(Feb_13)စာကောင်းကင်က လင်းလက်ကြယ် PDF Print E-mail
Written by မင်္ဂလာရွှေမောင်း   
Friday, 01 February 2013 18:10
Share |

နေကောင်း ရုံမျှနဲ့ ကျန်းမာ တယ်လို့ မခေါ်နိုင် ပါဘူး။ ကိုယ်ရော စိတ်ပါ ကျန်းမာ နေပါမှ ကျန်းမာ တယ်လို့ ခေါ်ပါတယ်။ ကိုယ်ကျန်းမာ တာက စနစ်တကျ စမ်းသပ် စစ်ဆေး ကြည့်ရင် သိနိုင် ပါတယ်။

buy cialis professional onlinecialis online here discount generic viagra buy cialis
argaiv1755

ဒီတော့ ပြောရလွယ် ပါတယ်။ ဒါပေမဲ့ စိတ်ကျန်းမာတာ ကိုတော့ လွယ်လွယ် မသိနိုင် ပါဘူး။ ဆိုပါစို့ ကလေး တစ်ယောက်ဟာ ပုံမှန် ဖွံ့ဖြိုး နေမယ်၊ ပုံမှန် စွမ်းဆောင် နေမယ်၊ ရောဂါလည်း မရှိဘူး ဆိုရင် အဲဒီကလေး ဟာ ကျန်းမာ နေပြီပေါ့။ အဲ စိတ်ကျန်းမာ တယ်ဆိုတာ စိတ်ရောဂါ မရှိတာကို ပြောတာ ဆိုရင်တော့ လူတိုင်း နီးပါးပဲ ကျန်းမာ နေပြီပေါ့။ ဒါပေမဲ့ စိတ်ကျန်းမာ တယ်ဆိုတာက အဲဒီလောက် ကလေး ကို ပြောတာ မဟုတ်ဘူး။ စိတ်က စွမ်းဆောင်ရည် ပြည့်ပြည့်၀၀ ရှိမှ စိတ်ကျန်းမာ တယ်လို့ ပြောတာ။ IQ 100 ရှိတဲ့ သူက 80 ရှိတဲ့ သူထက် စိတ်ကျန်းမာတယ် ဆိုရင် ဟစ်တလာလို ပုဂ်္ဂိုလ်ဟာ IQ 100 ထက်တောင် ပိုရင် ပိုနေမယ်။ ဂျူး ၆ သန်းကို သတ်ထားတဲ့ ဟစ်တလာဟာ စိတ်ကျန်းမာ နိုင်ပါ့မလား။ ဒါကြောင့်လည်း  IQ တစ်ခုတည်းနဲ့ စိတ်ကျန်း မာရေး သတ်မှတ်လို့ မရပါဘူး။ ဒီနေ့ ကမ္ဘာမှာ နောက်ပိုင်း ပြောလာတာက IQ မဟုတ်တော့ ဘူးလေ။ EQ, EQ  ဆိုတာက EIQ ကို ပြောတာ။ IQ ဆိုတာ Intelligence Quotient, EIQ ဆိုတာက Emotional Intelligence Quotient, ဆင်ခြင် တုံတရားလို့ ဘာသာပြန် ကြတယ်။ ဆင်ခြင်တုံ တရား မရှိလို့ မဖြစ်သင့်တဲ့ အရာတွေ ဖြစ်ခဲ့ ကြရတယ်။ ဒါကြောင့် လည်း ကလေး ဘ၀ကတည်း က ကလေး တွေရဲ့ Emotion ကို ကျန်းမာ လာအောင် ပြုစု ပျိုးထောင် ပေးဖို့လို အပ်တယ်။ တစ်နှစ်သား၊ နှစ်နှစ်သား၊ သုံးနှစ် လေးနှစ်သား ကလေးတွေရဲ့ Emotion ကို ပြုစုပျိုး ထောင်ပေးဖို့ ဘာတွေ လိုအပ်သလဲ ဆိုတာ သိကော သိကြရဲ့ လား။ မသိရင် သိအောင်ကော ကြိုးစား ကြရဲ့လား။ မြန်မာ မိဘတွေဟာ သူတို့ ရင်သွေးငယ် တွေကို အရမ်း ချစ်ကြပါတယ်။ ဒါ သံသယ ရှိစရာ မလိုပါဘူး။ ဒါပေမဲ့ တကယ် ချစ်တတ်ပါ ရဲ့လား။ ကလေးငယ် တစ်ယောက်ဟာ လူ့လောက ထဲကို အခုမှ ၀င်လာတဲ့ လူသား တစ်ဦး ဖြစ်သလို အနာဂတ်ကို ထုဆစ် ရမဲ့ ဗိသုကာ တစ်ဦးလည်း ဖြစ်နေ တယ်လေ။ ဒီတော့ လူကျန်းမာရုံနဲ့ မရဘူး၊ စိတ်ကျန်းမာ ဖို့လည်း အထူး လိုအပ် ပါတယ်။

ကလေး တစ်ယောက်က ၃ နှစ်မှာ မူကြိုသွားရတယ်။ ဒီကလေး ၂ နှစ်မှာမှ ၀ါကျ အပြည့် ပြောတတ်တာ။ ဒါတောင် ခက်ခဲတဲ့ ၀ါကျတွေကို မှန်ကန် မြန်ဆန်အောင်  မပြောနိုင် သေးပါ ဘူး။ ၄ နှစ် အရွယ်ကျမှ ၀ါကျ အပြည့်နဲ့ ရှုပ်ထွေးတဲ့ စကားလုံး တွေကို စပြော နိုင်တာ။ ပုံမှန် အားလုံး ပြောနိုင် တာက ၅ နှစ်မှ ပြောနိုင်တာ။ ဒါပေမဲ့ ၃ နှစ်ပြည့်ပြီ ဆိုရင် မူကြို သွားရပြီ။ တချို့ကလေး တွေဆိုရင် ၂ နှစ်ကျော်လေးနဲ့ မူကြိုကျောင်း နေနေရ တယ်။ မဟာလူသား၊ မေတ္တာ ကရုဏာရှင်လို့ သတ် မှတ်ထားတဲ့ သူ့အမေရဲ့အေးငြိမ်း လုံခြုံတဲ့ ရင်ခွင်က ဆွဲထုတ်ခံ လိုက်ရလို့ ကလေး ခံစား သွားရတဲ့ ခံစားချက်ကို ထည့်မတွက် ကြဘူး။ ကျောင်း၊ ကျူရှင်၊ Guide, အိပ်ချိန် အားလုံးပေါင်း လိုက်ရင် ၃ နှစ် ကလေးမှာ ပြေးလွှား ဆော့ကစား ချိန်မရှိတော့ ဘူး။ မိဘတွေ ကိုယ်တိုင် က EQ မပြည့်စုံတဲ့ ကလေးတွေကို မွေးထုတ် ပေးနေ တာလေ။ ဒါက ဘာလဲ။ မိဘတွေက ကလေး တွေအတွက် အချိန် မပေးနိုင် ကြဘူး။ အကြောင်းကြောင်း တွေရဲ့ အကြောင်းကြောင်းတွေ ကြောင့်ပေါ့။ ပြောရရင် ပေးနိုင် အောင်လည်း မကြိုးပမ်း ကြပါဘူး။ ကလေး ကိစ္စဟာ အနာဂတ် ကိစ္စလို့ သာမန် သိထား ပေမဲ့ အဲဒီ အနာဂတ် အတွက် ကလေး စိတ်ကျန်းမာရေး ဖွံ့ဖြိုး တိုးတက် နေဖို့ လိုတယ် ဆိုတာ ကိုတော့ သူတို့  အလေး အနက် မထားကြဘူး။ ရွှေမောင်းတို့ လူ့အဖွဲ့ အစည်းမှာ ကလေး တွေရဲ့ IQ ကို သေသေချာချာ ပြုစု ပျိုးထောင် ပေးဖို့ လိုနေပါပြီ။

