|
Written by မြင့်မြတ်နိုင်
|
|
Wednesday, 15 August 2012 15:33 |
မန္တလေး ဆိုတာနဲ့ ရေနီမြောင်းကို သိကြမှာပေါ့။ မသိရင်တော့ ဆရာမ ဂျူးရဲ့ အမှတ်တရ ဆိုတဲ့ ၀တ္ထုကိုသာ ရှာဖတ်ပေရော့။ ကျုပ်ကတော့ ရေနီမြောင်းထဲမှာ ရေဆင်းချိုးရင်း တစ်ခါတစ်ခါ စုစုထွေးရဲ့ ခြေသံနဲ့ ငိုရှိုက်သံကိုတောင် ကြားရတယ်။
uboxone buprenorphine naloxone alcohol food Interactions cialis dosage. If fast dosing adjustments need to be made, the sufferer ought to be asked to hold back a pair of hours for more evaluation, when peak levels are actually reachedCall your physician at once if you have swelling in your hands or feet, rapid excess weight, pounding heartbeats or fluttering with your chest, urinating less than usual, jaundice yellowing of the skin or eyes, heart problems or heavy feeling, pain spreading on the arm or shoulder, nausea, sweating, general ill feeling, or if you believe like you might swoon buy cialis over the counter. argaiv1059
အမှတ်တရ ဖတ်တုန်းက လူကို နုံးချည့်ပြီး ပျော့ခွေသွားတယ်။ ဒါပေမဲ့ အဲဒီ့ အရသာကို ကြိုက်တယ်။ နောက်တစ်ကြိမ် နောက်တစ်ခေါက် ဆိုတာ မလွယ်တော့ဘူးလေ။ ဘာပဲဖြစ်ဖြစ် ဆရာမဂျူးကို ကျေးဇူး တင်ပါတယ်။ ရေနီမြောင်းမှာ ရေချိုးရင်းနဲ့ စုစုထွေးရဲ့အရိပ်ကို လိုက်ဖမ်းနေတာ ကြာပြီ။ တွေ့မဲ့တွေ့တော့လည်း ကိုယ်ပွားတွေနဲ့ အများကြီးဗျာ။ ဘယ်လိုတောင် နားလည်ရမှန်း မသိတော့ဘူး။ ရေနီမြောင်းရဲ့သည်းခံနိုင်မှုကတော့ ခုခေတ် စိုင်းစိုင်းတို့ဆိုနေသလိုပဲ ၉ လောက်ကို ရှိတယ်။ သူ့ဘေးနားမှာ တီးတိုးတီးတိုး သဖန်းပိုး လုပ်လည်း အေးဆေးပဲ။ ထုကြ၊ ရိုက်ကြ၊ လက်ညှိုးတွေထိုး၊ စာအုပ်တွေ လွှတ်ပစ်လည်း အေးဆေးပဲ။
အသုပ်လေးစား၊ အကြော်လေး ကိုက်ပြီး သူ့ကို အမြတ်တနိုး ကြည့်နေလည်း အေးဆေးပဲ။ ကျုပ်နေ့တိုင်း ရေလာဆင်းချိုး တာတောင် အေးဆေးပဲ။ ဘာတဲ့ဗျာ။ လူတစ်ယောက်က မြစ်တစ်ခုကို ရေနှစ်ခါ ဆင်းမချိုးနိုင်ဘူးတဲ့။ ကြားဖူးတာပါ စာပေသမားတွေ စုတဲ့ မိသားစု လက်ဖက်ရည်ဆိုင် ထိုင်ရင်း သူတို့ပြောတာတွေ လိုက်မှတ်ထားတာ။ မြစ်ကလည်း စီးနေတော့ အသစ်ဖြစ်သွား၊ လူကလည်း ထိုနည်းလည်းကောင်း ဆိုတော့ နှစ်ကြိမ်မှာ တစ်ကြိမ်နဲ့ တစ်ကြိမ် မတူတော့ဘူးပေါ့ဗျာ။
လိုရင်လည်း ဖြည့်တွေးကြပေါ့ဗျာ။အဲဒီရေနီမြောင်းထဲ အကြိမ်ကြိမ် ရေဆင်း ချိုးနေကျဆိုတော့ ရေနီမြောင်းနဲ့ ကျုပ်နဲ့က ဘယ်လောက် ရင်းနှီးရင်းနှီး အသစ်ချည်း ဖြစ်နေတော့မှာပေါ့။ သေချာတာက ကျုပ်က ပိုသစ်မယ်။ ကျုပ်ရဲ့ခန္ဓာကိုယ်ထဲက ပြောင်းလဲမှု တွေက ရေနီမြောင်းတောင် မှတ်မိမှာ မဟုတ်ဘူး။ မြန်ဆန်ပုံများ ပြောပါတယ်။ ရေနီမြောင်းထဲ တခြား ဆင်းချိုးသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ကျုပ်လောက် အကြိမ် ရေတွက်များနိုင်မယ် မထင်ဘူး။
တစ်ခါတလေ ရပ်ကွက်ထဲက ဘောသမားလေးတွေ ဘောကန်ပြီး လာ ရေချိုးကြတယ်။ တဟေးဟေးတ၀ါးဝါးနဲ့ပေါ့။ ကျုပ်တို့ရွှေမန္တလေးရဲ့ ရတနာ ပုံအသင်း ကန်တုန်းက ဘယ်လိုအားပေးတာ။ မနိုင်လို့ ရန်ဖြစ်ကြတာ ဘယ် လိုရိုက်လိုက်တာ။ ဘယ်ကောင့်ကို ဘယ်လိုဆဲလိုက်တာ။ အဲဒီလိုအချိန်ဆို ကျုပ်အတွေးတွေတောင် မလှနိုင်တော့ဘူးဗျာ။ ကျုပ်လည်း မန္တလေးသားစစ် စစ်တစ်ယောက်ပါ။ ဒါပေမဲ့ ကျုပ်တို့ ရွှေမန္တလေးသားတွေက နိုင်ရင်နိုင်၊ မနိုင် ရင်ဘာဆိုတာကြီး တံဆိပ်ကပ်လိုက်နေမှာကို ကျုပ်က စိုးရိမ်တာ။ ဒီကောင် တွေတော့ သွားပြီး တရား မချရဲပါဘူး။ ဘဲနာကြီးဆိုပြီး ဆဲလိုက်မှ ဟုတ်ပေ့ဖြစ် နေမယ်။ ပြီးတော့ ကိုယ်က တစ်ယောက်တည်း။ ဒီကောင်တွေက တစ်ယောက် တည်းဆို အားနည်း သူလို့ မြင်ပြီး နဂိုကမှ ရန်ထောင်ချင်နေကြတာ။ အဲဒီတော့ အေးအေးဆေးဆေး ရေနီမြောင်းကိုပဲ တိုင်တည် ရတော့တာပေါ့။ တံဆိပ်ဆိုလို့ တချို့တံဆိပ်တွေက ကပ်ပြီး ရင်ခွာလို့ရတယ်။ တချို့ကတော့ တစ်သက်လုံး ခွာလို့ မရတော့ဘူး။
ခက်တယ် ရေနီမြောင်းရေ။ ကျုပ်တို့ရွှေမြန်မာတွေက မဟုတ်တဲ့နေရာ ဆို ထိပ်ဆုံးရောက်အောင် ပြိုင်တတ်ကြတယ်။ ပြီးရင် နောက်မျိုးဆက်ကို ပြန် အပြစ်တင်ကြသေးတယ်။ ကျုပ်ကတော့ သူငယ်ချင်း တစ်ယောက် အိမ်ခါး ပန်းမှာ ရေးထားတာကို ကြိုက်လိုက်တာမှ တအားပဲ။ ဘာတဲ့သူများအကြောင်း ပြောချင်ရင် မှန်ရှေ့ကို အရင်ပြေးပါတဲ့။ ပတ်ဝန်းကျင်မှာလည်း သူများ မကောင်းကြောင်း ကိုယ်ကောင်းကြောင်း ပြောတဲ့လူတွေချည်းပဲ။ ကျုပ်တောင် ပါနေပြီလား မသိဘူး။ ရပါတယ်၊ နောက်ဆို ရေလာချိုးရင် မှန်သေးသေး လေး ဆောင်လာမယ်။ သူများ အကြောင်းပြောချင်ရင် မှန်ထုတ်ကြည့်မယ်။အခုတော့ ဆက်ပြောပါရစေဦး။
