|
Written by ၀င်းငြိမ်း
|
|
Friday, 01 February 2013 18:00 |
ဆရာ ဦးဝင်းငြိမ်း ခင်ဗျား စာရေး ဆရာမ တစ်ဦးရဲ့ ၀တ္ထုတွေမှာ “မမြင်ရ ပေသိ” “ရှိပေသိ” “သို့ပေသိ” “ဒါပေသိ” လို့ ရေးသား တာတွေကို ဖတ်ရှု နေပါတယ်။
argaiv1805
“သို့ပေသည့်” “သို့ပေမဲ့” “ဒါပေသည့်” “ဒါပေမဲ့” လို့ လည်း ရေးတတ် ကြပါတယ်။ “သိ” နှင့် “သည့်” ဘယ်ဟာ အမှန် ဆိုတာ ကျေးဇူးပြု၍ ရွှေချစ်သူ ကဏ္ဍက ပြန်ကြား ပေးစေ လိုပါတယ် ဆရာ။ ခင်မင် လေးစား စွာဖြင့် ဦးခင်မောင်သန်း၊ကလောမြို့၊
ဦးခင်မောင်သန်း မေးတာ ဘယ်စာရေး ဆရာမကို ရည် ရွယ်တယ်လို့ ကျွန်တော် မသိ ပေမဲ့ ကျွန်တော် စီစဉ်ထုတ် ဝေပေး ဖူးတဲ့ စာရေး ဆရာမ စိုးမြတ်သူဇာ ကလည်း အဲဒီလို အသုံးအနှုန်း မျိုးတွေ သုံးတတ် ပါတယ်။ “သို့ပေမဲ့၊ သို့ပေသည့်၊ ဒါပေသည့်၊ ဒါပေမဲ့” ဆိုတဲ့ အသုံး အနှုန်းများ ကသာ အမှန် လို့ ကျွန်တော် ယူဆပါတယ်။ (ကျွန်တော်က မြန်မာစာ အဓိက နဲ့ အောင်ခဲ့ တာတော့ မဟုတ်ပါဘူး။ နားလည် တတ်ကျွမ်းသူ များ မှားနေရင် ပြင်ပေး ကြပါ။)
ဦးဝင်းငြိမ်း ခင်ဗျား... နှစ်သစ် ရွှေကို အကယ်ဒမီပွဲ စောင့်ပြီး ထွက်မယ် ထင်တာ စောစောစီးစီး ထွက်လာတဲ့ အတွက် အံ့သြ သွားမိ ပါတယ်။ ဟိုးအရင် ဒီဇင်ဘာ နောက်ဆုံးရက် ရန်ကုန်မှာ လုပ်ခဲ့တဲ့ အကယ်ဒမီပွဲ တွေတုန်းက ရွှေက အကယ်ဒမီကို စောင့်ပြီး နည်းနည်း နောက်ကျမှ ထွက်ခဲ့တာ ချည်းပဲ မို့ပါ။ ဦးဝင်းငြိမ်း ခင်ဗျာ ဒီနှစ် အကယ်ဒမီ ကတော့ အမှန်အတိုင်း ပြောရရင် ဘာလို နေမှန်း မသိ ရင်ထဲမှာ ဟာတာတာ ကြီးနဲ့ ပြီးဆုံးသွား တယ်လို့ ထင်ပါတယ်။ အကယ်ဒမီပွဲ အချိန် စောပြီး ကျင်းပ ပေမဲ့ ဆုအမျိုး အစားတွေ ကြေညာတဲ့ အချိန်မှာ ဆုရတဲ့ ကားတွေရဲ့ ကောက် နုတ်ချက် တင်ပြတဲ့ အချိန်တွေရယ်၊ ဆုတစ်ဆုကြေညာပြီးတိုင်း ချက်ချင်း ဆုယူဖို့ စင်ပေါ်ခေါ် ချက်ချင်း ကျေးဇူးတင် စကား ပြောခိုင်းတဲ့ အချိန်တွေဟာ ဖြည်းဖြည်း အေးအေး မရှိဘဲ အမြန်ပြီး အောင် တက်သုတ် ရိုက် စီစဉ်နေ သလို ဖြစ်နေပါတယ်။ ဆုရ တဲ့ကားတွေရဲ့ ကောက်နုတ် တင်ပြမှု