|
Written by ကေကလေး
|
|
Friday, 17 August 2012 12:09 |
ကျွန်မတို့ အဖေသည် နိုင်ငံ့ဝန်ထမ်း အဖြစ်ဖြင့် မိသားစု စားဝတ်နေရေး အတွက် ကျွမ်းကျင်ရာ အခြား လုပ်ငန်းများကို အခွင့် သင့်သလို လုပ်ကိုင်ရင်း ၀ါသနာ အလျောက်စာရေး၊ စာဖတ်ပြုနေသူ ဖြစ်ပါသည်။
argaiv1598
ထိုသို့ စာရေး စာဖတ်ပြုရာမှ စာရေးဆရာကြီး သာဓု၏ စာပေ လက်ရာစုံကို ဖတ်ရှု၍ ဘဘကြီး ဦးသာဓုအား လေးစား ချစ်ခင်ကြည်ညိုနေသူ ဖြစ်ပါသည်။ အထူးသဖြင့် အဖေသည် ဦးသာဓု၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့တွင် အများတကာ နှင့် ခြားနားစွာ ခံယူပြုမူမှုကို အထူး သဘောကျသည်ကိုလည်း ကျွန်မ ဂရု ထားမိပါသည်။ ထို့ပြင် အဖေသည် ဦးသာဓု၏ သားများဖြစ်သော မောင်ဝဏ္ဏ၊ သုမောင်၊ ရူပ၊ မင်းလူနှင့် အာယုတို့၏ စာပေ၊ ရုပ်ရှင်၊ ဂီတနှင့် ဟောပြောမှုစသည့် အနုပညာ ရပ်များကို အစဉ်တစိုက် အားပေး ခံစားနေသူ ဖြစ်သည်။ အဖေသည် ဦးသာဓု၏ သားများအား အားပေးပြီး ညီရင်း အစ်ကိုသဖွယ် ချစ်ခင်နေသည်မှာ ဦးသာဓု အား လေးစားချစ်ခင်ကြည်ညိုမှုအပြင် ဦးလေး ဆရာတို့၏ အနုပညာ ဖန်တီးမှုကို နှစ်သက်ခြင်းကြောင့်လည်း ဖြစ်ပါလိမ့်မည်။
ကျွန်မသည် မဂ္ဂဇင်းများတွင် ကလောင်သွေးရင်း စာဖတ် ၀ါသနာထုံသူ ပီပီ အဖေ စုဆောင်းထားသော စာအုပ်စင်ထက်မှ စာအုပ်များကို မွှေနှောက်၍ ကောင်းနိုးရာရာကို ရွေးချယ် ဖတ်ရှုလေ့ ရှိသည်။ အဖေ့ စာအုပ်စင်ကို ကျွန်မ မွှေနှောက်ရာမှ (ဦးလေးဆရာ)မောင်ဝဏ္ဏ၏ ပန်းတွေနှင့်ဝေ ၀တ္ထုကို တွေ့ရှိ ဖတ်ရှုဖြစ်ပါသည်။ ပန်းတွေနှင့် ဝေမှာ ကျွန်မတို့ မမွေးမီက ထုတ်ဝေခဲ့သော လူငယ် ဘ၀နှင့် အချစ်သရုပ်ဖော် ဆွတ်ပျံ့ဖွယ် ၀တ္ထု ဖြစ်သော်လည်း ကျွန်မ အတွက် လက်ခံ နှစ်သက်စရာ အကြိုက်တွေ့ဝတ္ထုတစ်ပုဒ် ဖြစ်နေပါသည်။
ထို့ပြင် မကြာမီ လပိုင်း အတွင်းက မြန်မာ့ ရုပ်မြင်သံကြား အစီအစဉ်မှ ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူး၍ ညွန့်ဝင်း၊ အောင်လွင်နှင့် ခင်ယုမေတို့ ခေါင်းဆောင် သရုပ်ဆောင်သည့် ပန်းတွေနှင့်ဝေ အဖြူအမည်း ရုပ်ရှင်ကားကို ကြည့်ခွင့် ရခဲ့ပါသည်။ ထမင်းစားခန်းတွင် လက်ဖက်ရည်သောက်ရင်း စာပေနှင့် အနုပညာ ၀ါသနာ ထုံသော ကျွန်မနှင့် အဖေတို့ လောလောဆယ်ဖတ်ဖြစ်သည့် ပန်းတွေနှင့်ဝေ ၀တ္ထုနှင့် ပူပူနွေးနွေးကြည့်ထားသည့် ပန်းတွေနှင့်ဝေ ရုပ်ရှင်ကား အကြောင်း ပြောဖြစ်ကြသည်။