ကလေး တွေကို မိဘ အုပ်ထိန်းသူ တွေက စိတ်တိုင်း ကျ စီမံဖန်တီး ခွင့်ရှိတယ် ဆိုပေမဲ့ လူသား တစ်ဦးရဲ့ ရပိုင် ခွင့်တွေ၊ လူသား တစ်ယောက် ရဲ့ခံစားမှု တွေကိုတော့ လျစ် လျူ မရှုသင့်ပါဘူး။
ဒီလ ရတီမှာ သူတို့ ပြောတဲ့  H ကို ဖတ်ရ ပါ တယ်။ သူတို့ ဆိုတာက ဆရာ လင်္ကာရည်ကျော်၊ ဆရာမ ဖြူဖြူသင်းနဲ့ စာရေး ဆရာမ ပုဏ္ဏမီတို့ပါ။ H ဆိုတာက Humanitarianism Health နဲ့ Hero ပါ။

ဆရာ လင်္ကာ ရည်ကျော် က “တိုင်းပြည်မှာ ရှိနေတဲ့ လူတိုင်း IQ မြင့်နေဖို့ အရေး ကြီးတယ်”လို့ ဆိုပါ တယ်။ ကမ္ဘာစစ်ကို နှစ်ကြိမ် ရှုံးခဲ့ဖူး တဲ့ ဂျာမနီက ကမ္ဘာ့ကုန်သွယ် မှုမှာ နံပါတ်တစ် နေရာမှာ ရှိတယ်။ တစ်ကြိမ် ရှုံးခဲ့ ဖူးတဲ့ ဂျပန်က နံပါတ် ၄ နေရာမှာ ရှိတယ်။ သူတို့က သူတို့လူ မျိုးတွေရဲ့ IQ ကို သေချာ ပြုစု ပျိုးထောင် ပေးတယ်လို့ ဆိုပါတယ်။
ဒေါ်ဖြူဖြူသင်းက အဓိ က လူသား ဖြစ်မှု ၀ါဒနဲ့ ပတ် သက်ပြီး “သူ့ဘာသာသူ ကိုးကွယ်၊ ကိုယ့်ဘာသာ ကိုယ် ကိုးကွယ်၊ ငြိမ်းချမ်းစွာ ယှဉ် တွဲ နေထိုင်နိုင် ရမှာပေါ့။ အဲဒီ လို မနေနိုင်ရင် ယူဂိုစလား ဗီးယားမှာ လူသတ်ပွဲ ကြီးတွေ ဘယ်လို ဖြစ်ခဲ့သလဲ ဆို တာ သမိုင်း သက်သေပဲ”လို့ ဆိုပါတယ်။

ဒီကဏ္ဍလေးဟာ ရတီ မှာ အတော်လေး ကောင်းတဲ့  ကဏ္ဍသစ် တစ်ခုပါ။ ဖတ် ကြည့်ပါဦး။
မင်းဝေဟင်ရဲ့ မိုးခါးရေ ချိုပါနဲ့ ဟာ အများ မိုးခါးရေ သောက်နေတဲ့ ကြားက ရိုးသား နေတဲ့ ဇနီးမောင်နှံ တို့ရဲ့ ဆုံး ဖြတ်ချက် ချမှုကို ရေးဖွဲ့ထား တဲ့ဝတ္ထုတိုပါ။ ဒဂုံ တက္ကသိုလ် အနီး မိန်းကလေး ဆောင် ဖွင့် စားနေတဲ့ ဇနီးမောင်နှံ နှစ်ဦး က တည်းခိုခန်း ဖွင့်ပြီး ကြီး ပွားနေတဲ့ သူငယ်ချင်းရဲ့ တိုက်တွန်းမှုနဲ့ တည်းခိုခန်း ပြောင်းဖွင့်ဖို့ ကြိုးပမ်းအား ထုတ်ပြီးမှ အဆောင်ပဲ ပြန်ဖွင့် ခဲ့ပုံကို ရေးဖွဲ့ ထားတာပါ။ ၀တ္ထုရေး တတ်တဲ့ မင်းဝေဟင် က Section ငှားစား နေရတဲ့ ဒီနေ့ တည်းခိုခန်း တွေနဲ့ ကျောင်းသား၊ ကျောင်းသူ အတွဲတွေ လာကြပုံ၊ ညဘက် ဆိုရင် လူလုံးဝ မရှိပုံ တို့ကို မပြောဘဲ ပြနိုင် ခဲ့ပါတယ်။ ဖတ်ကြည့် ပါဦး။

မောင်ဆွေသက်ရဲ့ သံ မဏိ မျက်ရည် ဟာ သတင်း ထောက် ကောင်မလေး တစ်ဦး ရဲ့ ဘ၀ ဖြတ်သန်းမှု ကို ပီပီ ပြင်ပြင် ရေးဖွဲ့ ထားတာပါ။ အလွန်ပေါ များလှတဲ့ ဒီနေ့ မဂ္ဂဇင်း စာမျက်နှာများ ပေါ်မှာ ဖတ်လိုက် ရတဲ့ ရှားရှားပါးပါး အကြောင်း အရာလေးပါ။
၂၀၁၂၊ ဒီဇင်ဘာ၊
ရတီ

ဒီလ ရနံ့သစ်မှာ ဖော်ပြ ထားတဲ့ သင်းအောင်ပန်ရဲ့ ဒိုး ဒိုး ရွှေတိုး ငွေတိုး ကို ဖတ်ရ ပါတယ်။ သင်းအောင်ပန်က သူ့ဝတ္ထုရဲ့ အဆုံးမှာ “ကထိန် အလှူခံ အားလုံးကို မရည် ရွယ်ပါ”လို့ ရည်ညွှန်းရေး သားထား တာ ဖတ်ရတော့ ရွှေမောင်း ချက်ချင်း အစ်ကို ကိုအောင်ပြည့်ကို သွားသတိ ရတယ်။ သူ့ရဲ့ ပြိုမှာလေ လားမိုးရဲ့ မှာ “အကြင်သူ တစ်ဦးသည် ဤ၀တ္ထုပါ အကြောင်း အရာနှင့် တိုက်ဆိုင် အံ့၊ ထိုသူအားပင် ရည်ညွှန်း ပါသည်” ဆိုပြီး ရည်ညွှန်း ချက်ရေး ခဲ့တာကို သွားသတိ ရတာပါ။