ကလည်း မနှစ်ကထက် အချိန် နည်းတယ်လို့ ထင်မိပါတယ်။ ရန်ကုန်မှာ ပြန်ကျင်းပ တာကလွဲလို့ ဒီနှစ် အကယ်ဒမီ ပွဲကို ကြည့်ရတာ အရင်နှစ်တွေ ကလို အရသာ ရှိရှိ ဖြည်းဖြည်း အေးအေး မရှိဘူးလို့ ထင်ရပါ တယ်။ ဆုကြေညာ ပြီးလို့ ဂုဏ်ပြု နှုတ်ဆက် ကြတာ တစ်မိနစ် တောင် မရှိ သေးဘူး၊ ဆုယူဖို့ စင်ပေါ် ခေါ်နေတာ ဆုရ တဲ့သူ လည်း ၀ရုန်းသုန်းကား၊ ဂုဏ်ပြု နှုတ်ဆက်တဲ့ သူတွေလည်း အပြေး အလွှားနဲ့ ကြည့်ရတဲ့ သူတောင် ရင်မောမိ ပါတယ်။
ဒီနှစ် ပွဲတက် ဖက်ရှင် တွေကတော့ အရင်နှစ်တွေ ကလို ဟိုပေါ် ဒီပေါ်တွေ သိပ်မရှိ တော့ဘဲ အကုန်လုံး ရဲရဲ ကြည့်ဝံ့တဲ့ ၀တ်စုံတွေ များလာ ပါတယ်။ သက်မွန်မြင့်၊ ၀တ်မှုံရွှေရည်၊ မယ်လိုဒီ တို့ရဲ့ ၀တ်ဆင် မှုတွေ အလှဆုံးလို့ ထင်ပါတယ်။ ဒီနှစ်ပွဲမှာ ထူးထူး ခြားခြား နိုင်ငံခြားက ပြန်ရောက် လာတဲ့ ကိုစိုးသူ ကိုလည်း တွေ့လိုက် ပါတယ်။ ရွှေအမြုတေမှာ ပြည် တော်ပြန် ကိုစိုးသူရဲ့ အင်တာဗျူး ဖော်ပြ ပေးပါဦးလို့ ကြားဖြတ် တောင်းဆို လိုက်ပါတယ် ခင်ဗျာ။ ပန်းကြာဝတ်မှုံ၊ ၀ဋ်ကြွေး ဇာတ်ကားတွေနဲ့ နာမည် အရမ်းထွက် ခဲ့တဲ့ သက်မွန်မြင့်နဲ့ နိုင်းနိုင်းတို့ အတွက် အားမလျှော့ ပါနဲ့လို့။ အကယ်ဒမီနဲ့ လွဲခဲ့ ပေမဲ့ တစ်နိုင်ငံ လုံးက သက်မွန်မြင့်နဲ့ နိုင်းနိုင်းကို ချစ်ခင်အား ပေးလို့ ပေးခဲ့တဲ့ ပရိသတ် ပေးတဲ့ အကယ်ဒမီကို ဒီနှစ် အပြည့် အ၀ ရရှိ ပါတယ်လို့ ပြောပေးပါခ င်ဗျာ။ အကယ်ဒမီ မယ်လိုဒီ ဖြစ်သွားတဲ့ မယ်လိုဒီ ကိုလည်း အနုပညာ အလုပ်တွေ ပြည့်ပြည့် ၀၀ပြန် လုပ်စေချင် ပါတယ်။ မယ်လိုဒီကို ချစ်ကြတဲ့ ပရိသတ်တွေ အများကြီး ရှိနေပါတယ် လို့ ပြောပေးပါ ခင်ဗျာ။ ရွှေမှာ အောင်ရဲလင်းနဲ့ ကောင်းပြည့် တို့ကိုလည်း cover တင်ပေးပါဦး ခင်ဗျာ။ အကယ်ဒမီနဲ့ ပတ်သက်ပြီး ကျွန်တော့် ထင်မြင် ခံစားချက် များကို ရေးသား ရင်ဖွင့် ထားတာပါ။ အမှား ပါခဲ့ရင် ဦးဝင်းငြိမ်း တည်းဖြတ် ဖော်ပြ ပေးပါလို့ တောင်းဆို လိုက်ပါတယ် ခင်ဗျာ။ ရွှေရဲ့ အမာခံ ပရိသတ် မင်းမင်း၊တောင်ငူ၊