“အဖေ မှတ်မိသလောက် အန်ကယ် ဦးဝဏ္ဏက ကတီ်္တပါ ဖိနပ်စီး ရွှေထီးဆောင်း ကို ၁၉၇၁ လောက်မှာ ပထမဆုံး ဒါရိုက်တာ အနေနဲ့ ရိုက်တယ်။အဲဒီနောက် ခြေဖ၀ါးတော်နုနု၊ နှောင်းတမြေ့မြေ့၊ ဇာခန်းဆီး နောက်ကွယ်မှာ နဲ့ တခြားကားတွေ ရိုက်သေးတယ်။ ပြီးမှပန်းတွေနှင့် ဝေကို ရိုက်တာ။ အဖေတို့ ငယ်ငယ်က လူကြည့်များတဲ့ ကားကောင်းတစ်ကားပဲ။ သမီးတို့ ဒီနေ့ခေတ် ကျွန်မတို့ အဖေသည် နိုင်ငံ့ဝန်ထမ်း အဖြစ်ဖြင့် မိသားစု စားဝတ်နေရေး အတွက် ကျွမ်းကျင်ရာ အခြား လုပ်ငန်းများကို အခွင့် သင့်သလို လုပ်ကိုင်ရင်း ၀ါသနာ အလျောက်စာရေး၊ စာဖတ်ပြုနေသူ ဖြစ်ပါသည်။
ထိုသို့ စာရေး စာဖတ်ပြုရာမှ စာရေး ဆရာကြီး သာဓု၏ စာပေလက်ရာစုံကို ဖတ်ရှု၍ ဘဘကြီးဦးသာဓုအား လေးစားချစ်ခင် ကြည်ညိုနေသူ ဖြစ်ပါသည်။ အထူးသဖြင့် အဖေသည် ဦးသာ ဓု၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့တွင် အများတကာ နှင့် ခြားနားစွာ ခံယူပြုမူမှုကို အထူး သဘောကျသည်ကိုလည်း ကျွန်မ ဂရု ထားမိပါသည်။ ထို့ပြင် အဖေသည် ဦးသာဓု၏ သားများဖြစ်သော မောင်ဝဏ္ဏ၊ သုမောင်၊ ရူပ၊ မင်းလူနှင့် အာယုတို့၏ စာပေ၊ ရုပ်ရှင်၊ ဂီတနှင့် ဟောပြောမှုစသည့် အနုပညာ ရပ်များကိုအစဉ်တစိုက် အားပေးခံစားနေသူ ဖြစ်သည်။ အဖေသည် ဦးသာဓု၏ သားများအား အားပေးပြီး ညီရင်းအစ်ကိုသဖွယ် ချစ်ခင်နေသည်မှာ ဦးသာဓု အား လေးစား ချစ်ခင်ကြည်ညိုမှုအပြင် ဦးလေး ဆရာတို့၏ အနုပညာဖန်တီးမှု ကို နှစ်သက်ခြင်းကြောင့်လည်း ဖြစ်ပါလိမ့်မည်။
ကျွန်မသည် မဂ္ဂဇင်းများတွင် ကလောင်သွေးရင်း စာဖတ် ၀ါသနာထုံ သူပီပီ အဖေ စုဆောင်းထားသော စာအုပ်စင်ထက်မှ စာအုပ်များကိုမွှေနှောက်၍ ကောင်းနိုးရာရာကို ရွေးချယ် ဖတ်ရှုလေ့ ရှိသည်။ အဖေ့ စာအုပ်စင်ကို ကျွန်မ မွှေနှောက်ရာမှ (ဦးလေးဆရာ)မောင်ဝဏ္ဏ၏ ပန်းတွေနှင့်ဝေ ၀တ္ထုကို တွေ့ရှိ ဖတ်ရှုဖြစ်ပါသည်။ ပန်းတွေနှင့်ဝေမှာ ကျွန်မတို့ မမွေးမီက ထုတ်ဝေခဲ့သော လူငယ် ဘ၀နှင့် အချစ်သရုပ်ဖော် ဆွတ်ပျံ့ဖွယ် ၀တ္ထု ဖြစ်သော်လည်း ကျွန်မ အတွက် လက်ခံ နှစ်သက်စရာ အကြိုက်တွေ့ဝတ္ထု တစ်ပုဒ် ဖြစ်နေပါသည်။ ထို့ပြင် မကြာမီလပိုင်း အတွင်းက မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှ ဒါရိုက်တာ ဦးဝဏ္ဏ ရိုက်ကူး၍ ညွန့်ဝင်း၊ အောင်လွင်နှင့် ခင်ယုမေတို့ ခေါင်းဆောင် သရုပ်ဆောင်သည့် ပန်းတွေနှင့်ဝေ အဖြူအမည်း ရုပ်ရှင်ကားကို ကြည့်ခွင့် ရခဲ့ပါသည်။ ထမင်းစားခန်းတွင် လက်ဖက်ရည် သောက်ရင်း စာပေနှင့်အနုပညာ ၀ါသနာ ထုံသော ကျွန်မနှင့် အဖေတို့ လောလောဆယ်ဖတ် ဖြစ်သည့် ပန်းတွေ နှင့်ဝေ ၀တ္ထုနှင့် ပူပူနွေးနွေး ကြည့်ထားသည့် ပန်းတွေနှင့်ဝေ ရုပ်ရှင်ကား အကြောင်း ပြောဖြစ်ကြသည်။
“အဖေ မှတ်မိသလောက် အန်ကယ် ဦးဝဏ္ဏက ကတီ်္တပါ ဖိနပ်စီး ရွှေထီး ဆောင်း ကို ၁၉၇၁ လောက်မှာ ပထမဆုံး ဒါရိုက်တာ အနေနဲ့ ရိုက်တယ်။အဲဒီနောက် ခြေဖ၀ါးတော်နုနု၊ နှောင်းတမြေ့မြေ့၊ ဇာခန်းဆီး နောက်ကွယ်မှာနဲ့ တခြားကားတွေ ရိုက်သေးတယ်။ ပြီးမှပန်းတွေနှင့်ဝေကို ရိုက်တာ။ အဖေတို့ ငယ်ငယ်က လူကြည့်များတဲ့ ကားကောင်း တစ်ကားပဲ။ သမီးတို့ ဒီနေ့ခေတ် စကားအရ ဆိုရင် အန်ကယ် ဦးဝဏ္ဏပေါက်ကား ပေါ့”
“အန်ကယ်ဦးဝဏ္ဏ ဘယ်ကားတွေနဲ့အကယ် ဒမီရတာလဲ အဖေ”
“ပထမဆုံးကား ကတီ်္တပါ ဖိနပ်စီး ရွှေထီး ဆောင်းနဲ့ ဒါရိုက်တာဆုရတာ။ အဲဒီတုန်းက သမီး အန်ကယ်က အသက် အစိတ်ကျော်ကျော်ပဲ ရှိဦး မှာ။ လူကြီးတွေပဲ ဒါရိုက်တာ လုပ်ချိန်မှာ အဖေ့ အထင် အသက် အငယ်ဆုံး လူငယ် ဒါရိုက်တာတွေမှာ ပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မစဉ်း စားတဲ့ မောင်သာရ ၀တ္ထုကို ရိုက်တာရယ်။ ဒုတိယ အကယ်ဒမီ ရတာက အန်ကယ်မင်းလူ ၀တ္ထုကို ရိုက်တဲ့ ခုနစ်စဉ်အလွမ်း လေ။ ရုပ်မြင်သံကြားက ပြတာ၊ သမီး မှတ်မိနိုင်ပါတယ်”
ကျွန်မနှင့် အဖေတို့ စကားကောင်းခိုက်မှာ ကျွန်မတို့၏ အငယ်ဆုံး ညီမလေး နီတျာကြည် မြက ထမင်းစားခန်း အတွင်းသို့ သုတ်သုတ်ပျာပျာ ရောက်လာသည်။ Jean Short Pant နှင့် Jean Biouse လက်တို အသစ်ကို ၀တ်ထားပြီး သနပ်ခါး ပါးကွက်လေးနှင့် နှုတ်ခမ်းဆိုးဆေး မှိန် မှိန်နှင့်မို့ တစ်နေရာသွား တော့မည်ကို ကျွန်မတပ် အပ်သိလိုက်သည်။ ပြီးတော့ ကျွန်မဘေးက ကုလားထိုင်မှာ ၀င်ထိုင်ရင်း ထမင်းစားစားပွဲပေါ် သို့ရွှေအမြုတေမဂ်္ဂဇင်းနှစ်အုပ်ကို ကပျာကယာ ချလိုက်သေးသည်။
“သမီးငယ် ဗစ်တိုးရီးယား ကုန်တိုက်သွား ပြီး ရေခဲမုန့် သွားစားမလို့ အဖေရ၊ အဖေနဲ့ မမ ကေခိုင်တို့ အန်ကယ် ဦးဝဏ္ဏအကြောင်း ပြောသံ ကြားလို့ သမီးငယ်လည်း ပြောစရာ ရှိလို့ ဆင်းလာတာ”
ညီမလေး နီတျာကြည်မြ၏ ပြောစရာ ရှိလို့ ဟူသော စကားနှင့် ထူးခြားသော အပြုအမူကြောင့် ကျွန်မ အံ့အား သင့်နေမိပြီး အဖေ့ကို အကဲခတ် လိုက်တော့ စားပွဲထက်က ရွှေအမြုတေ မဂ္ဂဇင်း နှစ်အုပ်ကို လှမ်းကြည့်နေသည်။ ကျွန်မတို့ ညီ အစ်မလေးယောက် ရှိသည့်အနက် ပထမ မမ ကလျာနှင့် ဒုတိယ မမသော်တာက ၆ နှစ်နီးပါး ကွာခြားသလို တတိယ ကျွန်မနှင့် စတုတ်္ထ ညီမ လေး နီတျာကြည်မြကလည်း ၇ နှစ်ခန့်ကွာခြား ပြီး မမသော်တာနှင့် ကျွန်မကမူ ၂ နှစ် ခန့်သာ ကွာခြားနေပါသည်။ ညီမလေးမှာ အငယ်ဆုံး ဖြစ်မှု၊ ကျွန်မတို့နှင့်လည်း အသက် ကွာခြားမှု၊ အားလုံးကို ချစ်ခင်အောင် ဆက်ဆံတတ်မှု၊ တီတီတာတာ ပြောဆိုချွဲနွဲ့တတ်မှု၊ ရိုးသားပွင့်လင်းမှုနှင့် လိမ္မာပါးနပ်မှုတို့ကြောင့် မိသားစုတစ် ခုလုံးက အချစ်ပိုပြီး အလို လိုက်ကြသည်။ ညီမ လေးလည်း မိဘများနှင့်အစ်မများနှယ် စာဖတ် ၀ါသနာထုံပြီး အခါအားလျော်စွာ ဖတ်မိသမျှကိုလည်း ကျွန်မတို့နှင့် ဆွေးနွေးမေးမြန်းတတ်ရာ ယခုလည်း ကျွန်မနှင့် အဖေတို့၏စကားဝိုင်းတွင် ပါဝင်လာသည်။
“အဖေနဲ့ အန်ကယ်ဦးဝဏ္ဏနဲ့ ဘယ်သူက အသက်ကြီးလဲ”
“အဖေနဲ့ အန်ကယ်ဦးသုမောင်နဲ့ ရွယ်တူဆို တော့ အန်ကယ်ဦးဝဏ္ဏက ကြီးတယ်”
“ဒါဆို ဦးဝဏ္ဏ အသက်က ခြောက်ဆယ့် လေးနှစ်လောက်ရှိတော့ အဘိုးကြီး စာရင်းဝင်နေ ပြီပေါ့”
အဖေ့အဖြေကို ခြေရာခံပြီး အန်ကယ်ဦးဝဏ္ဏကို အဘိုးကြီးစာရင်းဝင်သွင်းလိုက်တော့ ကျွန်မ နှင့် အဖေတို့ ပြိုင်တူပြုံးလိုက်မိကြသည်။
“အဖေ အန်ကယ် ဦးဝဏ္ဏက ၀တ္ထုတိုတွေ ရေးရင် သူ့အဖြစ်အပျက်နဲ့ သူ့ကိုယ်တွေ့တွေချည်း ရေးတာပဲနော်”
“စာရေးဆရာတွေက ၀တ္ထုတိုဖြစ်ဖြစ် ၀တ္ထု ရှည်ဖြစ်ဖြစ်ရေးရင် ကိုယ့်အဖြစ်အပျက်၊ ကိုယ် အတွေ့အကြုံကို အခြေခံ ရေးသလိုသူများ အဖြစ်အပျက်၊ သူများအတွေ့အကြုံကိုလည်း အခြေခံ ရေးကြတာပဲ။ ပြီးတော့ စာရေးဆရာရဲ့ စိတ်ကူးနဲ့လည်း ရေးတယ်။ တချို့ကလည်း တကယ်၊ တချို့ကလည်းစိတ်ကူး၊ တချို့ကလည်း တကယ် နဲ့ စိတ်ကူးပေါင်းစပ်”
အဖေ့စကားကို စူးစိုက် နားထောင်ရင်းက ညီမလေးလည်း စားပွဲပေါ်တွင် ချထားသည့် ၂၀၀၉ ခုနှစ် မတ်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းမှ မောင်ဝဏ္ဏ၏ ပြော မပြောချင်ဘူး ၀တ္ထုတိုကို ဖွင့်၍ ကျွန်မ ရှေ့မှောက် ချလိုက်သည်။
“သမီးငယ်တော့ ရွှေအမြုတေထဲက ပြောမပြောချင်ဘူး နဲ့ ပေါင်နှင့်မုန့် ၀တ္ထုတိုတွေက အန်ကယ်ဦးဝဏ္ဏရဲ့တကယ့် အဖြစ်အပျက်နဲ့ ကိုယ် တွေ့တွေ ရေးထားတယ်လို့ ထင်တယ်”
“အန်ကယ် ဦးဝဏ္ဏက သူ့အဖြစ်အပျက်နဲ့ သူ့ကိုယ်တွေ့တွေ ရေးထားတယ်လို့ သမီးငယ် ထင်အောင်ကို ရေးတတ်လို့ပေါ့”
အဖေက ညီမလေး၏ ယူဆချက်ကို မှား သည်ဟုမပြောဘဲ ဖျောင်းဖျ ရှင်းလင်းနေသည်။ ပြောမပြောချင်ဘူးနှင့် ပေါင်နှင့်မုန့် ၀တ္ထုတို နှစ်ပုဒ် လုံးကို ကျွန်မ ဖတ်ဖူးပြီး ဖြစ်၍ အန်ကယ်ဦးဝဏ္ဏ၏ ပေးလိုသည့် Message အားသွက်သွက်နှင့်သောသော ရေးသား တင်ပြမှု အတတ်ပညာကို ကျွန်မ အကြိုက်တွေ့ သဘောကျခဲ့သည်။
“ပြီးတော့ အန်ကယ်ဦးဝဏ္ဏရဲ့ Biography အကျဉ်းချုပ်လေး ပြောပြပါဦး”
ဆယ်ကျော်သက်သာသာ ညီမလေးက ယနေ့ခေတ် ထင်ရှားအောင်မြင် နေသော စာရေးဆရာများနှင့် ဒါရိုက်တာများ အစား ၀ါရင့် စာရေးဆရာနှင့် ဒါရိုက်တာ အန်ကယ်ဦးဝဏ္ဏအား စိတ်ဝင်စားနေခြင်း အတွက် ကျွန်မအံ့အား သင့်ရုံမက ကျေနပ် အားရလည်း ဖြစ်မိသည်။
“အန်ကယ်ဦးဝဏ္ဏ မိဘတွေက စာရေးဆရာ ဒါရိုက်တာ ဘဘဦးသာဓုနဲ့ ဆရာမကြီးဘွားဘွား ဒေါ်ခင်ညို၊ ဇနီးက အန်တီဒေါ်ချိုရီ၊ သားသမီးတွေထဲမှာ ပြေဇင်နဲ့ ဓာတ်ခဲလို့ လူသိများတဲ့ ဥက္ကာက မင်းသား၊ သုဝဏ္ဏ အားကစား ကွင်းအရှေ့ဘက်ခြမ်းနဲ့ မျက်နှာချင်းဆိုင် လေးထောင့်ကန် လမ်းမပေါ်ကဦးသာ ဓုခြံမှာ နေတယ်။ စာရေးဆရာ ဒါရိုက်တာနဲ့ အယ်ဒီတာလုပ်တယ်။ အန်တီ ဒေါ်ချိုရီက ပန်းဝေေ၀ ရုပ်ရှင် ထုတ်လုပ်သူနဲ့ အိမ်မှာဖွင့်ထားတဲ့ ပန်းဝေေ၀ စတိုးပိုင်ရှင် တစ်လောက ဆက်တိုက်လိုလို နှစ်ဦးလုံး ဆုံးသွားကြပြီ”
အဖေ့ကိုယ်စား ကျွန်မက အန်ကယ် ဦးဝဏ္ဏ၏ Biography ကို ရှင်းပြလိုက်တော့ ညီမလေး၏ မျက်နှာ ၀င်းလက် တောက်ပသွားသည်။ “ဒါဆို အန်ကယ် ဦးဝဏ္ဏအိမ်က ဘတ်စ်ကားမှတ်တိုင်က လူတွေကို ကောင်းကောင်းမြင်ရတာပေါ့။ ပြောမပြောချင်ဘူးနဲ့ ပေါင်နှင့်မုန့် ၀တ္ထုတိုတွေက လည်း အန်ကယ်ဦးဝဏ္ဏရဲ့တကယ့် အဖြစ်အပျက်လို့ သမီးငယ် ထင်တာလည်း မှန်တယ်။ အဖေနဲ့ မမကေခိုင်လည်း ၀တ္ထုတို နှစ်ပုဒ်လုံး ဖတ်ပြီးသားမို့ အစ အဆုံး ဖတ်ပြမနေတော့ဘူး။ သမီးငယ် ပြောစရာ ရှိတာကို အထောက်အကူ ပြုတဲ့ Underline စာကြောင်းတွေပဲ ဖတ်ပြမယ်နော်”
ညီမလေးလည်း စောစောက ကျွန်မ ရှေ့မှောက်သို့ ဖွင့်ချထားသည့် ရွှေအမြုတေ မဂ္ဂဇင်းကို ပြန်ယူပြီး ပြောမပြောချင်ဘူး ၀တ္ထုတိုကို ဖတ်ပြပါတော့သည်။ “ကျွန်တော်လည်း ငမ်းချင်ချင်ရှိ ငမ်းလိုက်၊ သိပ်စိတ်မ၀င်စားရင်လည်း ဒီလိုပဲနေလိုက် နေလာလိုက်တာ ကလေးမလေးတွေ လှသထက် လှလာ တယ်ဗျ။ ကျွန်တော့်စိတ်ထင် လေးငါးနှစ်လောက် ကြာပြီထင်တာပဲ။ ကျွန်တော်နေတဲ့ အိမ်က လမ်းမကြီးဘေးမှာ ကျွန်တော့် အိမ်နဲ့ဝါး တစ်ရိုက်နီးပါးပဲ ကွာတဲ့နေရာမှာ ဘတ်စ်ကား မှတ်တိုင်ရှိတယ်ဗျ။ အဲဒီဘတ်စ် ကားမှတ်တိုင်ရှေ့နား ကျွန်တော့်အိမ်ရှေ့တည့်တည့် ပလက်ဖောင်းအနီး မှာ အငှားကား တက္ကစီတွေ လာလာနားလေ့ ရှိတယ်။ ခရီးသည် စောင့်တာပေါ့ဗျာ။ အင်း အဲဒါပဲဗျ၊ ဘတ်စ်ကားမှတ်တိုင် ဆိုတဲ့နေရာမှာ ဂိုက်စုံ ဆိုက်စုံ ရောက်လေ့ရှိတယ် မဟုတ်လား။ ကျွန်တော် ရိုးရိုးပြောမယ်ဗျာ။ ပုံမလာ ပန်းမလာ မိန်းမတွေနဲ့ ယောက်ျားကြီးငယ်တွေကိုတော့ ဂရုတောင် မစိုက်မိပါဘူး။ ဒါပေမဲ့ မိန်းမလှလှလေးတွေ ဆိုရင်တော့ ဂရုစိုက်မိတယ်ဗျာ”
“ ကျွန်တော့် မိန်းမက အိမ်ရှေ့မှာ အဖီချပြီး အိမ်ဆိုင်လေးဖွင့်ထား တယ် ကလေးမလေးတွေက ကျွန်တော့် မိန်းမဆိုင်ကို လာလာပြီး ဘာလေး ညာလေးဝယ်တယ်။ အဲဒီကလေးမလေးတွေထဲက လှတပ တဆို နည်းနည်းတော့ ကြည့်သဗျ... ဘတ်စ်ကား မှတ်တိုင်မှာ ကားစောင့်တဲ့ မိန်းကလေးတွေကျတော့ ကျွန်တော်လည်း ရေရေလည် လည်ကြည့်တာပေါ့ဗျာ။ ဒါကိုတော့ အပြစ်တင် မစောနဲ့ဗျာ။ သူတို့ ၀တ်ပုံ ဆင်ပုံကိုလည်း ကြည့်ဦး။ တချို့ဆိုရင် ရှားထမီနဲ့ လမ်းသလားနေလား အောက်မေ့ရတယ်။ ဟုတ်ပဗျာ ကြိုးကလေး နှစ်ချောင်းပဲ ပခုံးကိုသိုင်းပြီး ချိတ်ထားတယ်။ ကျန်တဲ့အင်္ကျီနဲ့ စကတ်လား ဂါဝန်လား မသေချာတဲ့ အ၀တ်အထည်က ကိုယ်ပေါ် လွှမ်းတယ်ဆိုရုံဗျာ။ ပခုံးသားကျောသားဆိုတာ ပြောင်တလင်းကို ခါနေတာပဲ ကျွန်တော်က ကြည့်ချင်လွန်းလို့ လိုက်ချောင်းနေစရာ မလိုပါဘူးဗျာ။