ရေနီမြောင်းရေ မင်းသိလား။ မင်းဘေးနားမှာ တိုက်ကြီးတွေတစ်လုံးပြီး တစ်လုံးဟီးဟီးထနေတာပဲ။ ပိုင်ရှင်တွေကလည်း ဖြူလိုက်တဲ့အသား၊ မန္တလေး နေပူရှိန်က သူတို့ကိုမထိသလိုပဲ။ ထမင်းချိုင့်ကိုယ်စီနဲ့ စက်ဘီး ဖြတ်လျှောက်စီးသွားတဲ့ သူငယ်မတွေက ဆိုတယ်။ ဘာတွေလုပ်လို့ ဒီ လောက်တောင် ချမ်းသာကြပါလိမ့်တဲ့။ ဒီရှေ့က အမြဲဖြတ်နေတာ၊ အလုပ်ရှုပ် ကြတာလည်း မတွေ့ဘူးတဲ့။ ကျုပ်နဲ့ရေနီမြောင်းနဲ့ ပြိုင်တူတောင် ရယ်မောမိ ကြတယ်။ ကျုပ်ရယ်တာ အသံထွက်သလို၊ ရေနီမြောင်းကလည်း ဘောင်ဘင် ခတ်ပြီး အသံထွက်တယ်။ ထားပါ။ ကျုပ် သဘောကျတာ အဲဒီအိမ်ရှင်ကြီး တွေက သူတို့ရဲ့အခိုင်းအစေလေးတွေကို ရေနီမြောင်းဘေးမှာ အလှပင်လေး တွေ စိုက်ခိုင်းတယ်။ ရေလောင်းတယ်။ ပေါင်းရှင်းတယ်။ ကျုပ်ရေလာချိုး တိုင်း စိတ်ချမ်းသာရသလို ရေနီမြောင်းလည်း စနစ်တကျပိုလှပတာပေါ့ဗျာ။ပြီးတော့ အမှိုက် ပစ်မဲ့လူတွေကလည်း လက်တွန့်သွားတာပေါ့။
ဟိုတစ်လောက စာအုပ်တစ်အုပ် ကျုပ်ဆီရောက်လာတယ်။ ရေအကြောင်း ရေးထားတဲ့ ဘာသာပြန် စာအုပ်လေးပါ။ စာအုပ်လက်ဆောင်ပေးသူကစာအုပ် လက်ခံသူကို ဒီလိုရေးပြီးလက်မှတ်ထိုးပေးထားတယ်။ “ညီလေး၊ ရေကို ကိုယ့်မိဘလို ရိုသေပါ”တဲ့။ နည်းနည်းတော့ ဖြုံသွားတယ်။ နောက်ပိုဖြုံသွားစေတဲ့ စာပိုဒ် လေးက ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌ အစ္စမေးလ် စေရာ ဂျဲလ်ဒင်ရဲ့စကားပဲ။ ဘာတဲ့ သည်ရာစုနှစ်ရဲ့စစ်ပွဲ တွေဟာ လောင်စာဆီအတွက်လို့ဆိုရင် နောက်ရာ စုနှစ်ရဲ့ စစ်ပွဲတွေဟာ ရေအတွက် ဖြစ်လိမ့်မယ်တဲ့။ ကြောက်စရာကြီး။ ဟုတ်ရောဟုတ်နိုင်ပါ့မလား ဆိုပြီး ဖတ်ကြည့်ပြီးတော့မှ ဟုတ်နိုင်တယ်ဆိုတာ သိခဲ့ရတယ်။
ဒီတော့ ကျုပ်အတွက် မရှိမဖြစ် ရေနီမြောင်းဟာ ကျုပ်ရဲ့အသည်းနှလုံး ဖြစ်သွားပြီပေါ့။ အစားအသောက် ကောင်းလေး စားရရင် ချစ်ခင် သူတွေကို သတိရတတ်သလို ဒီစာအုပ်လေးကို ဖတ်လိုက်ရတော့ ချစ်ခင်သူတွေ အားလုံးကို သတိရသွားတယ်။ ၀ယ်ပြီး ပေးမယ်ဆိုပြီးကြည့် လိုက်တော့ အဖွဲ့ဝင်အတွက်သာ ကန့်သတ်ထုတ် ဝေသည်တဲ့။ ဒါဟာလည်း မဖြစ်သင့်တော့ပါဘူး ရေနီမြောင်းရယ်။ ကောင်းပြီဆိုတာနဲ့ အကန့် အသတ်ကြား ရောက်သွားရတဲ့အဖြစ်ကို။ အဲဒီစာအုပ်ဖတ်ပြီး အိပ်မက်တွေ တစ်မျိုးပြီးတစ် မျိုးမက်တယ်။ အိပ်မက်ထဲမှာ ကျုပ်က ထုံးစံ အတိုင်း ရေနီမြောင်းမှာ ရေသွားချိုးတာ ပိုက်ဆံ ကောက်ပါလေရော။ ကြေးကများတော့ ကျုပ် ရေမချိုးရလို့ဆိုပြီး ငိုခဲ့ရတယ်။ နောက်တစ်ခါကျ တော့ ရေနီမြောင်းက ရေတွေမရှိတော့ဘဲ။ အအေး ဆိုင်တွေ အသုပ်ဆိုင်တွေ ဓာတ်ဆီဆိုင်တွေနဲ့ ပြည့်နေတယ်တဲ့။ အိပ်မက်ဆိုးဆိုတာ ဒါနဲ့ တူပါတယ်။
တကယ်ပါ။ ကျုပ်သေသွားရင်တောင် ရေနီ မြောင်းထဲက ပေါက်ဖွားလာတဲ့ခြင်တစ်ကောင် ဖြစ်ချင်တယ်။ အစကတော့ လူချစ်လူခင်ပေါတဲ့ ရွှေငါးလေးဖြစ်ချင်ပေမဲ့ ခုတော့စိတ်ပြောင်းသွား တယ်။ ခြင်ပဲဖြစ်ချင်တယ်။ အကြောင်းပြချက် လား၊ ရှိတာပေါ့။ ခြင်တွေက သက်တမ်းတိုတယ် လေ။ ကျုပ်ဒီဘ၀မှာ မရတာတွေအတွက် နောင် ဘ၀ကို လှမ်းမျှော်မိသွားတယ်ဗျာ။ ရှက်စရာ ဟုတ်ပါဘူးနော်။ အတွေးလေးနဲ့ စိတ်ချမ်းသာ ကြည့်တာ ဘယ်သူ့ထိခိုက်တာမှတ်လို့။ ကျုပ်စားချင်တာ ရှိရင် အမေက ထဘီ ပေါင်ကျွေးတတ်တယ်။ ကျုပ် ဒီနေ့အထိ အသက်ရှင်သန်နေတာ လည်း အမေ့ကြောင့်ပါပဲ။ အမေက ၆၀ ကျော်ပြီ။ သူ သေပြီးမှ ကျုပ်ကိုသေတဲ့။ ဟုတ်တယ် ရေကို ကိုယ့်မိဘလို ရိုသေဆိုသလို ကိုယ့်မိဘကိုလည်း ရေလိုရိုသေရမှာပေါ့။ မိန်းမလား မိန်းမအကြောင်း တော့ မပြောချင်တော့ပါဘူးဗျာ။
ဒါပေမဲ့ ခင်ဗျားတို့လည်း သိပါတယ်။ ဇောက်ထိုးပြောရင် ခေါက်ချိုး နားလည်ရမယ် ဆိုတာ။ မပြောချင်တော့ဘူး ဆိုတာ ပြောတော့မယ် ဆိုတဲ့ သဘောပဲ။ သူကခု ချိန်မှာတော့ ဘယ်ဆီ ရောက်နေမှန်းတောင် မသိ တော့ပါဘူး။ ဘယ်သူနဲ့လဲ ဆိုတာလည်း စိတ်မ၀င် စားတော့ပါဘူး။ ကျုပ်ကိုပစ်ပြီး ထွက်သွားတယ်။ သွားတာမှ ရိုးရိုးမသွားဘူး။ ပတ်ဝန်းကျင်က မကြားသင့်တဲ့ အတွင်းရေးတွေကို အော်ဟစ်ပြီး ထွက်သွားတာ။ အမေကတော့ ၀မ်းတွေ သာလို့။ အစကတည်းက သဘောမတူသူဆိုတော့ ၀မ်းသာပြီပေါ့ဗျာ။