ကျွန်တော် အကယ်ဒမီကို စောင့်လိုက်ရင် စာအုပ်ထွက် ရက် တော်တော် နောက်ကျ သွားမှာ ဖြစ်တဲ့ အတွက် မစောင့် တော့ဘဲ ထွက်ခဲ့ ခြင်းပါ။ ဒီလထုတ်မှာ အကယ်ဒမီ ဓာတ်ပုံ များ ဝေေ၀ဆာဆာ ဖော်ပြပေး ထားပါတယ်။ကျွန်တော်ကတော့ ဒီနှစ်လို တင်ဆက် တာကို သဘောကျ ပါတယ်။ အော်စကာ ဆုပေးပွဲ၊ ရွှေကမ္ဘာလုံး ဆုပေးပွဲ တို့မှာ လည်း ဆုပေးပြီး တာနဲ့ တစ်ပြိုင်နက် ကျေးဇူးတင် စကား ပြော ကြားကြတာ ဖြစ်ပါတယ်။ ကောက်နုတ် တင်ပြတဲ့ အခန်းတွေ နည်းတာလည်း ကောင်းပါတယ်။ အရင်က တင်ပြတာတွေ က တစ်ကား လုံးနီးပါး ဖြစ်ဖြစ် နေတတ် ပါတယ်။ သက်မွန်မြင့်၊ နိုင်းနိုင်းတို့ အားမလျှော့ ကြပါဘူး။ မယ် လိုဒီ ကတော့ အကယ်ဒမီ မယ်လိုဒီ ဖြစ်သွား ပေမဲ့ စီးပွား ဖြစ်ရိုက် တာမျိုး မလုပ်တော့ဘဲ ပရဟိတ လုပ်ငန်း အတွက်သာ ရိုက်ဖြစ်၊ ဆိုဖြစ်မယ်လို့ ပြောပါတယ်။

မင်္ဂလာပါ ဆရာ ဦးဝင်းငြိမ်း ခင်ဗျာ ကျွန်တော်က ရွှေအသစ် တစ်ယောက်ပါ။ အီးမေးလ်နဲ့ ၀တ္ထုတို တစ်ပုဒ် ပို့လိုက်ပါတယ်။ ကျွန်တော့် ၀တ္ထု တစ်ပုဒ် ဆန်ခါ တင် မှာပါပြီး ဆရာ့ဆီမှာ ပြုတ်ကျန်ခဲ့ ပေမဲ့ အရမ်း ပျော်တယ် ဆရာ။ ဆရာမ မသီတာ (စမ်းချောင်း) က အရေး အသားပြေ ပြစ်တယ်လို့ မှတ်ချက် ပေးပါတယ်။ အရေးအသား ပြေပြစ်ရင် ဇာတ်လမ်းကို ဆန်းသစ် ရလား ဆရာ။ အခုထိ ဇွဲမလျှော့ဘဲ ရေးနေ ဆဲပါ ဆရာ။ ဆရာ့ရဲ့ ရွှေအသစ် တစ်ယောက် မဖြစ် မချင်း စာတွေ ရေးပို့ နေမှာပါ။ အွန်လိုင်း ၀တ္ထုတို ပြိုင်ပွဲ ဆိုတာက ဘယ်မှာ ၀င်ကြည့် ရတာလဲ ဆရာ။ ပြိုင်ချင် ရင်ရော ဘယ်လိုဝင် ပြိုင်ရတာလဲ ဆရာ။ ကျွန်တော်က ကြားဖူးရုံ သာရှိလို့ မေး ကြည့်တာပါ။ ရသ စာတမ်းနဲ့ ၀တ္ထုတိုရဲ့ ကွာခြားချက် လေးကို ပြောပြ ပေးပါလား ဆရာ။ ၀တ္ထုရှည် ကရော စာမျက်နှာ ဘယ်မျက်နှာ ကန့်သတ် ထားပါ သလဲ ဆရာ။ ဇန်န၀ါရီထုတ် ရွှေအသစ်မှာ သုံးပုဒ် စလုံးကြိုက်တယ် ဆရာ။ ကျေးဇူးပြုပြီး ဖြေပေးပါနော် ဆရာ။ ပထမဆုံး ရေးတဲ့ စာမို့ အမှား ပါခဲ့ရင် ခွင့်လွှတ် ပေးပါ ဆရာ။ ဆရာနဲ့ ကျွန်တော်တို့ အားလုံးရဲ့ “ရွှေ” ထာဝရတည် တံ့ပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ်။ လေးစားစွာဖြင့် NY (Physics)