သင်းအောင်ပန်ရဲ့ ၀တ္ထု ဟာ ဒီဘက်ခေတ်မှာ ပေါ် လာကြတဲ့ အထိန်း အကွပ်မဲ့ အလှူခံ အဖွဲ့တွေ အကြောင်းနဲ့ လှူလိုက်တဲ့ ငွေတွေကို ကိုယ်ကျိုး စီးပွားအဖြစ် အသုံး ချတဲ့ ငရဲ မကြောက်သူ တွေ အကြောင်း ရေးဖွဲ့ထားတာပါ။ အဲဒီမှာ ရွှေမောင်းမြင်တာက မြန်မာလူမျိုးတွေရဲ့ နှလုံးအိမ် ထဲက ဖြူလွသန့်စင်တဲ့ ဒါန ကို မရိုးသားတဲ့ နည်းနဲ့ လုယူ ပြီးကိုယ်ကျိုး ရှာသူ ကိုရွှေ မြား။ ဒီမကောင်း မှုကြီးကို ဖုံးကွယ်ပြီး သူကိုယ်တိုင် လူလုံးပြ ဦးဆောင်တဲ့ သစ္စာ ရှိ နောက်လိုက်ခွေး ကိုထွဋ်။ ၀ါသနာကို ရိုးသားစွာ ၀မ်း ရေးအတွက် ဆောင်ရွက် ကြရတဲ့ စိန်ကြိုင်တို့လို ပစ္စည်းမဲ့ အနု ပညာသမားတွေ၊ အဲဒါတွေ ကို ဇာတ်ကောင်ပြု ရေးဖွဲ့ ထားတာပါ။ တကယ့်ဘ၀ ထဲက အဖြစ်အပျက် တစ်ခုကို တကယ့် လူတွေကို ဇာတ် ကောင်ပြု ရေးဖွဲ့ထားတဲ့ ၀တ္ထုတို လေးပါ။ ခေတ်တစ် ခေတ်ရဲ့ အရိပ်တွေ၊ အရောင် တွေ စွန်းထင်း နေတဲ့ ၀တ္ထု တိုကလေး လို့လည်း ပြောလို့ ရပါတယ်။ အေး သင်း အောင်ပန်ရဲ့ ရည်ညွှန်းချက် က ကိုအောင်ပြည့်ရဲ့ ရည် ညွှန်းချက် မျိုးဆိုရင် ၀တ္ထု လေးက ပိုပြီး ပြည့်စုံသွား မလားလို့ တွေးမိပါတယ်။ ဖတ်ကြည့် ပါဦး။

ညီမင်းညိုရဲ့ နောင်တမဲ့ အဘိုးအို ကိုလည်း ညွှန်းချင် ပါတယ်။ ၀တ္ထုထဲက ဇာတ်ကောင် အဘိုးအိုဟာ သူ့ ဘ၀ ဖြတ်သန်းမှု တစ်ခုလုံးမှာ အများ အတွက် ကောင်းကျိုး ကို တစ်ခါဖူးမှ မလုပ် ခဲ့ဖူးပါ ဘူး။ အေး သူလုပ်တာက တော့ သူ့မိသားစုနဲ့ တပည့် သားမြေးတွေ အတွက်ပါပဲ။ ရတောင့် ရခဲတဲ့ လူ့ဘ၀ကို ခဏ ရရှိခိုက် မှာ မတရားမှု တွေကိုသာ ဆက်တိုက်ကျူး လွန်ခဲ့တဲ့ အတွက် သေခါနီးမှာ အဘိုးအို ဘယ်လို စိတ်ခံစား မှု ဖြစ်နေသလဲ ဆိုတာကို ညီမင်းညိုက ကွက်ကွက် ကွင်းကွင်း ပေါ်အောင် ရေးဖွဲ့ ပြပါတယ်။ အဲဒီမှာ ရွှေမောင်း သဘောကျတဲ့ စကားလေး တစ်ခွန်း၊ စကားဆို တာထက် ဝေါဟာရပါ။ ဆရာဝန်က “အဘ နှလုံးငြိမ်အောင် ဆေး တစ်လုံး ထိုးပေး ခဲ့ပါမယ်”လို့ ပြောတဲ့ စကားမှာပါတဲ့ “အဘ”ပါ။ ပြီး ငရဲမင်းကြီး သူ့ကို စစ်မေးတဲ့ အခန်းမှာ လည်း “ရပ်ကျိုး ရွာကျိုး၊ တိုင်းကျိုးပြည်ကျိုး  ဆောင် ရွက်ခဲ့ ဖူးသလား”လို့ မေး လိုက်တဲ့ အခါမှာ ပြန်ပြော တာက “မေးခွန်းကို နားမ လည်ပါ”တဲ့။ ညီမင်းညိုက ရှည်ရှည်ဝေးဝေး မပြော၊ မရေး။ စကားစကား စကား ထဲက ဇာတိပြ ဆိုသလို ပဲပေါ့။ သူ့စကားက သူဘာကောင် ဆိုတာကို ပြလိုက် တာပဲလေ။ လှပတဲ့ နိမိတ်ပုံ လေးတစ်ခု ပါပဲ။ စာဖတ်သူ ကလည်း ညီမင်းညို ဘယ်သူ(တွေ)ကို ပြောနေသလဲ ဆိုတာ သိပါ တယ်လေ။ ဖတ်ကြည့် ပါဦး။

နတ်မှူးရဲ့ အလင်း ရောင်၏ ပျံသန်းခွင့် ဟာ စာပေ ဟောပြောပွဲ ပြုလုပ်ခွင့် ကို ဒေသဆိုင်ရာ အာဏာ ပိုင် က အနီးကပ်မှ ပိတ်ပင် ခဲ့တဲ့ အကြောင်းပါ။ ဆရာနတ်မှူး က သူ့ဝတ္ထု ထဲမှာ တူတစ် ယောက်က ဦးလေး အကြောင်း ကိုပြန်ပြော ပြတဲ့ ဟန်နဲ့ရေး ဖွဲ့ပါတယ်။ “အဘ”ယဉ်ကျေး မှုဟာ စစ်အစိုးရ လက်ထက် မှာ ရှင်သန် ထွန်းကားပါ တယ်။ ကိုယ့်အဖေ အရွယ်က လည်း သားလောက် အရွယ် ကို အဘ ခေါ်နေ ရတယ်။ အဲဒါကို ဆရာ နတ်မှူးက ဒီဝတ္ထုမှာ သရော်ပါတယ်။ စာပေ ဟောပြောပွဲကို ဟော ပြောမဲ့ စာရေး ဆရာတွေ ရောက် လာပြီး အနီးကပ်မှ ခွင့်မပြုဘူး ဆိုပြီး ကပ်ဖြုတ် တာမျိုး လုပ်တဲ့ အကြောင်း ကိုလည်း ရေးဖွဲ့ ပါတယ်။ ပြောရရင် ဒီဝတ္ထု မှာ ဆရာ နတ်မှူးက ပြည်သူတွေ ပြော ချင်နေတဲ့ ဆန္ဒကို ပြည်သူ တွေကိုယ်စား ရဲရဲ တင်းတင်း ဖော်ထုတ်ပေး ခဲ့ပါတယ်။

