လူက အတ္တနဲ့ ယှဉ်ပြီးမွေးတာ PDF Print E-mail
Written by ခင်လေးမြင့်   
Friday, 01 February 2013 17:25
Share |

၂၀၁၁ ခုနှစ် အတွက် ချီးမြှင့်တဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲမှာ ထာဝရ အလင်းတန်းများ ရုပ်ရှင် ဇာတ်ကားနဲ့ ရီမြင့် ရုပ်ရှင် ထုတ်လုပ်ရေးက အကောင်းဆုံး ဇာတ်ကားဆုကို ရရှိ ခဲ့ပါတယ်။

buy cialis jellycialis medication viagra canada cialis
argaiv1414

ရီမြင့် ရုပ်ရှင် ထုတ်လုပ်ရေးမှ ကိုဇော်မြင့်ကို အကယ်ဒမီ ရရှိမှုနဲ့ ပတ်သက်ပြီး မေးမြန်းရာ-

ထာဝရ အလင်းတန်းများ ရုပ်ရှင် ဇာတ်ကားနဲ့ သားဖြစ်သူ နောင်နောင်လည်း အကယ်ဒမီ ဆုရတဲ့ အပေါ် ပြောချင်တာ ဘာများ ရှိမလဲ။
နှစ်ယောက် စလုံး ရတဲ့ အတွက် ၀မ်းသာတယ်။ လူက အတ္တနဲ့ ယှဉ်ပြီး မွေးတာ မဟုတ်လား။ အဲဒီတော့ ကိုယ့်အဖွဲ့တွေ ရတဲ့အတွက် ၀မ်းသာ ပါတယ်။

ထာဝရ အလင်းတန်းများ ဇာတ်ကားက ဆု ၈ ဆု သိမ်းပိုက် နိုင်တော့ ပိုပြီး ကျေနပ်မယ်နဲ့ တူတယ်။
ကျေနပ်တာပေါ့။ ကြိုးစား ရကျိုး နပ်တယ်လို့ ပြောလို့ ရပါတယ်။

ဒီဇာတ်ကား ရိုက်စဉ် ကတည်းက အကယ်ဒမီမှန်း ခဲ့တာမျိုး ရှိခဲ့သလား။
အကယ်ဒမီက မမှန်းပါဘူး။ အကယ်ဒမီ အတွက်က ဇာတ်ကားပြီးမှ အားလုံးက ဆုံးဖြတ်ကြတာပါ။ ကျွန်တော်ကတော့ ရုပ်ရှင်ပြရတာ ပိုကြိုက်တယ်။ ဗီဒီယိုက သိပ်အား မရဘူး။ ရုပ်ရှင်ပဲ ကျွန်တော်က ပြချင်တာ။

ထာဝရ အလင်းတန်းများ ဇာတ်ကား ရုံတင် ပြသချိန်မှာ အခြားဟာသ ရုပ်ရှင်ကားတွေ လောက် ၀င်ငွေက သိပ်မရခဲ့ ဘူးနော်။
အဲဒီ အပေါ်မှာတော့ မချင့်မရဲ ဖြစ်တာပေါ့။ ဇာတ်ကားကို ဒီလိုကောင်းတယ် ပြောပြီး ၀င်ငွေတွေ အများကြီး ရရင် နောက် ဒီလိုပိုပြီး ရမ်းကား လို့ရတာပေါ့။

နောက်ထပ်လည်း ရင်ထဲကို နင့်နင့် နဲနဲ ရောက်မဲ့ ရုပ်ရှင် ဇာတ်ကားတွေ ထုတ်လုပ်ဖို့ အစီအစဉ် များရှိရင် သိချင် ပါတယ်။
နင့်နင့် နဲနဲတော့ ဖြစ်တော့ ဖြစ်တာပဲ။ ဒါပေမဲ့ ကြိုးတော့ ကြိုးစား ကြည့်ရဦးမယ်။ ကိုယ်လုပ်တိုင်း ကောင်းတာမှ မဟုတ်တာ။ ရိုက်ပြီးတော့ မှ ဘာဖြစ်မယ် ဆိုတာ ရိုက်ပြီးမှ သိမှာ။

အကယ်ဒမီ ဆုမှာ ကိုယ်တိုင်ရ တာထက် သားဖြစ်သူ နောင်နောင်ရတဲ့ အတွက် ပိုကျေနပ်ပြီး ကိုယ့်အတွက်က ပြဿနာ မရှိကြောင်း၊ သားဖြစ်သူကအခုမှ အနုပညာ လမ်းကြောင်းပေါ် စတင် လျှောက်လှမ်းမှာ ဖြစ်တဲ့ အတွက် သားအတွက်က ပိုကောင်းကြောင်း ကိုဇော်မြင့်က ဆိုပါ သေးတယ်။

 

 


ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)

 


ခင်လေးမြင့်
About the author: