|
Written by ခင်လေးမြင့်
|
|
Tuesday, 01 January 2013 20:13 |
အနုပညာ လောကမှာ အောင်မြင်တဲ့ ရုပ်ရှင် သရုပ်ဆောင် တစ်ယောက် အဖြစ် ရပ်တည် နေနိုင်တဲ့ ချောရတနာက သူ့မှာ ချစ်သူ ရှိပါတယ်လို့ ပြောပြောနေ ပေမဲ့ သူ့ချစ်သူနဲ့ ပွဲလမ်း သဘင် တွေမှာ တွဲသွား တွဲလာ ကတော့ မရှိခဲ့ ပါဘူး။
argaiv1684
argaiv1958
ဒါ့အပြင် သူက တကယ် လက်ထပ် တော့မယ် ဆိုရင် စာနယ်ဇင်း တွေကို၊ ပရိသတ် များကို အသိပေး ပါမယ်လို့ အမြဲတမ်း ပြောလေ့ ရှိပါတယ်။ ၂၀၀၂ ခုနှစ်ကတည်းက သူ့ချစ်သူ ဖြစ်တဲ့ ကျော်လင်းနဲ့ ချစ်ခဲ့ ကြပေမဲ့ ပြီးခဲ့တဲ့ လပိုင်းတုန်းကမှ ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း အတွက် နှစ်ယောက် တွဲနာမည်နဲ့ လှူဒါန်းပေး ခဲ့သလို အဲဒီ နောက်ပိုင်း မှာမှ မင်္ဂလာ ဧည့်ခံပွဲ ကျင်းပ တော့မယ့် သတင်းတွေ ထွက်လာတာ ဖြစ်ပါတယ်။
မင်္ဂလာ မော်ကွန်းတင် လက်မှတ် ရေးထိုးတဲ့ အစီအစဉ် ကို ၂၀၁၂ နိုဝင်ဘာ ၂၅ ရက် မနက် ၉ နာရီက ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ် Executive Club မှာ ကျင်းပခဲ့ ပါတယ်။ မင်္ဂလာ မော်ကွန်းတင် လက်မှတ်ရေး ထိုးပွဲ အခမ်း အနားမှာ မင်္ဂလာ သဘင် နာယကကြီး အဖြစ် တိုင်းဥပဒေ အရာရှိချုပ် တရားသူကြီး ဦးကျော်မိုးနိုင် က ဆောင်ရွက် ပေးခဲ့ပြီး မင်္ဂလာ အသိ သက်သေများ အဖြစ် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးတင်ထွန်းနဲ့ ဇနီး ဒေါ်မြမြ၀င်း တို့နဲ့ A-21 မှ ဦးဘိန်ဟင်နဲ့ ဇနီး ဒေါ်နန်းဖူး တို့က အသိသက်သေ နေရာမှာ လက်မှတ် ရေးထိုး ပေးခဲ့ကြ တာဖြစ်ပါတယ်။
ကျော်လင်းနဲ့ ချောရတနာ တို့ရဲ့ မင်္ဂလာ မော်ကွန်းတင် လက်မှတ်ရေး ထိုးပွဲ အခမ်း အနားမှာ မင်္ဂလာ သတို့သားနဲ့ သတို့သမီး တို့က ဒီဇိုင်နာ မျိုးမင်းစိုးရဲ့ လက်ရာ မင်္ဂလာ ၀တ်စုံကို ၀တ်ဆင် ခဲ့ပြီး မိတ်ကပ်နဲ့ ဆံပင် ကိုတော့ ချောရတနာကို အမြဲတမ်း လိမ်းခြယ် ပေးခဲ့တဲ့ ညီညီမောင် (စမ်းချောင်း)က အလှဆင် ပေးခဲ့တာဖြစ် ပါတယ်။