စာမျက်နှာ ကိုငဲ့ပြီး ဒီလ ရနံ့သစ် ကဗျာတွေ ထဲက သစ် ခက်အိမ်ရဲ့ နေရာမှား ကို မဖြစ် ဖြစ်အောင် ဖတ်ကြည့်ပါလို့ပဲ ပြောလိုက်ပါ ရစေ။
၂၀၁၂၊ ဒီဇင်ဘာ၊
ရနံ့သစ်

ဒီလ ရွှေအမြုတေ ရွှေအသစ် ကဏ္ဍ ၀တ္ထုတိုတွေ ထဲက မြတ်သောခေတ်ရဲ့ ဗိုင်းရပ်စ် ကို ညွှန်းချင်ပါ တယ်။ အကြောင်း အရာ က ကွန်ပျူတာ ပညာရှင် ရောဘတ်က သိပ်လှ သိပ်ဆွဲ ဆောင်နိုင်ပြီး တော်လေး၀၀င် စက်ရုပ် မိန်းကလေး မေရီကို စမ်းသပ် တီထွင်ပြီး အောင် မြင်လို့ ကမ္ဘာ ကိုချပြတော့ မယ်ဆိုတော့မှ မေရီ ရုတ် တရက် ပျောက်ဆုံး သွားပုံကို ရေးဖွဲ့ ထားတဲ့ အကြောင်း အရာပါ။ စိတ်ကူး စိတ်သန်း ကောင်းတယ်။ အရေးအဖွဲ့ ကျစ်လျစ် သိပ်သည်းတယ်။ စဉ်ဆက် ညီညွတ်မှု ရှိတယ်။ ၀တ္ထု အတတ်ပညာကို နား လည်တယ်။ အထူးသဖြင့် သူရဲ့အဆုံးသတ် ပုံလေးက တိကျ သပ်ရပ်ပါတယ်။ ကလောင်သစ် တစ်ဦးလို့ ပြော ရင် ယုံနိုင်စရာ မရှိပါဘူး။

ပင်မြင့်စံ(ရွှေဘို)ရဲ့ ကာရန်လွဲသော နိယာမ ဟာ ယောက်ျား အစစ်အမှန်ဖြစ်ပါ လျက်နဲ့ မိန်းမလျာ၊ အလှ ဖန်တီးရှင် ဘ၀သို့ ရောက်သွား ပြီး မိန်းမယူ ရမဲ့အစား ယောက်ျားယူ ခဲ့ပြီးမှ ရထား ပေါ်တွေ့ရတဲ့ ငယ်ထွေး ဆိုတဲ့ မိန်းမချော လေးရဲ့ အထိအတွေ့ ကြောင့် ယောက်ျား ပြန်ဖြစ်သွား တဲ့ ဘုန်းပြည့်လျှံ အကြောင်း ရေးဖွဲ့ထား တဲ့ ၀တ္ထုတိုပါ။ ဖွဲ့စည်း တင်ပြပုံ ကောင်းပါ တယ်။

အဇ္ဈတ္တရဲ့ မလှတဲ့ဘက် ဟာ အယူအဆ ယုံကြည်မှု မတူသူ နှစ်ဦးရဲ့ လက်တွဲဖို့ မဖြစ်နိုင် ကြောင်းကို ရေးဖွဲ့ ပြထားတဲ့ ၀တ္ထုတို လေးတစ် ပုဒ်ပါ။ အဲဒီမှာ အဇ္ဈတ္တက အသက် ၄၀ ကျော် ငွေ ကြေး ချမ်းသာတဲ့ မိန်းမ တစ်ဦးကို ယူပြီး ဂျပန်ကို သွား၊ ပြန်ရောက်တော့ စွန့်ပစ်၊ ချစ်သူနဲ့ လက်တွဲပြီး ဘ၀တစ် ခုကို ထူထောင်တဲ့ ကောင်လေးကို အားကျ နေတဲ့ ချစ်သူ ၀င့်ဝါကို စာဖတ်သူ မြင် အောင် ရေးပြ ခဲ့ပါတယ်။ တစ်ဖက်မှာလည်း မလှတဲ့ ဘက် အခြမ်းက လှပနေတဲ့ အလှ တရားကို ဖက်တွယ် ထားတဲ့ ပဓာန ဇာတ်ကောင် ကို ရေးဖွဲ့ပြပါ တယ်။ အကြောင်းအရာ မဆန်းသစ် ပေမဲ့ လောကထဲက လူတွေ ဖြစ်နေတဲ့ အရှိ တရားကို တကယ့်လူ တွေကို ဇာတ် ကောင်ပြု ရေးဖွဲ့ထားတဲ့ ၀တ္ထု တိုမျိုးပါ။ ဖတ်ကြည့်ပါဦး။

မြစ်ကျိုးအင်းရဲ့ ရင်လွဲ အိမ် ဟာ နိုင်ငံခြားမှာ အဆင်းရဲ အပင်ပန်းခံ အလုပ်လုပ်ပြီး မိသားစု နေဖို့ အိမ်လေး တစ်လုံး ရအောင် ကြိုးပမ်းရင်း ကွယ်လွန် သွားတဲ့ သားတစ် ယောက်ရဲ့ စိတ်ခံစားမှုကို ရေးဖွဲ့ထားတဲ့ ၀တ္ထုတိုပါ။ မြစ်ကျိုးအင်းဟာ သူ့ဝတ္ထုကို  စာဖတ်သူ စိတ်ဝင်စားအောင် ရေးဖွဲ့နိုင် ပါတယ်။ သား တစ်ယောက်ရဲ့ လုပ်အားနဲ့ တည်ဆောက် ပေးတဲ့ မိသားစု အိမ်ကို ပုံဖော် ရေးဖွဲ့ရာမှာ လည်း အတော်လေး လှပါ တယ်။ နိဂုံးရဲ့ လှည့်ကွက် ကလေးက စာဖတ်သူကို ဖမ်း စားနိုင်မယ်လို့ ထင်ပါတယ်။ ဖတ်ကြည့် ပါဦး။

