတ်ကား အချို့ရိုက်ကူး ပြီးထားသူလည်း ဖြစ်ပါတယ်။ စိုင်းစိုင်းကိုချစ်တယ် ဆိုတဲ့ ဇာတ်ကားမှာ စိတ်ဝေဒနာရှင် ကောင်မလေး အဖြစ် သရုပ်ဆောင် ထားတာကြောင့် မျက်လုံး အမူအရာတွေက အစ လေ့လာ ပြင်ဆင်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စိုင်းစိုင်းကိုချစ်တယ် ဆိုတဲ့ ဇာတ်ကား ထွက်လာချိန်မှာ ဒီနာမည်ပြောပြီး အခွေငှား၊ အခွေ ၀ယ်ကြမှာဖြစ်တဲ့ အတွက် စိုင်းစိုင်းကို ချစ်တယ်ဆိုတဲ့ စကားနဲ့တင် ကျေနပ် ပီတိဖြစ် မှာလား ဆိုတာနဲ့ ပတ်သက်ပြီး စိုင်းစိုင်းက “ချစ်ခြင်းမေတ္တာ ကလူတစ်ယောက် အပြန်အလှန် ရှိတယ်။ ချစ်ခြင်းမေတ္တာ တရားကို လူတွေဆီကရတယ် ဆိုကျေနပ်စရာပါ။ ကျွန်တော် ပျော်မှာပါ” လို့ ဆိုပါတယ်။
ဒါရိုက်တာ မောင်မျိုးမင်း(ရင် တွင်းဖြစ်)က ဒီဇာတ်ကား နာမည်အဖြစ် စိုင်းစိုင်းကိုချစ်တယ်လို့ မပေးချင်ပါဘူး။ ဒွေးကိုချစ်တယ် ဆိုတာရှိတဲ့ အတွက်ကြောင့်ပါ။ ဒါ့ကြောင့် I Love Sai Sai (အိုင်လပ်ဖ်စိုင်းစိုင်း) လို့ အမည်ပေးဖို့ စဉ်းစား ထားပါတယ်။ စိုင်းစိုင်းကို ချစ်တယ် (သို့မဟုတ်) I Love Sai Sai ထွက်လာတဲ့ အခါ စိုင်းစိုင်းကို ချစ်တဲ့ ပရိသတ်တွေ စိုင်းစိုင်း ကို ဘယ်လို ကိုယ်ချင်းစာနိုင် ကြမလဲ။ စိုင်းစိုင်းကို ချစ်ကြ သူအချင်းချင်း ဘယ်လို စာနာမှုတွေ ပေးနိုင်ကြမလဲ ဆိုတာ စောင့်မျှော်ကြည့်ကြရ မှာပါ။ ဒီဇာတ်ကားကို Heart & Soul ထုတ်လုပ်ရေးကနေ ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

ခင်လေးမြင့် (ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
|
ခင်လေးမြင့် |
| About the author: |
| | |