|
Written by လင်းနိုင်ဦး
|
|
Tuesday, 01 January 2013 20:06 |
သရုပ်ဆောင် အဖြစ်နဲ့ သာမက အဆိုတော် အဖြစ်နဲ့ပါ အောင်မြင် ထင်ရှားတဲ့ ထွန်းအိန္ဒြာဗိုက ပရဟိတ ဌာနများကို လှူဒါန်း ပေးနိုင် ဖို့ ရည်ရွယ်ချက်နဲ့ Charity Live လို့အမည်
argaiv1472
ပေးထားတဲ့ အလှူ အတွက် ဖျော်ဖြေပွဲကို နိုဝင်ဘာလ ၂၈ ရက် (တန်ဆောင်မုန်း လပြည့်)နေ့က ရန်ကုန်မြို့ မြို့မ ကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပ ခဲ့ပါတယ်။
ထွန်းအိန္ဒြာဗိုရဲ့ သီချင်း များကို နှစ်သက် အားပေးကြတဲ့ ပရိသတ်များ ကြောင့်ရော၊ အလှူပွဲ အတွက် စေတနာ သဒ္ဓါတရား ထက်သန်သူများ ကပါ လာရောက် အားပေးခဲ့ ကြတာဖြစ်လို့ လက်မှတ်များ စောစောစီးစီး ရောင်းကုန်ခဲ့ သလို နောက်ထပ် ရက်တိုးဖို့ ကိုလည်း ဂီတ ချစ်သူများက တောင်းဆိုခဲ့ ကြပါတယ်။ ရက်ထပ် တိုးဖို့ အဆင် မပြေတဲ့ အတွက် ပွဲကျင်းပတဲ့ နေ့မှာ လက်မှတ်များ မှောင်ခိုရောင်း နေတဲ့ ဈေးနှုန်းများ ၃ သောင်း၊ ၄ သောင်းအထိ ရောင်းခဲ့ တယ်လို့ ကြားသိ ရပါတယ်။
Charity Live Show ကို စတင် ဖျော်ဖြေတဲ့အခါ ထွန်းအိန္ဒြာဗိုက ပထမ ဦးစွာ ဟောလိဝုဒ် သီချင်းနဲ့ စတင် ဖျော်ဖြေ ပေးပါတယ်။ ဆက်လက်ပြီး ဘယ်သူ့မှ သူ့လောက် ကိုယ်မချစ်ဘူး၊ ထာဝရ ရင်တွင်၊ အချစ်မှာ အပြစ် မရှိပါနဲ့၊ အချစ် ဆိုသည်မှာ သီချင်း များကို သီဆို ဖျော်ဖြေ ပေးခဲ့ပြီး တိတ်တိတ်ကလေး ကြွေကွဲ သီချင်းကို ထွန်းအိန္ဒြာဗိုက ပြည်ပက ပြန်လည်ရောက်ရှိ လာတဲ့ ဂရေဟမ်နဲ့ စုံတွဲ သီဆို ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ဂရေဟမ်က မြန်မာပြည်ကို ပြန်လည် ရောက်ရှိပြီး နောက် ပထမ ဦးဆုံး ပရိသတ် ကိုပြန် လည် ဖျော်ဖြေ ဖြစ်တဲ့ပွဲမှာ သူ့ရဲ့သီချင်း တစ်ပုဒ်ကို ဆက်လက် သီဆို ပေးသွားပါတယ်။
ထွန်းအိန္ဒြာဗိုရဲ့ Charity Live Show ပွဲကို Sky Net ရုပ်/သံလိုင်းနဲ့ ရွှေ FM ရေဒီယို အစီအစဉ် တို့က ထုတ်လွှင့် တင်ဆက်ပေး နေတဲ့ အတွက် အနယ်နယ် အရပ်ရပ်မှ ဂီတ ချစ်သူ များလည်း ကြည့်ရှု နားထောင် ခွင့် ရခဲ့ ကြပါတယ်။ Sky Net က ဒီလို ထုတ်လွင့် ပြသ ပေးတဲ့အပြင် အလှူငွေလည်း ကူညီ ပံ့ပိုးမှု အနေနဲ့ ငွေ ကျပ် သိန်း ၂၀၀ ထည့်ဝင်ဖြစ်ခဲ့ ပါတယ်။ Sky Net နည်းတူပဲ ထွန်းအိန္ဒြာဗိုရဲ့သူငယ်ချင်းတစ် ဦးဖြစ်တဲ့ Alpine မှ မဂျူလီ တို့မိသားစု ကလည်း သိန်း ၂၀၀ စပွန်ဆာ အနေနဲ့ ကူညီ ပေးခဲ့တယ်လို့ သိရပါတယ်။