သူတို့က ၀တ်လာကြတာ အစပိုင်းတော့ မိန်းကလေးတွေနှယ် ဒီလိုပုံစံဝတ် စားထားတာ သူတို့ကတော့ ဟုတ်လှပြီထင်နေတယ်။ တို့မျက်စိထဲတော့ သိပ်မဟန်ပါဘူးလို့ ထင်မိတယ်။ နောက်တော့ ကြည့်ရင်း ကြည့်ရင်း ကြည့်ရင်းနဲ့ မျက်စိ ကျင့်သားရလာ တယ်ကျင့်သားရရုံတင်မက သဘောကျလာတယ်xxx နောက်တစ်မျိုးက အဲသလိုကြိုးလေးနှစ် ချောင်းတည်း သိုင်းထားတဲ့ ဖက်ရှင်မဟုတ်ဘူးဗျို့ ကိုယ်ကျပ်အင်္ကျီ လေးတွေ ကျွန်တော်တို့ဝတ်ခဲ့တဲ့ ချိုင်းပြတ်စွပ်ကျယ်လိုဟာမျိုး ပြီးတော့ အသားကပ် အဲဒါလည်း ခုနပြောသလိုကြည့်ရင်း ကြည့်ရင်း ကြည့်ရင်း မျက်စိကျင့်သား ရလာပါတယ်။
အဲနောက်ထပ် တစ်မျိုးက ခုနလိုကိုယ် ကျပ်အင်္ကျီလည်း ၀တ်တယ်၊ သူတို့ရဲ့ခန္ဓာကိုယ် အချိုးအဆက်နဲ့ အံဝင် ခွင်ကျကွက်တိဖြစ်အောင် ချုပ်ထားတယ်နဲ့ တူရဲ့ဗျာ အဲဒီဂျင်းဘောင်း ဘီအကျပ်က ဖစ်မှ အိတ်ဇက်ဖစ်ပဲ အတိအကျ ကျပ်ဗျို့။ ဒီတော့ကာ အဲဒီတော့ကာ ကျွန်တော်လည်း ကြည့်မိကြည့်မိ သပေါ့ဗျာxxx တစ်နေ့တော့ ကျွန်တော်အိမ်ရှေ့ပလက်ဖောင်းဘေးမှာ အငှားကား တစ်စီး ရပ်ထားတယ်xxx မိန်းကလေးနှစ်ယောက်ကလည်း တက်္ကစီဆရာကို ကိုယ်ကိုင်းပြီး ကားငှားခနှုန်း မေးနေတုန်း အဲသူတို့ နှစ်ယောက်က ဂျင်းဘောင်းဘီကျပ် ကိုယ်စီနဲ့ အင်္ကျီက ခါးနည်းနည်း တိုတယ် ဘောင်းဘီကလည်း တင်ပါးချိတ်ရုံဗျာ။ ခါးတိုတဲ့ အင်္ကျီဆိုတော့ ကိုယ်ကိုင်းလိုက်တဲ့ အခါ ခါးပေါ်သပေါ့ ကျွန်တော်ကလည်း ကြည့်သပေါ့ ဗျာ”
ပြောမပြောချင်ဘူး ၀တ္ထုတိုကို ဖတ်ပြရင်းမှ ညီမလေးလည်း ထိုင်ရာမှ ထ၍ ရေခဲရေ တစ်ခွက်ကို သွားသောက်သည်။ ပြောမပြောချင်ဘူး ၀တ္ထုတို၏ အပိုင်းသုံးပိုင်းမှ အပိုင်း ၂ မှ ညီမလေးအများ ဆုံးကောက်နုတ် ဖော်ပြသည်ကို ကျွန်မ သိနေသော်လည်း ညီမလေး၏ ပြောစရာ ဆိုသည်ကို ကျွန်မ ခန့်မှန်း၍ မရနိုင်သေးဘဲရှိသည်။ အဖေရော ကျွန်မပါ ညီမလေးကို ဟန့်တားမှု မပြုဘဲ ညီမလေး၏ လုပ်ပုံကိုင်ပုံကို စောင့်ကြည့်နေကြသည်။
“သမီး Underline စာကြောင်းတွေကို ကြည့်ရင် အန်ကယ်ဦးဝဏ္ဏက စာမရေး ရုပ်ရှင်မရိုက် အယ်ဒီတာ မလုပ်ဘဲ အန်တီ ဒေါ်ချိုရီ စတိုးဆိုင်လာ သမျှနဲ့ အိမ်ရှေ့ဘတ်စ်ကားမှတ်တိုင်ရောက်သမျှ ဟော့ရှော့မလေးတွေကို သေသေချာချာ စေ့စေ့စပ်စပ် ကြည့်တာသေချာတယ် အဖေရ။ ပြီးတော့ ပြောမပြောချင်ဘူးထဲမှာ ကျွန်တော်လည်း ယောက်ျားတကာတွေထဲက ယောက်ျားပဲ ဆိုတော့ အိမ်ထောင်ကျပြီး သိပ်မကြာခင်မှာပဲ ကိုယ့်မိန်းမက လွဲလို့ တခြားမိန်းမတွေက ပိုချောတယ်လို့ထင်မိတယ်လို့လည်း ဆိုထားတယ်”