ရွှေအသစ် တစ်ယောက် မဖြစ်မချင်း ကြိုးစားမယ် ဆိုလို့ ကျေးဇူး တင်ပါတယ်။ စာရေးဆရာ ဖြစ်ချင်သူ တစ်ယောက်က ဒီလို ဇွဲကောင်း ရပါမယ်။ အွန်လိုင်း ၀တ္ထုတို ပြိုင်ပွဲက အရင် တုန်းကတော့ ဘလော့ဂ်ဂါ တစ်ယောက် ဖြစ်တဲ့ မြစ်ကျိုးအင်း က ၂ နှစ် ကျင်းပ ပေးဖူး ပါတယ်။ အခုတော့ ဘာကြောင့် မလုပ် ဖြစ်တော့ တယ်ဆိုတာ ကျွန်တော်လည်း မသိ ပါဘူး။ မြစ်ကျိုးအင်းကို မေးကြည့်ပါ။
သို့ ရိုသေ လေးစား ရပါတဲ့ ဆရာ ဦးဦး ၀င်းငြိမ်း ခင်ဗျာ၊ မင်္ဂလာပါ၊ ဦးဦး နေကောင်းရဲ့လားလို့ နှုတ်ခွန်းဆက် လိုက်ပါ တယ်။ သားက ဦးဦးရဲ့ ရွှေအသစ်မှာ ပါဝင်ခွင့် ရဖို့ မ၀ံ့မရဲ တိုးရှဲ နေသူ လေးပါ “ဇိုထရာဗိုလ်” ပါ။ သား ရွှေကို စဖတ်မိတာ ၂၀၀၃ ရခိုင်မှာ နေကတည်းကပါ။ ရွှေကို စဖတ် မိတဲ့ အချိန်က တည်းက စွဲလမ်း သွားခဲ့တယ်။ စာရေးဖို့ ၀ါသနာ ပါတဲ့ သားက အဲဒီ ကတည်းက ရွှေကို ၀တ္ထုတို တွေ ပို့ဖို့ ကြိုးစားခဲ့ ပါတယ်။ ဒါပေမဲ့ နယ်က အခက်အခဲ ရှိတော့ မပို့ ဖြစ်ခဲ့ဘူး။ ကြိုးစားရင်း ကြိုးစားရင်းနဲ့ပဲ ၂၀၁၁ ခုနှစ်မှာ ရန်ကုန်ကို အရဲ စွန့်စားလာ ပြီး စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဦးဦးတို့ မဂ္ဂဇင်း တိုက်ကို အရဲ အစွန့်နဲ့ ၀တ္ထုတိုလေးတစ်ပုဒ် ပို့ခဲ့တယ်။ ခုဆို သားပို့ထား တာ ၇ ပုဒ် ရှိသွား ပါပြီ။ ဘယ်တော့ ဝေဖန်ချက် လေး ပါမလဲလို့ လစဉ် စောင့်မျှော်ရင်း ရွှေ အမြတ် တနိုး ဖတ်နေ ပါတယ်။ ဦးက ပြောတော့ ၆ လ၊ ၁ နှစ်တဲ့၊ သားက ၁ နှစ် ကျော်သွားပြီ။ အဆီအငေါ်မတည့်တဲ့ သားရဲ့စာမူလေး တွေကိုတော့ မဖတ်ဘဲ မပယ် လိုက်ပါ နဲ့နော်။ ဒီလ ရွှေမှာ ဦးရဲ့ နှစ်ကြောင်းရေး တစ် ကြောင်းခြစ် မပါဘူး နော်၊ ဖတ်ရတာ တစ်ခု လိုနေ သလို ခံစား ရတယ်။ ဦးဦး ရေးတဲ့ နှစ်ကြောင်းရေး တစ်ကြောင်း ခြစ်ကို ဖတ်လိုက် ရမှ စာရေးမဲ့ နည်းလမ်းတွေ ပိုပြီး နားလည် ခဲ့တယ်။ စာရေးဖို့ အားရှိတယ်။ ဦးရဲ့ဆောင်းပါးကို မိတ္တူကူး ပြီး သိမ်းထား ပါတယ်။ စာရေးဖို့ သွေးအေးလာတိုင်း