ဒီလ နောက်ဆုံးညွှန်း ချင်တာက ရွှေဝတ္ထုများကို ပြန်လည် တူးဖော်ခြင်း ကဏ္ဍ မှာ ပြန်လည်ဖော်ပြ ထားတဲ့ ဂျူးရဲ့ မိုးကုတ် စက်ဝိုင်းသို့ လမ်းလျှောက်ခြင်း ပါ။ ဂျူး ရဲ့ ၀တ္ထု အတတ်ပညာ၊ အနုပညာ အနေ အထားကို ရွှေ မောင်း ရေးပြ စရာမလိုဘူး ထင်ပါတယ်။ ဂျူးဟာ မိန်းမ စာရေးဆရာ ဆိုပေမဲ့ အတွေးရဲတယ်။ အရေး လည်းရဲတယ်။ သူပြောချင်တဲ့ အယူအဆ တစ်ခု၊ အကြောင်း အရာ တစ်ခုကို စာဖတ် သူ့ရင် ထဲ အရောက် ပို့ တဲ့နေရာမှာ ရသနဲ့ ပို့ပေးနိုင်တဲ့ လက်ပိုင် ရှင်ပါ။ ဒီဝတ္ထုမှာ မိန်းမသား တစ်ယောက်၊ အိမ်ထောင်ရှင် မိန်းမ တစ်ယောက်ရဲ့ ဘ၀ ဖြတ်သန်းမှုနဲ့ စိတ်ခံစားမှုကို သူ့ကိုယ်ပိုင် အယူအဆနဲ့ ရက် ဖောက် အကွက် ဆင်ရေးဖွဲ့ပြ ပါတယ်။ အိမ်ထောင် တစ်ခု မှာ ကလေးဟာ ချည်နှောင် ထားတဲ့ ကြိုးတစ်ချောင်းလို့ သူတကာ တွေက ယူဆယုံ ကြည်နေတဲ့ အချိန်မှာ ဂျူးက “ကလေး ရှိနေရင် တစ်ခုခု ဆုံးဖြတ် စရာရှိရင် နှောင့်နှေး တွန့်ဆုတ်တတ် သတဲ့”၊ “အပျို နဲ့ တစ်ခုလပ်နဲ့ မိန်းမ ဆိုတဲ့ ရောင်းကုန် ပစ္စည်း အဖြစ်သာ တန်ဖိုး ကွာချင် ကွာမယ်။ လူ့လောကမှာ တန်ဖိုး ရှိစွာ နေထိုင်ဖို့ အတွက် ကတော့ တန်ဖိုးချင်း အတူတူ ပဲတဲ့”

ဂျူးက ဒီဝတ္ထုမှာ ပညာ တတ် ဆရာဝန်မလေး ထား အနေနဲ့ သူပြောချင်တဲ့ စကား တွေ အများကြီး ပြောပြထား ပါတယ်။ ဖတ်ကြည့်ပါဦး။
၂၀၁၂၊ ဒီဇင်ဘာ၊ ရွှေအမြုတေ

ဒီလ ပေဖူးလွှာ မှာပါတဲ့  မောင်ရင့်မာ(ကျောင်းကုန်း)ရဲ့ ဥပုသ်ပျက် တဲ့နေ့ ဟာ အကျင့် သီလ မရှိသူတွေ ကြားမှာ သီလ ရှိသူတွေ မနေနိုင်တဲ့ အကြောင်းကို စမ္ပာ နဂိုရ်ရွာရဲ့ အဖြစ်အပျက် လေးနဲ့ ရေးဖွဲ့ ထားတဲ့ နိမိတ်ပုံ ၀တ္ထု လေးပါ။ စာရေး ကောင်းတဲ့ ဆရာ မောင်ရင့်မာက သူ့ဝတ္ထုလေး မှာ တံငါတန်း၊ မုဆိုးကုန်း၊ ဥပုသ်တန်းဆိုပြီး လူတွေရဲ့ အလုပ်အကိုင်၊ အကျင့်စရိုက် တွေနဲ့ စမ္ပာ နဂိုရ်ကိုခွဲပြပါ တယ်။ ပြီးမှ မုဆိုး ကုန်းသူ မိသဲနဲ့ သူ့ဝတ္ထုကို လှလှပပ ရက်ဖောက် ပြထားပါတယ်။ ဖတ်ကြည့်ပါဦး။

၁၉၈၉ ခု မတ်လ စွယ် တော် မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့  မင်းသစ်ရဲ့ ဧကရာဇ်မြစ် ၀တ္ထုတိုကို ဒီလပေဖူး လွှာမှာ ပြန်လည် ဖော်ပြ ထားပါတယ်။ အင်းလျားလိတ် တရုတ် အစားအစာ ခန်းမမှာ ထိုင်ပြီး ဘလက်လေ ဘယ်လောက် မှ သောက်တတ်တဲ့ ၀င်းကို၊ မိုးကုတ်မှာ ၀ီစကီ မပြတ် လပ်ရအောင် အားထုတ် နေစဉ် သူနဲ့ ကျေးဇူးခံ ကျေးဇူးစား ရှိခဲ့တဲ့ ကျော်ဆွေက သူ့ကို ရွာကိုခေါ်ပြီး ကျွေးမွေး ဧည့်ခံ ခဲ့ပါတယ်။ အဲဒီမှာ ဆရာမင်း သစ်က အရက်ကို ဇာတ် ကောင်လုပ်ပြီး သူ့ဝတ္ထုကို လှ လှပပ ရေးပြ သွားခဲ့ပါတယ်။ သူ့ထုံးစံ “အပြော” ထက် “အပြ”ကို ဦးစားပေး ရေးဖွဲ့ ထားတဲ့ ၀တ္ထုပါ။
ခြိမ့်သဲရဲ့ ရောင်းရန် မဟုတ်ပါ ဟာ ပန်းချီဆရာ တစ်ယောက်ရဲ့ ဘ၀ဖြတ် သန်းမှုနဲ့ အချစ်ကို ရေးဖွဲ့ ထား တဲ့ ၀တ္ထုရှည်ပါ။ ဆရာ ခြိမ့်သဲဟာ ၀တ္ထု အရေး ကောင်းပါတယ်။ အများ အားဖြင့် သူ့ဝတ္ထု တွေဟာ အချစ် ကို ဦးစားပေး ရေးဖွဲ့ တတ်ပါတယ်။ ဒီဝတ္ထုမှာ ပန်းချီ ဆရာရဲ့ စိတ်ခံစားမှု၊ ပန်းချီ ကားချပ်နဲ့ အချစ်ကို ဇာတ်လမ်း ဆင်ရေးဖွဲ့ထား ပါတယ်။ ဖတ်ကြည့် ပါဦး။
ဒီလ ပေဖူးလွှာ အင်တာဗျူး ကဏ္ဍမှာ တွေ့ဆုံ မေး မြန်းထားသူ ကတော့ ဆရာ မင်းသစ်ပါ။ စွယ်စုံ အနုပညာ ရှင်တစ်ယောက် အဖြစ် သိထား သူ တစ်ဦးပါပဲ။ သူတကာနဲ့ မတူတဲ့ သူ့မူ၊ သူ့ဟန်၊ သူ့ အနုပညာကို စာဖတ်သူ သိမြင် ခံစားသွား ရလေအောင် ဆရာ ၀ိုင်ချိုက မေးခွန်း ထုတ်ခဲ့ပါ တယ်။ ကဗျာနဲ့ ပတ်သက်ပြီး “ကဗျာ မှန်ရင် အသံ စီးဆင်းမှု ပါရမယ်”လို့ ပြောပါတယ်။ ၈၈ မျိုးဆက်တွေ အပေါ် သုံးသပ်ပုံက တော့ “ဗိုလ်နေ၀င်း ပညာရေး စနစ်က မွေးထုတ် လိုက်တဲ့ သူတွေမို့ ဒီလောက် ထိ တော်ကြ လိမ့်မယ်လို့ ထင် တောင် မထားဘူး။ တကယ် ပါ။ ရန်ကုန် တက္ကသိုလ် ဆက် မတက်ဘဲ အင်းစိန် တက္ကသိုလ်၊ သရက် တက္ကသိုလ် ဆက်တက် ခဲ့ကြ လို့နဲ့ တူပါတယ်” တဲ့။
ဖတ်သင့်၊ ဖတ်ထိုက်တဲ့ အင်တာဗျူး တစ်ခုပါ။
၂၀၁၂၊ ဒီဇင်ဘာ၊
ပေဖူးလွှာ

ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းက တစ်လ နားပြီး ပုံစံ အသစ်နဲ့ ပြန်ထွက် လာတယ်။ ရွှေမောင်းတို့ နိုင်ငံမှာ လူငယ် တွေဖတ်ဖို့ အနာဂတ် အတွက် စာမျက်နှာတွေ သိပ်နည်းနေ တယ် ဆိုတာတော့ အားလုံး သိကြမှာပါ။ အဲဒီလို ပါးရှား နေတဲ့ စာမျက်နှာ တွေထဲက လူငယ်တွေ အတွက် သီးသန့် ထုတ်ဝေ နေတာက ဖူးငုံပါ။ ထုံးစံ အတိုင်း အရှုံးခံ ထုတ်နေ ရတာမို့ ဖူးငုံ သက်ရှည်ကျန်း မာပါ စေကြောင်း ရင်တထိတ် ထိတ်နဲ့ ဆုတောင်း နေရတာ ပါ။ ဟော အခု ဒီဇင်ဘာလ ထုတ် ဖူးငုံ ထွက်လာ ပါပြီ။ ပုံစံ အသစ်နဲ့ ဆိုပေမဲ့ စာအုပ် အပြင် အဆင် တွေကိုသာ ပုံစံ ပြောင်းထား တာပါ။ စာတွေ ကတော့ ဟိုတုန်း ကလိုပဲ လူငယ်တွေ တိုးတက်မြင့် မားလာ စေရန်အတွက် အထောက် အကူပြု နိုင်တဲ့ စာတွေပါပဲ။ အဲဒီ အထဲက ပထမဦး ဆုံးညွှန်း ချင်တာက Pasitive Pages ကဏ္ဍမှာ ဖော်ပြထားတဲ့ မင်း ထက်သားညီ(တောင်ငူ)ရဲ့ တိုက်ဖျက် ပစ်ရမဲ့ ကမ္ဘာ့ရန်သူ ပါ။ HIV-AIDS နဲ့ ပတ်သက် ပြီး သိသင့် သိထိုက် စရာတွေ ကို လေ့လာ တင်ပြထားပါ တယ်။ မြီးကောင် ပေါက်စ အရွယ်၊ ပျိုဖော်ဝင်စ အရွယ်၊ လူငယ်တွေ အတွက် အမှန် တကယ် သိထားဖို့ လိုအပ်တဲ့ အချက်အလက် တွေကို စုံစုံ လင်လင် ဖော်ပြ ထားပါတယ်။ ရွှေမောင်း အနေနဲ့ တချို့ အချက်အလက် တွေကို ဖော်ပြ ရေးသား လိုပေမဲ့ စာမျက်နှာကို ငဲ့ပြီး မဖော်ပြ တော့ပါ ဘူး။ ဒါပေမဲ့ ဒီဆောင်းပါး လေးကို မဖြစ်ဖြစ်အောင် ဖတ်ကြည့် ပါလို့တော့ ညွှန်းချင် ပါတယ်။

အသွင်သစ်နဲ့ ထွက်လာ တဲ့ ဖူးငုံမှာ နောက် ညွှန်းချင် တာတစ်ခုက ဝေမိုးနိုင်(မုံရွာ) ရဲ့ ကျောင်းသား သမဂ္ဂ သတင်း ပါပဲ။ ဒီလမှာ လက်ပံတောင်း တောင် ညီလာခံမှာ ကျောင်းသား သမဂ္ဂက တင်သွင်းတဲ့ အချက် ၄ ချက်နဲ့ ရခိုင် ကျောင်းသား သမဂ္ဂက အစိုးရသို့ တင်ပြ တောင်းဆို ထားတဲ့ အချက် ၅ ချက်ကို ဖော်ပြ ထားပါတယ်။ ကျောင်းသား သမဂ္ဂ ဆိုတာ ကျောင်းသား အရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အဖွဲ့ အစည်းပါ။ ၁၉၆၂ ခု ဇူလိုင် ၇ ရက်နေ့မှာ ကျောင်းသား သမဂ္ဂ အဆောက် အအုံကို ဖြိုခွဲပြီး ကျောင်းသားတွေ ကျဆုံး ခဲ့ပြီးနောက် စစ်အာဏာရှင် တွေဟာ ကျောင်း သားသမဂ္ဂကို ဖွဲ့ခွင့် မပေးခဲ့ ပါဘူး။ သမိုင်းကို ဖျက်ပစ်ဖို့ ကြိုးပမ်း ခဲ့ကြပါတယ်။ ဒါပေမဲ့ သမိုင်း ဆိုတာ အလို လို မှတ်တမ်းတင် နေတဲ့ ဖြစ် ရပ်တွေပါ။ ဒါကြောင့်လည်း ဖူးငုံ အနေနဲ့ ဒီကဏ္ဍ အသစ်ကို တိုးချဲ့ ဖော်ပြ လိုက်တာ ကိုက ကောင်းတဲ့ အချက်တစ်ခု ပါပဲ။

အမေနဲ့သမီး Sex ကိစ္စကို ဆွေးနွေး မိရင်ပဲ အပြစ်ကြီး နေတဲ့ဟန် ယူဆ ယုံကြည် နေမှု တွေကို ပြုပြင် ပြောင်းလဲဖို့ လိုအပ်လာ ပြီဖြစ်ပါတယ်။ လိင်ဆိုင်ရာ ဗဟု သုတကို ပြောပြ မထားခဲ့လို့ ပျိုဖော် ၀င်ခြင်းကို အလန့်တကြား သိရှိခဲ့ ရတဲ့ မိန်းကလေး တွေလည်း တစ်ပုံ တစ်ပင်ပဲ ဆိုပါတော့။ မိန်းမ ဖြစ်ရတဲ့ ဘ၀ဟာ ဂုဏ်ယူ စရာပါ။ မျိုးဆက် ဖန်တီးရှင် ဖြစ်တာမို့ ရှုပ်ထွေး များပြားလှတဲ့ အဲဒီ မိန်းမ အင်္ဂါရပ် တွေအကြောင်း ကို ဆရာဝန် ပီပီ လင်းလင်း ပွင့်ပွင့် ရေးပြထားတဲ့ သုတ ဆောင်းပါးလေး တစ်ပုဒ်ကို ဒီလ ဖူးငုံမှာ ဖတ်ရပါတယ်။ အဲဒါကတော့ လင်းစက်နွယ် ရဲ့ မိမိတို့ရဲ့ ခန္ဓာကိုယ် အကြောင်း ဘယ်လောက် နားလည် ထားသလဲ ဆိုတဲ့ ဆောင်းပါးပါ။ မိန်းကလေး တိုင်း သိထားသင့်တဲ့ အမျိုး သမီး အင်္ဂါစုရဲ့လုပ်ငန်းဆောင် တာများကို တစ်ခုချင်း ဖွင့်ဆို ရှင်းပြ ထားပါတယ်။ အမျိုး သမီးတိုင်း ဖတ်သင့်တဲ့ ဆောင်းပါး တစ်ပုဒ်ပါ။