ကျုပ်က စာအုပ်ဆိုင်လေး ဖွင့်စားတယ်။ ဒီတော့ စာအုပ် အကြိမ်ကြိမ် လာငှားရင်း ငြိသွား ရောဆိုပါတော့။ ကျုပ်ကလည်း အရူးအမဲသား စားမိသလိုပဲ။ တမ်းတမ်း စွဲဖြစ်သွားတာ။ အမေကို ကလန်ပြီး ယူတော့တာပဲဗျို့။ အဲ၊ သူက အင်မတန် လှပတဲ့ တစ်ခုလပ်ကလေးဗျ။ ခုကျတော့လည်း ဗျာ၊ ကက်ကက်လန် ရန်တွေ့ အော်ဟစ်ပြီး ဆင်းသွားတာ၊ ယုံတောင် မယုံနိုင်တော့ဘူးဗျို့။ ကျုပ် လည်း စိတ်တွေတအားညစ် မခံနိုင်တော့၊ ဆင်းပစေတော့ အမေနဲ့ပဲ နေမယ်လို့ ဆုံးဖြတ်လိုက် တယ်။ မခံနိုင်တော့ဘူးဗျာ။ သူ အော်ဟစ်သွား လို့လည်း ရပ်ကွက်ထဲမှာ ရေချိုးလို့မရတော့တာ။ ကောင်းပါတယ်။ ရေနီမြောင်းနဲ့ ဖူးစာဆုံတာပေါ့။ စာအုပ်ဆိုင်လည်း ပိတ်လိုက်ရတယ်။ စာအုပ်တွေ ကတော့ ရှိသေးတယ်။ အားရင် တစ်ယောက်တည်း ထိုင်ဖတ်နေတယ်။ နောက်တော့ အမေက သူ့ရှေးနားကပ်လေး ဖြုတ်ရောင်းပြီး ဆိုင်ကယ် စုတ်လေး ၀ယ်ပေးတော့ ကယ်ရီ ဆွဲစားနေတယ်။ ခုတော့ တော်တော်နေသားကျနေပြီ။ ရေနီမြောင်း ထဲ ရေသွားချိုးရမှာလည်း ဘယ်တော့မှ ပျင်းတယ် မရှိတော့ဘူး။ စာအုပ်တွေ ထိုင်ဖတ်နေလို့ လည်း ငြီးငွေ့တယ် မရှိတော့ဘူး။ ဆိုင်ကယ်ဆွဲရတာလည်း အတော်လေးကို ဟုတ်နေတယ်။ မနက်ပိုင်း၊ ညနေပိုင်း အားစိုက်လိုက်ရင် သားအမိနှစ်ယောက် နားအေးပါးအေး စားလို့ရတယ်။ ကျန်းမာရေး အတွက်လည်း လုပ်သင့် လုပ်ထိုက်တာလေး လုပ် ပေါ့။ ဘ၀က သွားပြီ၊ စုတ်ပြတ်ပြီလို့ ထင်တာ။ ခုမှတကယ်အေးချမ်းလာတယ်။ အားရင် သားအမိ နှစ်ယောက် ဘုရားအစုံ သွားဖူးလိုက်သေးတယ်။ ဒီလိုနဲ့ တစ်နှစ်ပြီး တစ်နှစ်၊ ရေနီမြောင်းနဲ့ အတူ အပြိုင်စီးဆင်း။ တစ်ရက်။ ဆရာမတွေပေးတဲ့ သင်တန်းတစ်ခုက အမေပြန်လာတယ်။ မျက်လုံးတွေလည်း နီရဲမို့နေတယ်။ အမေငိုခဲ့တယ်။ သင်တန်းမှာ သား အကြောင်းရင်ဖွင့်ရင်း အမေငိုခဲ့တယ်။ အမေ သူ့ရဲ့နာကြည်းချက်တွေကို ရဲရဲရင့်ရင့်ဖောက်ထုတ်ခဲ့တယ်။ ဆရာ၊ ဆရာမတွေနဲ့ တခြားလူတွေ အားလုံး စိတ်မကောင်းဖြစ်ပြီး လိုက်ငိုကြတယ်တဲ့။ အမေသူတို့ကို သင်ခန်းစာတွေ လက်တွေ့ကျကျပေးခဲ့ပြီပဲ။ အမေ တာဝန်ကျေပါတယ်လေ။ ကျုပ်အမေ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားမိတယ်။ ကျုပ်ရဲ့မျက်ရည်တွေကိုတော့ ရေနီမြောင်းထဲမှာ ရေချိုးရင်းဖောက်ထုတ်ခဲ့ရတယ်။ ကျုပ်မျက်ရည်တွေက ရေနီမြောင်းကို မညစ်ညမ်းစေလောက်ပါဘူး။