ထုတ်ဖတ်မိ တယ်။ ရွှေမှာပါတဲ့ ၀တ္ထုတွေက အရမ်းကောင်း ပါတယ်။ ရေးတတ်ကြတဲ့ ရေးနိုင်ကြတဲ့ ဆရာ၊ ဆရာမတွေ ကိုလည်း အားကျမိတယ်၊ လေးစားမိတယ်။ သားလည်း သားရဲ့စာမူ လေးတွေကို ရွှေစာမျက်နှာမှာ ပါခွင့်ရ ချင်လိုက်တာ။ ဒါပေမဲ့ မမျှော်လင့်ရဲ သေးပါ ဘူးဗျာ။ ဦးရေ ဦးကို တစ်ခုလောက်တော့ ပြောပါရစေ သိလို့ တတ်လို့တော့ မဟုတ်ပါဘူး။ မသိလို့ မတတ်လို့ မေးမှာပါ။ ဒီလ ရွှေမှာပါတဲ့ ရွှေအသစ် တွေကိုတော့ ကြိုက်တော့ ကြိုက်ပါတယ်။ ဒါပေမဲ့ ခါတိုင်းလ တွေလောက် မကောင်း သလို ခံစားရတယ်။ သူရခိုင်ရဲ့ “သေမိန့်” ဆိုတဲ့ ၀တ္ထုလေးက ဖတ်လို့ ကောင်းပါတယ်။ ဆင်ခြင်တုံ တရား လည်း ရမိပါတယ်။ ရွာမှာ နေတုန်းက ကြက်တွေကို ဟင်းစား အဖြစ် သတ်ခဲ့တာ နောင်တ ရမိတယ်။ ၀မ်းလည်း နည်းမိ တယ်။ ဒါပေမဲ့ အဲဒီဝတ္ထုမှာ တစ်ခု ပြောချင်တာ လေးက ၀တ္ထု ရဲ့ အစ ပိုင်းမှာ “သူ” လို့ သုံးထားပြီးမှ နောက် ကျွန်တော်ဖြစ် သွားတယ်။ ဦး တစ်ခါ ပြောဖူးတယ်၊ ၀တ္ထုရေးရင် ဒုတိယနေ ရာက ရေးရင် ဒုတိယ နေရာနဲ့ တစ်ပုဒ်လုံး ရေးရတယ်။ ပထမနေ ရာက ရေးရင် ပထမ နေရာ နဲ့ပဲ ရေးရတယ် ဆိုတာလေ။ ဒါတွေ သား နားမလည်ရိုး အမှန်ပါ။ သားကို စိတ်မဆိုး ပါနဲ့နော်။ ပြီးတော့လေ အမှတ် ၂၇၃၊ သြဂုတ်လ ထုတ်မှာ ပါတဲ့ (ရွှေ အသစ်) လင်းထွဋ်လင်းရဲ့ (သီအိုရီအလွဲ) ဆိုတဲ့ ၀တ္ထုမှာ မွန်း တည့် နှစ်နာရီလို့ သုံးထားတယ်။ ၂ နာရီ ဆိုတာ မွန်းလွဲ မဟုတ် ဘူးလား ဦးရယ်။ ဦးရေ သားကို ကလောင် အမည် ရွေးပေး ပါနော်။ ဆောင်းပန်းချီ၊ မင်းသိန်းပိုင်၊ ဇိုထရာဗိုလ် ဘယ်ဟာ ပိုကောင်း မလဲဟင်။ စာလည်း ရှည်သွားပြီ တော် ပါပြီ။ ဦးဦးနဲ့ တကွ ရွှေအဖွဲ့သားတွေ ကျန်းမာ ချမ်းသာ ကြပါစေလို့ ရိုးရိုးလေးပဲ ဆုတောင်း လိုက်ပါတယ်။ ဇိုထရာဗိုလ်