လင်းလက် တာရာရဲ့ ခိုစာ ဟာ ၃ နှစ်အတွင်း ပြောင်းလဲ သွားတဲ့ မြို့ပြယဉ် ကျေးမှုကို ရေးဖွဲ့ ထားတဲ့ ၀တ္ထုတိုပါ။ လင်းလက်တာ ရာဟာ ဆယ်တန်းကျောင်း သူ ညီမငယ်  စံစံရဲ့ ၀တ်စား ဆင်ယင်မှု အပြောင်းအလဲ၊ ဒေါ်ကြီး သန်းရင် လင်ယူ သွားတဲ့ အပြောင်းအလဲ၊ သူ့ရဲ့ ရိုးရာ ရခိုင်မုန့်တီ ဆိုတဲ့ နေရာ မှာ ကိုရီးယား မုန့်တီဆိုတဲ့ အပြောင်းအလဲ၊ အဲဒီ အပြောင်း အလဲတွေကို ဖော်ပြ ပြီးမှာ နောက်ဆုံး ခိုစာကျွေး တဲ့ Plot လေးကို ၀တ္ထုရဲ့ နိဂုံး မှာ ဖော်ပြ လိုက်ပါတယ်။ လှည့်ကွက် ကလေးနဲ့ အဆုံး သတ်ထား တာမို့ စာဖတ်သူ ကျေနပ်မှာပါ။

နောက်ဆုံး ညွှန်းချင် တာက ရွှေလက်ျာမြင့်ရဲ့ ပျယ် လွင့်သွားသော မန္တလေး ၀ိညာဉ် စစ်စစ်များပါ။ ဒီဝတ္ထုလေးဟာ နိုင်ငံရပ်ခြား (အင်္ဂလန်)မှာ မိသားစု လိုက်နေပြီး အခုမှ ဇာတိ မန္တလေးကို ပြန် ရောက်လာတဲ့ အမျိုးသမီး တစ်ယောက် မန္တလေးရဲ့ ၀ိညာဉ်ကို ဖမ်းဆုပ် ကြည့်ပုံ လေးကို ရေးဖွဲ့ ထားတာပါ။  ဘာပဲပြောပြော တိုင်းတစ်ပါး သား (လောလောဆယ် နိုင်ငံ သားဖြစ်နေ ကြတဲ့သူ)တွေရဲ့ လည်မျို ညှစ်ခံ ထားရတဲ့ မန္တ လေးကို ဆန်းစစ် ရေးဖွဲ့ထား တဲ့ ၀တ္ထုပါ။
၂၀၁၂၊ ဒီဇင်ဘာ၊
ဖူးငုံ

ဒီလ မဟေသီ မှာပါတဲ့ ဦးဘုန်း(ဓာတု)ရဲ့ ရှဲရှဲနီ နံနက်ခင်း ဟာ စိုးရိမ်စိတ် အပေါ် အခြေခံတဲ့ စီမံခန့်ခွဲ ခြင်းဟာ တိုင်းပြည် ဆင်းရဲ ခြင်းအဓိက အကြောင်းရင်း ဖြစ်ကြောင်းကို မန္တလေး နန်း တွင်းကို ပြုပြင်ပြီး ကမ္ဘာ လှည့် ခရီးသည် တွေရဲ့ အိတ် ကပ်ထဲက အသပြာကို ရအောင် ယူနိုင်ကြောင်းနဲ့ ဥပမာပေး စိတ်ကူး ရေးဖွဲ့ ထားတဲ့ အက်ဆေး တစ်ပုဒ် ပါ။ ဦးဘုန်းဟာ သူတကာ အက်ဆေး ဆရာတွေလို လေ ပြေလေးနဲ့ တော့ မပြောပါ ဘူး။ ဒါပေမဲ့ သူ့အက်ဆေးရဲ့ ပဓာန ရည်ရွယ်ချက် ကတော့ ကောင်းပါတယ်။ သမိုင်းမရှိ၊ မြေမရှိ၊ အရင်း အမြစ် မရှိဘဲ အင်္ဂတေနဲ့ ဆောက်ထားတဲ့ အရုပ်တွေကို ပြပြီး ၀င်ငွေရှာ တတ်တဲ့ စင်ကာပူနဲ့ နှိုင်းယှဉ် ပြီး ဦးဘုန်းက ရေးဖွဲ့ပြ တယ်။ “ခင်ဗျားကို မန္တလေး နန်းတော်ကြီး ပေးပါပြီ။ ဘာလုပ်မလဲ”ဆိုတဲ့ မေးခွန်း ကိုဖြေတဲ့ အခါ “ပထမဦးဆုံး နန်းတော်ထဲမှာ ရှိတဲ့ စစ်တပ် ကို ရန်ကင်း တောင်ခြေ၊ ဒါမှ မဟုတ် သင့်တော်တဲ့ တစ် နေရာရွှေ့မယ်” အစချီပြီး ဦးဘုန်းက အများကြီး ပြော ထားပါတယ်။ မှားယွင်းတဲ့ စီမံ ခန့်ခွဲမှုရဲ့ ရလဒ်ကို လှလှ ပပ ရေးဖွဲ့ ပြထားတဲ့ အက် ဆေးတစ်ပုဒ်ပါ။ ဖတ်ကြည့် စေချင်ပါတယ်။

သာထက်အောင်ရဲ့ စဉ်းစားတော် မူကြကုန် ဟာ ကမ္ဘာကြီးမှာ i-phone ယဉ်ကျေးမှု ကြီးထွန်းကား နေတဲ့ အချိန်မှာ သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာ နိုင်ငံမှာ လူတစ်ရာမှာ ငါးယောက် ကျော်သာ ဘာကြောင့် မို ဘိုင်းဖုန်း ကိုင်နိုင် ကြတာလဲ ဆိုတာကို စဉ်းစား ခိုင်းထား တဲ့ ဆောင်းပါးပါ။ ဆရာ သာထက်အောင်က သူ့ ဆောင်းပါးမှာ ဒီနေ့ကမ္ဘာ ပေါ်မှာ ရှိနေတဲ့ i phone ယဉ် ကျေးမှုကို သူ့အတွေ့ အကြုံနဲ့ ရေးဖွဲ့ပြပါတယ်။ မိုဘိုင်းဖုန်းကို ဇိမ်ခံ ပစ္စည်း တစ်ခုလို့သာ မြင်နေတဲ့ သူတွေ၊ ငါတို့သာ ကိုင်မယ်ဆိုတဲ့ လူတွေ၊ ဖုန်း ၀ယ်ခွင့် ပေးပြီး အချင်းချင်း ပြေလည်အောင် ဖန်တီး ပေးခဲ့၊ ပေးနေသူ တွေနဲ့ စီမံ ခန့်ခွဲသူ တွေကို စဉ်းစားခိုင်း ထားတဲ့ ဆောင်းပါး တစ်ပုဒ်ပါ။