တစ်ရက်။ အမေက ပြောတယ်။ သားရေ စာအုပ်ဆိုင်ပြန်ဖွင့်ရအောင်တဲ့။ ပြီးတော့ ရပ်ကွက်ထဲမှာ သား ရေပြန်ချိုးဖို့ ကြိုးစားပါတဲ့။ အမေနဲ့သားအတူ နေရတုန်းအချိန်လေးမှာ လောကကြီးကို တတ်စွမ်းသလောက်ပြောင်းလဲရ အောင်တဲ့။ သြော် အမေတောင် လောကကြီးကို စိန်ခေါ်နေပြီ။ ရေနီမြောင်းရေ မင်းခွင့်ပြုမယ်လို့ ထင်ပါတယ်။ စိတ်ချ မင်းဆီကိုလည်း မကြာမကြာလာမယ် လေ။ ကျုပ်တို့သားအမိ နေထိုင်သွားတယ်ဆိုတာ လောကကြီးက အသိအမှတ် ကို ပြုရမယ်။ ကူညီအားပေးမဲ့ ဆရာ၊ ဆရာမတွေကလည်း ရှိနေပြီလေ။ ကျုပ်တို့သားအမိလို နောက်လူတွေ မကြုံစေရဘူး။ လူဆိုတာမသေခင်ကောင်း သော အပြောင်းအလဲတစ်ခုခုကို လုပ်သွားနိုင်ရမယ်ကွ။ သူများတွေအားကျ လို့ကြီးကြီးကျယ်ကျယ် ပြောကြည့်တာပါ။ ရေနီမြောင်းရာ။ အမြင်မကတ်ပါနဲ့။
တစ်ည အိပ်မက်ဆိုး မက်တယ်။ ဆိုးတာမှ သားအမိနှစ်ယောက် တစ်ပြိုင်နက်သေဆုံး။
တစ်ရက်။ နေသာတဲ့ တစ်မနက် ရေနီမြောင်းဘေး လမ်းလျှောက် ထွက်ခဲ့တယ်။ ရေစီးသံကို နားထောင်တယ်။ တငြိမ့်ငြိမ့်ရေစီးကို သေသေချာချာ လေးငေးမိတယ်။ ဘ၀ဟာ သာယာသားပဲလို့ ရေရွတ်မိတယ်။ ၀င်းစံပယ်ဆိုင် မှာ ငါးထမင်းနယ် တစ်ပွဲမှာစားတယ်။ ဂျူးမြစ်လေးကို ကိုက်လိုက်၊ ရေနီ မြောင်းကို ငေးလိုက်နဲ့ ပစ္စုပ္ပန်တည့်တည့်မှာ ကျုပ် ရှိနေတယ်။ အမေ့အတွက် ပါဆယ်တစ်ပွဲ။ ဆိုင်က ကလေးမလေးက အဆိုတော်အောင်လက နိုင်ငံခြား အပြီးသွားမှာ ဘာလို့လဲ မသိဆိုပြီး ညည်းတယ်။ ဟိတ် ကလေးမလေး သူ့ချစ်သူက နိုင်ငံခြားမှာကွ ဆိုတော့ ရှက်သွားပြီး သိရတဲ့အတွက်ကျေးဇူးတင် ပါတယ်တဲ့။ ကလေးမသိချင်တာ သိခွင့်ပေးလိုက်ရတာ ကျုပ်တော့ တော်တော် ကြည်နူးသွားတယ်။ ကလေးမကတော့ မန္တလေးအက်ဖ်အမ်နားထောင်ပြီး ဇဝေဇ၀ါတွေဖြစ်၊ ကျုပ်အဖြေကြားတော့ ကြေကွဲသွားမလား မပြောတတ်ဘူး။
အိမ်ရောက်တော့ အမေ့ကို မတွေ့ရဘူး။ မိန်းမစီး ဖိနပ်တစ်ရံကသာ ဆီး ကြိုနေတယ်။ ဘေးအိမ်ကလူတွေက ကျုပ်ကို ခိုးပြီး ရှိုးနေတယ်။ ဘေးအိမ်က ခွေးတွေကလည်း ကျုပ်ကိုတောင်မဟောင်ဘဲ ရှုတည်တည်ကြည့်နေတယ်။ လေထဲက အနံကအောက်သိုးသိုးကြီး။ ကျုပ်အသက်ကို အောင့်ထားမိတယ်။ အမေ မစားမှာသေချာတော့ ငါးထမင်းနယ်ကို ခွေးတွေရှိရာချိန်ပစ်လိုက် တယ်။ ခေါင်းကိုအောက်စိုက်ပြီး ခြေလှမ်းတွေက ရေနီမြောင်းဘက်ကို အလို လို ပြန်ဦးတည်မိတယ်။ သေချာတာကတော့ ရေချိုးချင်လို့မဟုတ်ဘူး။
မြင့်မြတ်နိုင် (Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
|