မင်္ဂလာ မော်ကွန်းတင် လက်မှတ်ရေး ထိုးပွဲ အောင်မြင်စွာ ကျင်းပနိုင် ခဲ့ကြတဲ့ ကျော်လင်းနဲ့ ချောရတနာ တို့က သူတို့ရဲ့ မင်္ဂလာဦး အလှူပွဲ ကိုတော့ မှော်ဘီမြို့၊ အောက်ဝါးနက်ချောင်း ကျေးရွာမှာ ရှိတဲ့ ဓမ္မဒူတ ဇေတ၀န် တောရ ဆရာတော် အရှင် ဆေကိန္ဒ ကျောင်းတိုက်မှာ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။
မင်္ဂလာဦး အလှူ အဖြစ် ဓမ္မဒူတ တောရ ကျောင်းတိုက်ရှိ သံဃာတော် အရှင်သူမြတ် များကို နေ့ဆွမ်း ဆက်ကပ် လှူဒါန်း သလို ဆရာတော် အရှင် ဆေကိန္ဒ ကို န၀ကမ္မ မင်္ဂလာဦး အလှူအဖြစ် ငွေကျပ်သိန်း ၅၀ နဲ့ လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်း ခဲ့ကြပြီး ဆရာတော် ထံမှ မင်္ဂလာ တရားတော် များကို နာယူ ခဲ့ကြ ပါတယ်။
ဦးအောင်မြင့် (သမာဓိ- ဒီဇယ်ဆားဗစ်)နဲ့ ဒေါ်ခင်အုန်းမြင့် တို့ရဲ့ သားကြီး ကျော်လင်း L.O.P Group of Companies) နဲ့ ဦးခင်မောင်ဝေ (ခေါ်) ဦးပေါသျှံ (ဂီတမှူး) နဲ့ ဒေါ်သန်းသန်းရီ တို့ရဲ့ သမီးလတ် သရုပ်ဆောင် ချောရတနာ(B.A History) တို့ရဲ့ မင်္ဂလာ ဧည့်ခံပွဲကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ၁ ရက်၊ နေ့လယ် ၁၂ နာရီခွဲက ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်းမှာ ရှိတဲ့ ဆီဒိုးနား ဟိုတယ် မင်္ဂလာ ခန်းမမှာ ပြုလုပ်ခဲ့ ပါတယ်။ ကျော်လင်းနဲ့ ချောရတနာ တို့က ၂၀၀၂ ခုနှစ် ကစပြီး ချစ်သူ တွေဖြစ်ခဲ့ တာကြောင့် ၂၀၁၂ ခုနှစ်မှာ ချစ်သူ သက်တမ်း ၁၀ နှစ်ပြည့် တာပါ။ ချစ်သူ သက်တမ်း ၁၀ နှစ်ကြာမှ လက်တွဲ ဖြစ်ကြတဲ့ ကျော်လင်းနဲ့ ချောရတနာ တို့ရဲ့ မင်္ဂလာ ဧည့်ခံပွဲမှာ မင်္ဂလာ ပန်းကြဲ အဖြစ် ၀တ်မှုံရွှေရည်၊ မင်္ဂလာပန်း ကလပ်ကိုင် အဖြစ် ယုသန္တာတင်၊ မင်္ဂလာ လက်စွပ် ကလပ်ကိုင် အဖြစ် ၀ါဆို မိုးဦးတို့က ဆောင်ရွက် ပေးခဲ့ကြပြီး မင်္ဂလာ အရံများ အဖြစ် ဆန်းတိုးနိုင်၊ ကောင်းပြည့်၊ Mဆိုင်းလု၊ အွန်ဆိုင်းတို့က ဆောင်ရွက် ပေးခဲ့ ကြပါတယ်။ မင်္ဂလာ အချိန် ကျရောက်တဲ့ အချိန်မှာ အဆိုတော် ရီရီသန့်က မင်္ဂလာ အခါတော်ပေး သီဆိုပြီး မင်္ဂလာ မောင်နှံတို့က ခန်းမတွင်းကို ၀င်ရောက် လာကြ ပါတယ်။ မင်္ဂလာ စင်မြင့်ကို ရောက်ရှိတဲ့ အချိန်မှာတော့ မင်္ဂလာ မောင်နှံက ဧည့်ပရိသတ် များကို ဂါရ၀ပြု နှုတ်ဆက် ပါတယ်။ အဲဒီနောက် မှာတော့ မင်္ဂလာ မောင်နှံကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ သီရိ သုဓမ္မ ဦးတင်အေးနဲ့ ဇနီးတို့က မင်္ဂလာ အောင်စံပယ် ပန်းကုံး ချီးမြှင့် ပေးခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ဇနီးတို့က မင်္ဂလာ လက်စွပ် ဆင်မြန်း ပေးခဲ့ ကြပါတယ်။ ကျော်လင်းနဲ့ ချောရတနာ တို့အတွက် မင်္ဂလာ ၀တ်စုံကို ဒီဇိုင်နာ လတ်လတ်က ဖန်တီး ပေးထားပြီး မိတ်ကပ်၊ ဆံပင်ကို ညီညီမောင်(စမ်းချောင်း)၊ ပန်းအလှ ကို မာမီကျော်(မလေးရှား)က ပြင်ဆင် ပေးထား ပါတယ်။ ချောရတနာက ငွေနဲ့ ခဲစပ် ထားတဲ့ မင်္ဂလာ ၀တ်စုံ ၀တ်ချင် တာကြောင့် အရောင်နဲ့ လိုက်ဖက်တဲ့ ချိတ်ဒီဇိုင်း၊ ချောရတနာ နဲ့ လိုက်ဖက်မယ့် ချိတ်ဒီဇိုင်းကို ဒီဇိုင်နာ လတ်လတ်က ဖန်တီးပေး ထားပါတယ်။ ၀တ်စုံ Accessories များ အဖြစ် ကျောက်၊ ပုတီး စေ့များ အပြင် အောက်နားမှာ ခြူလုံး လေးတွေ တပ်ပေး ထားပါ တယ်။ ဒါ့အပြင် ရေသီနားကို ရိုးရိုး ရေသီ နားမဟုတ်ဘဲ ကနုတ် ပန်းလေးတွေနဲ့ ရေသီနား ပုံစံ ဖန်တီး ထားတာပါ။ ဒါ့အပြင် ပန်းကြဲ၊ ပန်းကိုင်နဲ့ အရံ များအတွက် ၀တ်စုံများ ကိုလည်း ရေသီ နားတွေနဲ့ ချုပ်ပေး ထားပါတယ်။ ကျော်လင်းနဲ့ ချောရတနာ တို့ရဲ့ မင်္ဂလာ ဧည့်ခံပွဲမှာ ရန်အောင်နဲ့ မေသန်းနုတို့က မင်္ဂလာ လက်ဖွဲ့ အဖြစ် သီချင်း များနဲ့ ဖျော်ဖြေ ပေးခဲ့ သလို နိုင်ငံကျော် အနုပညာ ရှင်များ ကလည်း သီချင်းများနဲ့ ဖျော်ဖြေ ပေးခဲ့ကြ ပါတယ်။


ဒီဇင်ဘာ ၁ ရက်၊ ညနေ ၆ နာရီခွဲ ဆီဒိုးနား ဟိုတယ် မင်္ဂလာ ခန်းမ မှာပဲ ကျော်လင်းနဲ့ ချောရတနာ တို့က မင်္ဂလာ ညစာ စားပွဲကို ပြုလုပ်ခဲ့ ပါတယ်။ မင်္ဂလာ ညစာ စားပွဲမှာ ချောရတနာ ရဲ့ညီမ သန္တာဗိုက မင်္ဂလာပန်းခြင်း ကိုင် Flower Girl အဖြစ် ပါဝင်ဆောင်ရွက် ပေးခဲ့ပါတယ်။ မင်္ဂလာ ညစာ စားပွဲမှာ မင်္ဂလာ မောင်နှံတို့က မင်္ဂလာ ကိတ်လှီးဖို့ မင်္ဂလာ စင်မြင့် လျှောက်လှမ်း လာချိန်မှာ မင်္ဂလာ ပန်းခြင်းများကို သန္တာဗိုနဲ့ Stars & Models INT’L မှ မော်ဒယ်လ်လေးများက ရှေ့ကနေ ကိုင်ဆောင် လာပေး ပါတယ်။ မင်္ဂလာ သတို့သား အရံများ အဖြစ် အေး ကောင်းဇော်နဲ့ ခိုင်သဇင် ယုဝါ၊ ရဲမင်းသူနဲ့ ၀င့်ဒါလီ တို့က ဆောင်ရွက် ပေးခဲ့ ကြပါတယ်။ မင်္ဂလာကိတ် ကို အောင်မြင်စွာ လှီးပြီးတဲ့ အချိန်မှာ တော့ မင်္ဂလာ မောင်နှံကို အမှတ်တရ အနမ်းများ ပေးကြဖို့ ဧည့်ပရိသတ် များက တောင်းဆိုတဲ့ အတွက် မင်္ဂလာ အနမ်းများ ပေးကြ ရပါတယ်။ မင်္ဂလာကိတ် လှီးတဲ့ အချိန်မှာ သတို့သမီး ၀တ်စုံကို ဒီဇိုင်နာ ကောင်းမြတ်က အဖြူရောင် ဂါဝန်ရှည်လေး အဖြစ် စီစဉ် ပေးခဲ့ ပါတယ်။ မင်္ဂလာ ညစာ စားပွဲအတွက် ရှန်ပိန် ပုလင်း ဖွင့်တဲ့ အစီ အစဉ်မှာတော့ သတို့သမီး ၀တ်စုံကို ဒီဇိုင်နာ ကောင်းမြတ်က အပြာရောင် လေးအဖြစ် ဖန်တီး ပေးထား ပါတယ်။
ကျော်လင်းနဲ့ ချောရတနာ တို့ရဲ့ မင်္ဂလာ ညစာစားပွဲမှာ မင်္ဂလာ မောင်နှံနဲ့ ပရိသတ်များ ပျော်ရွှင် စေဖို့ မောင်မောင်အေး (Dream Boat) နဲ့အဖွဲ့က ဂိမ်းများ ကစားပေး ခဲ့ကြပါတယ်။ မင်္ဂလာ ညစာစားပွဲမှာ The Trees တီးဝိုင်းနဲ့ အတူ ဇော်ပိုင်၊ R ဇာနည်၊ စစ်သွေး၊ ရှိုင်းဝေယံ၊ ချောစုခင်၊ ၀ိုင်းစုခိုင်သိန်း၊ အိမ့်ချစ် စတဲ့ အနုပညာ ရှင်များက သီဆို ဖျော်ဖြေ ပေးခဲ့ ကြပါ တယ်။ သတို့သားကို မို့မို့မြင့်အောင်၊ ရတနာခင် စတဲ့ အနုပညာ ရှင်များ ဖွက်ထား တာကြောင့် ချောရတနာ လည်း သတို့သား ရှာပုံတော် ဖွင့်ရပါ သေးတယ်။ ဘယ်လောက် ပေးရင် ပြန်ပေး မယ်ဆိုပြီး ဖွက်ကြ တာပါ။ ကျော်လင်းနဲ့ ချောရတနာ တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက် ကြတဲ့ ဇူးမြတ် ထက်နဲ့ ထက်ထက်မိုးဦး တို့က ချောရတနာ တို့ မင်္ဂလာ မောင်နှံ သားသား မီးမီးလေးတွေ များမကြာမီ မှာ ရကြပါ စေလို့ ဆုတောင်းပေး ပါတယ်။ မင်္ဂလာ ပန်းကြဲ အဖြစ် ဆောင်ရွက်တဲ့ ၀တ်မှုံ ရွှေရည်က ချောရတနာတို့ စုံတွဲကို ကြည့်ပြီး အားကျကြောင်း၊ ၁၀ နှစ် ၁၀ မိုး သစ္စာရှိရှိ ချစ်ကြတဲ့ အတွက် လေးစားကြောင်း၊ သားသား မီးမီး လေးတွေ အများကြီး ရပါစေလို့ ဆုတောင်း ပေးကြောင်းများ ပြောခဲ့ ပါသေးတယ်။
ချောရတနာ က အိမ်ထောင် ပြုပြီးသွား တာကြောင့် လောလောဆယ် အချိန် မှာတော့ အနုပညာ လှုပ်ရှား မှုတွေ နည်းနေ ဦးမယ်လို့ ပြောပြခဲ့ ပါတယ်။



လင်းနိုင်ဦး၊ခင်လေးမြင့် (ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|
ခင်လေးမြင့် |
| About the author: |
| | |