ပုံမှန်ကတော့ ၁၂ လ ကနေ ၁၈ လလောက် အထိ ကြာ တတ်ပါတယ်။ အဲဒီလတွေ အတွင်း မပါဖြစ်ဘူး ဆိုရင်တော့ မဂ္ဂဇင်း တိုက်ကို စာမူ မရောက်တာ ဖြစ်နိုင်ပါတယ်။ နှစ် ကြောင်းရေး တစ်ကြောင်းခြစ်က အခါအား လျော်စွာ ကျွန်တော် ရေး နေပါတယ်။ သူရခိုင်ရဲ့ ၀တ္ထုကို အကြမ်းဖတ် နေစဉ်ကာလ တုန်းက ပြင်ပေး ရမယ် ဆိုတာ ကျွန်တော် သတိထား လိုက်မိ ပေမဲ့ တကယ်ရွေးတဲ့ အခါမှာ မပြင်ဖြစ် ဖြစ်သွား ပါတယ်။ ကျွန်တော့် အမှားပေါ့။ ကလောင် နာမည် ကိုတော့ ကိုယ့်ဘာသာ ကိုယ်ပဲ ရွေးပါဗျာ။ ကိုယ်မွေးတဲ့ ကလေးကို ကိုယ်တိုင်ပဲ နာမည်ပေးတာ ကောင်းပါတယ်။ ဗေဒင်ဆရာ အားမကိုးပါ နဲ့။
ချစ်ခင်လေးစားရပါသော ဦးဝင်းငြိမ်းခင်ဗျာ... ဒီနှစ် အကယ်ဒမီ ပေးပွဲကို ကြည့်ပြီး တဲ့နောက် ခံစားရ တာတွေကို ရင်ဖွင့် လိုက်ရ ပါတယ်ဗျ။ ၀ဋ်ကြွေး၊ ပန်းကြာ ၀တ်မှုန် နှစ်ကား လုံးမှာ ဟဲဗီး ဒရာမာ ဇာတ်ရုပ် နေရာက နေပြီး သရုပ်ဆောင် ထားတဲ့ သက်မွန်မြင့် အကယ်ဒမီ မရတာကြောင့် အလွန်ပဲ အံ့သြ ရပါတယ်။ ဒီဇာတ်ကား နှစ်ကားလုံးမှ သက် မွန်ရဲ့ ကာရိုက်တာက အကယ်ဒမီ ရသွားတဲ့ မယ်လိုဒီထက် ပိုကောင်းတယ်လို့ ထင်မိပါတယ်။ မယ်လိုဒီ ကလည်း သရုပ်ဆောင် ကောင်းပါ တယ်ဗျာ။ ဒါပေမဲ့ သက်မွန်က ပိုကောင်း တဲ့ ဇာတ်ကောင်ကို ရထား တာပါ။ ပြီးတော့ မယ်လိုဒီဟာ ဒီကားမှာ ဇာတ်ပို့ နေရာလို မျိုးကသာ သရုပ်ဆောင် ရတယ် လို့ထင်မိပါ တယ်ဗျာ။ သက်မွန်က မနှစ်က ရထား လို့များ မရတော့ တာလားလို့လည်း ထင်မိပါတယ်။ တကယ်တော့ တကယ် ထူးချွန်ရင် ဘယ်နှနှစ် ဖြစ်ဖြစ် ဆက်တိုက် ပေးသင့်ပါ တယ်လို့ ပရိသတ် တစ်ယောက် အနေနဲ့ ထင်မိ ပါတယ်ဗျာ။နိုင်းနိုင်း၊ စင်ရော် မောင်မောင် တို့အတွက်လည်း ၀မ်းနည်း မိသလို၊ ဒီနှစ် အကယ်ဒမီကို လုံးဝ နားမလည် တော့ပါဘူးဗျာ။ သက်မွန် အွန်လိုင်းမှာ The Winner of Focus Online Audience Choice Award ဆုရတာ ကိုလည်း ၀မ်းသာ မိပါတယ်။ သက်မွန် ကို ရွှေအမြုတေမှာ မျက်နှာဖုံးရှင် အဖြစ်လည်း မြင်ချင်ပါ တယ်ဗျ။ ရွှေဝိုင်းတော် သားများ အားလုံး ကျန်းမာ၊ ချမ်းသာ ကြပါစေဗျာ။ မောင်မင်းညို
ပရိသတ် အတော် များများ အဲဒီလို ခံစား ကြရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က လူပြိန်းတွေ ဖြစ်ပြီး အကဲဖြတ် ကြတဲ့ သူတွေက အနုပညာ ရှင်တွေ၊ အတတ်ပညာ ရှင်တွေ ဖြစ်တဲ့ အတွက် သူတို့က ပိုနားလည် တယ်လို့ ယူဆ ရပါမယ်။ သက် မွန်မြင့် မရတာ နှစ်နှစ် ဆက်တိုက်ကြောင့် မဟုတ်ပါဘူး။ ရှေ့ မှာ နှစ်နှစ် ဆက်တိုက် ရဖူးတဲ့ အစဉ်အလာတွေ ရှိပါတယ်။