ပြီးတော့ ညီမလေးလည်း မတ်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းကို ပိတ်လိုက်ပြီး ဇွန်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းမှ ပေါင်နှင့်မုန့် ၀တ္ထုတိုကို ဖွင့်လိုက်ပြန်သည်။ သူပြောစရာ ရှိသည်များကို အထောက်အကူ ပြုသည့် စာသားများကို Under line လုပ်ထားပြီး ဖတ်ပြဦးမည် ထင်ပါသည်။
“ပေါင်နဲ့မုန့်ကိုတော့ သမီးငယ် မဖတ်ပြတော့ဘူး အန်ကယ်ဦးဝဏ္ဏ ငယ်ငယ် အယ်ဒီတာပေါက် စဘ၀တုန်းက သူ့ဆရာ အယ်ဒီတာချုပ်က အရွယ် ရပေမဲ့လို့ ရုပ်ဖြောင့်ဆိုပဲ။ အဲဒီအယ်ဒီတာချုပ်က အဘိုးကြီး စာရင်းဝင် နေပေမဲ့လို့ အဖြောင့်စား အတောင့်စားတွေနဲ့ချည်း စွံတာတဲ့ အဖေရ။ အဲဒီအဘိုးကြီးက စာမူကိစ်္စ၊ စာပေ ကိစ်္စတွေနဲ့ သူ့စားပွဲလာထိုင်တဲ့ အမျိုးသမီးတွေကို သဘောကျရင် အမျိုးသမီးရဲ့ခြေဖ၀ါးကို သူ့ခြေမ နဲ့ ခြေညှိုးနှစ်ချောင်းနဲ့ တို့ရင်းတို့ရင်းနဲ့ လိမ်မိ လိုက်တာနဲ့စွံရောတဲ့။ တော်တော်ဆိုးတဲ့အဘိုးကြီး။ အဲဒီအယ်ဒီတာချုပ်ကြီးမရှိတုန်း အန်ကယ်ဦး ၀ဏ္ဏက သူ့ဆရာဆီ စာမူလာပို့တဲ့အမျိုးသမီးကို သူ့ဆရာကိုတုလို့ သူ့စားပွဲထိုင်ခိုင်းပြီး ခြေမနဲ့ လိမ်ပါလေရော။ အဲ၊ အန်ကယ် ဦးဝဏ္ဏ လိမ်တာက အမျိုးသမီးခြေ ဖ၀ါးမဟုတ်ဘဲ မုန့်ဆိုင်က၀ယ် လာတဲ့ ပေါင်မုန့်ကြီးဖြစ်နေလို့ ဟား ဟား ဟား”
ညီမလေးသည်ပေါင်နှင့်မုန့် ၀တ္ထုအကြောင်း ပြောရင်း ဟက်ဟက်ပက်ပက်ရယ်နေသည်။ ညီမလေး၏ ပြောဆိုပြုမူပုံကိုကြည့်ရင်း ပေါင်နှင့် မုန့် ၀တ္ထုကိုပြန်တွေးမိကာ ကျွန်မရယ်မိသလို အဖေလည်းညီမလေးကို ကြည့်ပြီး ရယ်နေသည်။
“ပြောမပြောချင်ဘူးနဲ့ ပေါင်နှင့်မုန့် ၀တ္ထုတွေ ဖတ်ပြီး သမီးငယ်က မမကေခိုင်နဲ့ အဖေ့ကို ချက်ချင်း သတိရပြီး စိတ်ပူသွားတာပဲ”
ရယ်မောနေရာမှ တည်တည်ငြိမ်ငြိမ် ပြောင်းလဲလာသည့် ညီမလေးကြောင့် ကျွန်မရော အဖေ ပါ ပြိုင်တူလို အရယ်ရပ်လိုက်မိကြသည်။ “ညီမလေးက ဘာကို သတိရပြီး ဘာပူတာလဲ။ မမကေကို ရှင်းဦး”
“မမကေခိုင် မဂ္ဂဇင်းတိုက်တွေ စာမူ သွားပို့ရင် အယ်ဒီတာတွေ စားပွဲသွား မထိုင်နဲ့။ ခြေဖ၀ါးကို ခြေမနဲ့ ခြေညှိုးနဲ့ အလိမ် ခံနေရမယ်၊ ညီမလေး ကျောင်းအား ရက်မှသွား၊ အဖော် လိုက်ခဲ့မယ်”
ညီမလေးစကားကြောင့် ကျွန်မနှင့်အဖေ ပြိုင်တူရယ်မိကြသည်။ ပြီးတော့ အဖေ့ဘက်သို့ မျက်နှာမူလိုက်သည်။ “အဖေ တစ်နေ့ နှစ်ကြိမ်လောက် ထိုင်တဲ့ လမ်းမကြီးပေါ်က ဆိုင်က လက်ဖက်ရည်တော် တော်ညံ့တယ်။ အမေဆိုရင် တစ်ခါသောက် တစ်ခါ အန်တာမို့ ဘယ်တော့မှ လိုက်မသောက် တော့ဘူး။ မမကလျာနဲ့ မမသော်တာကလည်း တစ်ခါ သောက်ပြီးတာနဲ့ ဘယ်လိုအရသာကြီးမှန်း မသိဘူးဆိုပြီး အဖေခေါ်ရင် ရှောင်နေကြတာရယ်။ မမကေခိုင်ကလည်း လက်ဖက်ရည် မကြိုက်တဲ့ အကြောင်းပြချက်နဲ့ အဖေ အဖော်ရအောင် လိုက်သွားဆိုပြီး သမီးငယ်ကိုပဲ ချော့ထည့်နေတယ်။ တကယ်ညံ့တဲ့ လက်ဖက်ရည်ရယ်။ လက်ဖက်ရည် ညံ့ပေမဲ့ အဖေကတော့ တစ်နေ့နှစ်ခါ၊ သုံးခါ လောက် စွဲစွဲမြဲမြဲထိုင်တယ်”
ပြောမပြောချင်ဘူးနှင့် ပေါင်နှင့်မုန့် ၀တ္ထုတွေ အကြောင်းပြောရင်းက အဖေထိုင်သည့်ဆိုင်မှ လက်ဖက်ရည်ညံ့ကြောင်းကို ညီမလေးက စကား လမ်းကြောင်း ပြောင်းလာပြန်သည်။ “အဲဒီဆိုင်ရှေ့ မျက်နှာစာကလည်း အန်ကယ် ဦးဝဏ္ဏအိမ်ရှေ့က ပလက်ဖောင်းလိုပဲ။ ဘတ်စ် ကားမှတ်တိုင်နဲ့ တက္ကစီဂိတ် ရှိတဲ့အပြင် စက်မှုဇုန် ဖယ်ရီကားတွေ စုရပ်တောင် ရှိသေးတယ်။ အန် ကယ်ဦးဝဏ္ဏ မှတ်တိုင်ထက် လက်ဖက် ရည်ဆိုင် မှတ်တိုင်က ပိုပြီး လူစည်တယ်။ အဲဒီထဲမှာ ဟော့ရှော့မလေးတွေက အများကြီး။ အန်ကယ် ဦးဝဏ္ဏ မှတ်တိုင်ထက် ဆယ်ဆမက ရှိမယ်”
ညီမလေး၏ မာရသွန် စကားဝိုင်း ရှိရာ ထမင်း စားပွဲသို့ အဖေ့အတွက် လက်ဖက်သုပ် ပန်းကန်ချပေးရင်း အမေလည်း အဖေ့ဘေးမှာ ၀င်ထိုင်သည်။ “လက်ဖက်ရည်ညံ့တဲ့ဆိုင်မှာ ဟော့ရှော့ မလေးတွေ စည်ကားချိန်ရွေးပြီးမှ အဘိုးကြီး စာရင်းဝင် အဖေထိုင်တာ အန်ကယ်ဦးဝဏ်္ဏလိုပဲ သေသေချာချာ စေ့စေ့စပ်စပ်ကြည့်ဖို့ပဲဖြစ်မယ်။ အန်ကယ်ဦးဝဏ်္ဏ ပြောသလို အဖေက ဟော့ရှော့မ လေးတွေကို အမေ့ထက်လှတယ် ထင်နေမှာ အမေ။ သရဖူမဂ်္ဂဇင်းက မမကေခိုင်ခရီးသွား ဆောင်းပါးမှာ အမေ့ ဓာတ်ပုံပါတုန်းက သမီးငယ် သူငယ်ချင်းတွေက အမေ့ကို အရမ်းလှတယ်လို့ ပြောကြတာ အဖေရ”
ညီမလေး၏ ပြောဆိုပြုမူပုံကိုကြည့်၍ ကျွန်မနှင့်အတူ အဖေရောအမေပါ ရယ်ကြသည်။ “အန်ကယ် ဦးဝဏ္ဏက အဘိုးကြီးတွေရဲ့ စရိုက်ကို ပီပီပြင်ပြင်ရေးတတ်တယ်နော်။ တော် တော်ချီးကျူးဖို့ ကောင်းတယ်။ အဘိုးကြီးတွေ ဒီ စရိုက်ရှိတာကို အဘိုးကြီးတွေရဲ့ ဇနီးတွေ သမီး တွေ သားတွေကို တပ်လှန့်သလို မိန်းကလေးတွေ ၀တ်တာ စားတာကို သတိပေးလိုက်တာပဲ။ မနက်ဖြန်ကစပြီး အဖေလက်ဖက်ရည်ဆိုင်မှာ မထိုင်နဲ့တော့။ အိမ်မှာပဲသမီးတွေဖျော်တိုက်တဲ့ လစ်ပ်တန်တီးပဲသောက်နော်” အန်ကယ်ဦးဝဏ္ဏ၏ ကလောင်စွမ်းထက်မှု ကြောင့် ညီမလေးက အဖေ့အားလက်ဖက်ရည် ဆိုင်ထိုင်ခွင့်ရုပ်သိမ်းကာ ကျွန်မအား မဂ်္ဂဇင်းတိုက် စာမူပို့မှု ကန့်သတ်ခံရခြင်းအပေါ် ကျွန်မနှင့်အတူ အဖေရော အမေပါ ပြိုင်တူပြုံးမိကြပါသည်။
ကေကလေး (Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|