ထွန်းအိန္ဒြာဗိုနောက် ထပ်သီဆို ပေးတဲ့ သီချင်းက တော့ ဘီလူးခေါင်းနဲ့ မင်းသား လေး၊ ယူ၊ ချစ်သူ၊ တံခါးလေး စေ့ရုံပဲလားနဲ့ ဉာဏ်လင်းအောင် နဲ့အတူ တောင်းရမ်း လက် ထပ်ယူပါမယ် သီချင်း ကို ဆက်လက် သီဆို ပေးပါတယ်။
အဲဒီနောက် ကိုအောင် မင်းထွန်းနဲ့ ထွန်းအိန္ဒြာဗိုတို့ရဲ့ တစ်ဦးတည်းသော သားလေး အောင်ဗို ကောင်းသန့် ကလည်း သူ့မိခင်ရဲ့ အလှူပွဲမှာ သူကိုယ်တိုင် စတိုင်ကျကျ ကပြ ပေး ထားတဲ့ အကကို ပရိုဂျက်တာ ပေါ်မှာ ထိုးပြ ပေးခဲ့တဲ့ အတွက် ပရိသတ်များ သဘောကျ နှစ်ခြိုက် ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။

ထွန်းအိန္ဒြာဗိုက ရရှိလာ မဲ့ ၀င်ငွေ၊ လှူဒါန်းကြမဲ့ အလှူ အားလုံးကို ဒေါ်အောင်ဆန်း စုကြည် လုပ်ဆောင် နေတဲ့ ပညာရေး ကွန်ရက်၊ ၈၈ ကျောင်းသားများ အဖွဲ့၊ ဒေါ် ဖြူဖြူသင်း လုပ်ဆောင်နေတဲ့ HIV/AIDS ဝေဒနာရှင် များ ကူညီ စောင့်ရှောက် ရေးလုပ် ငန်း၊ ကချင် ပြည်နယ်ရှိ စစ် ဘေးရှောင် ဒုက္ခသည်များ၊ ရခိုင်ပြည်နယ် ရှိ စစ်ဘေး ဒုက္ခသည်များ၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနဲ့ ကလေးဆေး ရုံတို့ကို ခွဲဝေ လှူဒါန်း သွားမှာ ဖြစ်လို့ အဲဒီလို လှူဒါန်း နိုင်ဖို့ လူရွှင်တော် များဖြစ်ကြတဲ့ အရိုင်း၊ ငှက်ပျောကြော် တို့က အစီ အစဉ်များ ကြေညာပေး ခဲ့သလို သရုပ်ဆောင် လူရွှင်တော် ဇာဂနာကလည်း ကူညီပြီး အလှူ စာရင်းများကို ကြေညာ ပေးခဲ့ပါတယ်။
ထွန်းအိန္ဒြာဗို သီဆိုဖျော် ဖြေပေးတဲ့ သီချင်း များကို ပရိသတ်များ နှစ်သက်အား ပေးခဲ့ ကြသလို တစ်ကြော့ဆို ပြီး နောက်တစ်ဖန် ပြန်ထွက် လာတဲ့ အခါတိုင်း ထွန်းအိန္ဒြာဗို ၀တ်ဆင် ခဲ့တဲ့ ဖက်ရှင်များကို ပရိသတ် များက သဘောကျ အကြိုက်တွေ့ပြီး မခိုင်ရေ၊ သိပ်လှတာ ပဲလို့ ထွန်းအိန္ဒြာဗိုကို ချီးကျူး သံများ အဆက် မပြတ် ကြားနေ ရပါတယ်။ ဒီဝတ်စုံများ ကိုတော့ ဒီဇိုင်နာ လတ်လတ်က စိတ်ကူး ပုံဖော်ပေးထား တာဖြစ်ပြီး ဒီဇိုင်နာ လတ်လတ် စိတ်ကူးတွေကို မညည်း မညူဘဲ ၀တ်ဆင်ပေး ခဲ့တာ ဖြစ်တယ်လို့ ထွန်းအိန္ဒြာဗို က ပြန်လည် ပြောပြ ခဲ့ပါတယ်။
သီချင်း တစ်ကြော့သီ ဆို ပြီးတိုင်း အလှူ ငွေကြေ ညာ ပေးတဲ့ အစီအစဉ်ကို တင်ဆက်ခဲ့တာဖြစ်လို့ ဒီပွဲ ကို Live ကြည့်ရှု နေရတဲ့ စေတနာရှင် များကလည်း ၀င်လာမစဲ တသဲသဲ ဆိုသလို ကြေညာပေးထားတဲ့ ဖုန်းများ ကတစ်ဆင့် ဆက်သွယ် လှူဒါန်းပေး ခဲ့ကြပါတယ်။ ဂီတပွဲ ကျင်းပ နေတဲ့ အမျိုးသား ဇာတ်ရုံ အတွင်းမှာလည်း သရုပ်ဆောင် အေးအေးခိုင်နဲ့ အေးသီတာ တို့က အလှူခံပေး နေကြတာဖြစ်လို့ ရုံထဲမှာ ကြည့်ရှုနေတဲ့ ပရိသတ် များက အေးအေးခိုင်၊ အေးသီတာ တို့ဆီမှာ လှူဒါန်းပေးကြတာ ဧည့်သည် တော်များရော၊ လာရောက် အားပေး တဲ့ အနုပညာ မောင်နှမ များရော အားရစရာ ကောင်းအောင် ထည့်ဝင် လှူဒါန်းပေး နေကြလို့ ကြည်နူးစရာ အင်မတန် ကောင်းခဲ့ ပါ တယ်။ ထွန်းအိန္ဒြာဗိုက သီချင်း အပုဒ် ၄၀ ကျော် သီဆိုပေး သွားခဲ့ရာမှာ စုံတွဲ အဆို များဖြင့် အနဂ္ဂ၊ အားတီ၊ ကောင်းမြတ်၊ စိုင်းစိုင်းခမ်းလှိုင်၊ အဲလက်စ်၊ ဇော်ဝင်းထွဋ်နဲ့ ဘရိတ်ကီတို့က သီဆို ပေးခဲ့ကြ သလို မကြာသေး မီကမှ ကွယ်လွန် သွားခဲ့တဲ့ အဆိုတော်ကြီး ခင်မောင်တိုးရဲ့ ဆည်းလည်း ရှိုက်သံ သီချင်းကို လွမ်းဆွတ် တသတဲ့ အနေနဲ့ ထွန်းအိန္ဒြာဗိုက သီဆို ဖျော်ဖြေပေး ရာမှာ နောက်ခံ ပရိုဂျက်တာ မှာတော့ ခင်မောင်တိုး ရှိစဉ်က လှုပ်ရှား သွားလာ ခဲ့တဲ့ ပုံရိပ် များကို ပြသပေးထား ပါတယ်။ ဇော်ဝင်းထွဋ်က ထွန်းအိန္ဒြာဗိုရဲ့ အလှူပွဲမှာ ဒါဟာအချစ်လား သီချင်းကို စုံတွဲ သီဆို ပေးခဲ့ သလို၊ တန်ဆောင်မုန်း လပြည့်နေ့ ဆေးပေါင်းခ တဲ့ည လည်း ဖြစ်လို့ သူ့ရဲ့ အောင်မြင်တဲ့ သီချင်းတစ်ပုဒ် ဖြစ်တဲ့ ဆေးပေါင်းခ တဲ့ည သီချင်းကိုလည်း အမှတ်တရ သီဆို ပေးသွား ခဲ့ပါတယ်။
အလှူငွေများကို အားလုံးသော စေတနာရှင် များက ထည့်ဝင် လှူဒါန်းပေး ကြသလို ရရှိလာတဲ့ ၀င်ငွေ အရပ်ရပ်ကို ပေါင်းလိုက်တဲ့ အခါ သိန်း ၉၀၀ ကျော် ရရှိခဲ့ တယ်လို့ အားရ ကျေနပ်စရာ ကြေညာပေး ခဲ့ပြီး နောက် ဆုံးပိတ် ဖျော်ဖြေပွဲ အစီအစဉ် မပြီးဆုံးမီ အလှူငွေ လှူဒါန်း ပေးတဲ့ အစီအစဉ်ကို စင်မြင့်ပေါ်မှာ ကျင်းပ နိုင်ခဲ့ပါ တယ်။ အလှူငွေ လှူဒါန်းတဲ့ အစီအစဉ်မှာ တော့ ထွန်းအိန္ဒြာဗိုနဲ့ အတူ ခင်ပွန်းသည် ကိုအောင်မင်းထွန်း Charity Live ပွဲကြီးကို စီစဉ် ပေးခဲ့ကြတဲ့ Iron Cross Entertainment မှ ကိုကိုလွင် နဲ့ဇနီး မခင်ချမ်းသာ တို့လည်း ကူညီ လှူဒါန်း ပေးခဲ့ ကြပါ တယ်။ ဌာန အသီးသီး ကို ငွေကျပ်သိန်း ၁၀၀ စီနဲ့ စာနယ်ဇင်း နာမကျန်း ရန်ပုံငွေ အတွက်လည်း အလှူငွေ ကျပ် ၁၀ သိန်း စင်မြင့်ပေါ်မှာ လှူဒါန်း နိုင်ခဲ့ပါတယ်။ နောက်ထပ်လည်း လှူဒါန်း ချင်ကြတဲ့ အလှူရှင်များ ရှိသေး တဲ့အတွက် ရရှိလာမဲ့ အလှူငွေများ အားလုံးကို တစ်ပတ်ကြာ စောင့်ဆိုင်းပြီး စာရင်း ပိတ်ပြီး သွားတဲ့ အခါ ဆက်လက် လှူဒါန်း ပေးသွား ပါဦးမယ်လို့ သိရပါတယ်။


လင်းနိုင်ဦး (ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|
လင်းနိုင်ဦး |
| About the author: |
| | |