ဆရာ ဦးဝင်းငြိမ်း... နေကောင်း၊ ကျန်းမာ၊ လာဘ်ရွှင် ပါစေဗျာ။ ရွှေအမြုတေ ဇန်န၀ါရီလ ရွှေချစ်သူ သို့မှာ ဆရာ ပြန်ကြား ထားသလို မဂ္ဂဇင်း အုပ် ၁၀၀ ကျော်ရှိတဲ့ ထဲက ရွှေကိုမှ အပြစ်ရှာ တာလား ဆိုရရင် ကျွန်တော့် သဘော အရ ဆိုရင်တော့ ဟုတ်ပါဘူးဗျ။ ဘယ်လို ပြောမလဲ။ ရွှေကို ကျတော့ အမျိုး တစ်ယောက်လို အသိ အကျွမ်း မိတ်ဆွေ တစ်ယောက်လို ကျွန်တော့် စိတ်ထဲမှာ သဘောထား တယ်။ အဲဒီ စာရေးသူ ကလည်း အဲလိုပဲ သဘော ထားတယ် ထင်ပါ့။ ပြောရရင် ချစ်လို့ ပြောတယ် မှတ်ပါ ဆရာ။ တကယ် ပြောတာဗျ။ ကျွန်တော်ဆို ဘယ်လောက်ထိ လဲဆိုရင် မင်းသား တော်တော် များများကိုတောင် ရွှေမျက်နှာဖုံး မှာပါပြီးမှသေချာ သတိထား စောင့်ကြည့်မိ တဲ့အထိ။ ဥပမာ- မြင့်မြတ်၊ နေမင်း၊ ရဲတိုက်၊ စွမ်း...။ အခု နောက်ပိုင်း ရွှေအဖုံး တင်ထား တဲ့ အလင်းရောင်။ သူ့ကိုတောင် စောင့်ကြည့် မိတယ်။
နောက်ထပ် ဥပမာ.....စာရေးဆရာတွေ ကိုတောင် ရွှေ စင်တင် ပြီးသား တွေကိုမှ အခြား မဂ္ဂဇင်းမှာ ရှာဖတ် မိတယ်။ ဥပမာ....ဆရာ မင်းဝေဟင်၊ ဆရာမ ငွေဇင်ယော်ဦး(မိုး ကုတ်)၊ ဆရာမ ဝေ(စီးပွားရေး တက္ကသိုလ်)၊ ဆရာ ညီမင်းညို စသည်...။ အဲဒီတော့ ကျွန်တော် ပြောချင်တာ ဒီလိုပါ။ ရွှေကိုမှရွေးပြီး အပြစ်တင် ကြတယ်လို့ ဆရာ မထင် ပါနဲ့ဗျာ။ ကိုယ့်ချစ်သူကို အပြစ် ပြောစရာ ရှိရင် ကိုယ်ပဲ ပြောမှာပေါ့။ သူများ လာပြောရင် ဘယ်ကြိုက် လိမ့်မလဲ။ ရိုက်ပစ် မှာပေါ့။ (အားအားယား ယား အပြစ် ပြောတဲ့ သူတွေ ဆိုရင် တော့ တစ်မျိုး ပေါ့။) ရွှေကို လစဉ် ၀ယ်သိမ်း ဖြစ်တယ်။ ကျွန်တော့် ဆေးခန်း မှာဆိုရင် ရွှေတွေကို ပုံလို့။ ဒီနှစ်ထဲမှာ ဖွေးဖွေး အဖုံး လှသဗျ။ စွမ်းအဖုံး လည်း လှသဗျ။ အေသင်ချိုဆွေ တောင် ရွှေမှာ တွေ့မှ လှလာ သလို။ သည်သို့ သည်နှယ် ရွှေကို အားပေး မိတာပါ။
ရွှေက အပြင် အဆင်တွေ၊ နိုင်ငံတကာ သတင်းတွေ ကောင်း တယ်ဆိုရင် ကိုယ့်ကို ပြောနေ သလို။ ရွှေဝတ္ထု တွေများ ကောင်း လိုက်တာ၊ ရွှေအသစ်က စင်တင်တွေ ခြေလှမ်း သွက်နေလိုက် ကြတာဆိုရင် ကိုယ့်ကို ချီးမွမ်း နေသလိုလို။ ပြုံးစိစိ တောင် ဖြစ်မိရဲ့။ နောက်ပိုင်း ရွှေအသစ်က ဆရာတွေထဲက သတိုး၊ စောနဒီ၊ လူခါး (ဆရာတွေလား၊ ဆရာမတွေလား မသိလို့ ရှေ့မှာ မတပ် တာပါ) သူတို့တွေကို ကြိုက်မိတယ်။ ဆရာမ ဝေ (စီးပွားရေးတက္ကသိုလ်)ရဲ့ ရွှေဆုရ ရသ စာတမ်းကိုတော့ ယနေ့ထိ မဖတ်ဖူး သေးပါ။ ဆရာ မောင်နှင်းပန်းရဲ့ လက်ညှိုး ညွှန်ရာ အက်ဆေး ကိုတော့ ကြိုက်သဗျ။ ဆရာ မင်းဝေဟင် ကတော့ တွေ့သမျှ ပါသမျှ မဂ္ဂဇင်း တိုင်းမှာ ကောင်းနေသ လိုပဲ။ မျက်နှာဖုံးမှာ စံရတီ မိုးမြင့်လေးကို မြင်ချင် သေးတယ်။
ဟောလိဝုဒ်က မင်းသား မင်းသမီးတွေ အကြောင်းကို အခု နောက်ပိုင်း ဖတ်လာ ရတာ ၀မ်းသာတယ်ဗျ။ ရွှေအသစ် ရွှေနှလုံး သားတွေ ဒီနှစ်မှာ ပရိသတ် အကြိုက် ဘယ်သူတွေ ရကုန်လဲ။ ဆရာ ဦးဝင်းငြိမ်းရော နေကောင်း ပါရဲ့လား။ ဘန်ကောက်ကို သွားရ သေးလား။ ပြီးခဲ့တဲ့ တစ်ခေါက် ဘန်ကောက်ကို သွားရတဲ့ အကြောင်းရင်း (မြန်မာနိုင်ငံက ဆေးခန်းနဲ့ ဆရာဝန်များ အကြောင်း)ကို အလင်းတန်းမှာ ဖတ်ရတာတော့ ဆရာဝန် တစ်ယောက် အနေနဲ့ ပြောရရင် ကျွဲမြီးတို မိသဗျ။ ဒါပါပဲ ခင်ဗျ။ ရွှေကို ချစ်မိ ပါတယ်။ တန်ဖိုးထား မိပါတယ်။ ဆရာ အပါ အ၀င် အားလုံးကိုလည်း လေးစား ပါတယ်။ ဒေါက်တာလင်းထွဋ်ဘိုဘို (လင်းဆေးခန်း) တောင်ဥက္ကလာ
ဆရာရယ်...ကျွန်တော်က ရဟန္တာ မဟုတ်ပါဘူး။ သာမန် ပုထုဇဉ် လူသား တစ်ယောက်သာ ဖြစ်ပါတယ်။ ပေးစာ တွေ ဆိုတာကလည်း ကိုယ်မေး ကိုယ်ဖြေ လုပ်ကြံ ထားတာတွေ မဟုတ်ပါဘူး။ ဒီတော့ ပြောဖန်များ လာတဲ့အခါ စိတ်တိုမိတာ ပေါ့။ အဲဒီလို အခါမျိုး မှာတော့ “ချစ်လို့ပြောတယ် မှတ်ပါ”ဆို တာကို နှလုံး မသွင်းနိုင် တော့ပါဘူး။ ရွှေအမြုတေကို ချစ်တယ် ဆိုတဲ့ အတွက် ကျေးဇူး အနန္တပါ။

ဝင်းငြိမ်း (ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)
|
ဝင်းငြိမ်း |
| About the author: |
| | |