ကချင်လေး(ဆေး-မန်း) ရဲ့ လူတိုင်းနဲ့ မထိုက် တန်တဲ့ စေတနာဟာ စေတနာ ကို ဖွင့်ဆို ထားတဲ့ ဆောင်းပါး ပါ။ စာရေးသူက စေတနာ ဟာ ရောင်းကုန် မဟုတ်။ မိမိ ကိုယ်ကျိုး အတွက် မပါဘဲ သူတစ်ပါး အပေါ် ကောင်း ကျိုးပြုသည့် မိတ်ဆွေစစ်။ သူတော်ကောင်း တို့၏ ပစ္စည်း တစ်ခုပင် ဖြစ်သည်” လို့ ဆိုပါတယ်။

ဦးတင်ဦး(ကျူရှင်)ရဲ့ အလွန် ယဉ်ကျေး သိမ်မွေ့ သူတစ်ဦး ဟာ မဟေသီ မဂ္ဂဇင်းရဲ့ ပဲ့ကိုင်ရှင် တစ်ဦး ဖြစ်တဲ့ မှူးသမိန်(ဗိုလ်မှူးကြီး စောမြင့်)ရဲ့ ရုပ်ပုံလွှာ အပိုင်း  အစကို ဖွင့်ပြထားတဲ့ ဆောင်းပါးပါ။ ကိုကိုမောင် ကြီးရဲ့ ကျွန်တော် သိသော တစ်ရံရော အခါများ စာအုပ် မှာ ဦးနေ၀င်းက ငွေစက္ကူ ကိစ္စနဲ့ ဗိုလ်မှူးကြီး စောမြင့် ကို တာဝန်က ရပ်စဲတဲ့ သူ့လုပ်ရပ် မှားကြောင်း ၀န်ခံခဲ့ သတဲ့။ အမှားကို သိပြီး လူ တစ်စု ရှေ့မှာ ၀န်ခံသွားတာ ကို ကျေးဇူးတင် ပါရဲ့။ ဒါပေမဲ့ သူ့စကား တစ်ခွန်း ကြောင့် ခံရသူတွေ ဘယ် အထိ နစ်နာ သွားခဲ့ တယ်ဆို တာကတော့ အဲဒီပုဂ္ဂိုလ် သိသွားပုံ မရပါဘူး။
၂၀၁၂၊ ဒီဇင်ဘာ၊
မဟေသီ

ဒီလ ပိတောက်ပွင့်သစ် က တင်မိုး အမှတ်တရ ထုတ် ဝေထား တာပါ။ ဆရာ တင်မိုးရဲ့ စာကဗျာတွေနဲ့ ပတ်သက် လို့ကတော့ ပြန်ရေး ပြစရာ မလိုဘူးထင်ပါတယ်။ “ပုဂံလမ်းမ ပါမောက္ခတို့ လျှောက်ကြ ဣနြေ္ဒ အသရေ ကြောင့် ပန်းတွေ လန့်လိမ့် လေမလား”ဆိုတဲ့ ကဗျာလေး ကို ပြန်ရွတ် မိတိုင်း ဆရာရဲ့ အနုပညာကို တမ်းတခဲ့ ရပါ တယ်။ ဒီလမှာ တင်မိုး မှတ် မှတ်ရရ ဆောင်းပါးတွေ အများကြီး ဖော်ပြထားပါ တယ်။ အဲဒီထဲက စာမျက်နှာ ကို ငဲ့ပြီး ကိုလေး(အင်းဝ ဂုဏ်ရည်)ရဲ့ သေကြဗျာ ကို ညွှန်းချင် ပါတယ်။ သေခြင်း တရားက ဘာဆန်း လို့လဲ။ ဒီနေရာမှာ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးရဲ့ စကားကို ရွှေမောင်း သတိရ မိပါတယ်။ “ကမ္ဘာပေါ်မှာ ပွင့်တဲ့ ပန်းတိုင်း မှာ အမည် ကိုယ်စီနဲ့။ တိုက် လိုက်တဲ့ မုန်တိုင်း တိုင်းမှာ လည်း အမည် ကိုယ်စီနဲ့။ မင်း မှာ ဘာနာမည် ရှိလို့လဲ။ သေ ပြီး နာမည် တစ်လုံးမှ မကျန် နိုင်တဲ့လူ ဖြစ်ချင်လား”တဲ့။ ဆရာ ကိုလေးက သူတို့တစ် တွေ ချစ်ချစ် ခင်ခင် နေခဲ့ကြ ပုံ၊ ဆရာ တင်မိုးကို ကြောက် လို့ မဟုတ်ဘဲ ချစ်လို့၊ လေးစားကြတဲ့ ငယ်သူတွေ ရဲ့ လေးစားမှု။ လှေတစ်စီး တည်းစီးကြ၊ အောင်လံ တစ်ခုတည်း အောက်မှ သွေး မကွဲဘဲ နေကြပုံတွေကို ရေး ပြထားပါတယ်။

ဆင်လှရဲ့ ဒုက္ခမြို့တော် ဟာ ရခိုင်ပြည်နဲ့ ဘင်္ဂလား ဒေ့ရှ်နယ်စပ် မှာရှိတဲ့ မြို့ရဲ့ အကြောင်းပါ။ လုပ်အားပေါ လို့ ဈေးချိုတဲ့ အကြောင်း၊ ငါးနှစ်သား ကအစ တစ်အိမ် လုံး ဆရာကြီး သခင်ကိုယ် တော်မှိုင်း ကဗျာထဲ ကလို ထမင်း တစ်လုတ် အတွက် ထင်းခုတ်စား နေကြောင်း အပါအ၀င် အဲဒီ မြို့လေးရဲ့ ကိုယ်ရေး အချက် အလက်ကို ရေးသား ဖော်ပြ ထားပါတယ်။ ရွှေမောင်း သိပ်သဘော ကျတဲ့ ဆရာရေးတဲ့ အချက်ကလေး တစ်ချက် ရှိပါတယ်။ အဲဒါက “သစ်တောဖြုန်းလို့ တောင် ပေါ်မှာ အစာပြတ်၊ ဒီတော့ ရွာနီးချုပ် စပ်ကို ဆင်တွေက ဆင်းလာ ကြတယ်။ တချို့က သေ၊ တချို့ ကျတော့။ဆင် တွေကျ တော့လည်း အစာရေ စာပြတ်လပ်သည့် ဒဏ်ကြောင့် သွေးဆုတ်ပြီး ဖြူဖပ်ဖြူ ရော်ဖြစ်နေသည်ကို “ဆင် ဖြူတော်” ဟု ထင်ကာ ဖမ်း ဆီး ခေါ်ဆောင် သွားခြင်းခံရ ၏။ သူ၏ အစ်ကိုဖြစ်သူ ကတော့ ကမ္ဘာ့ သမ္မတလို့ ခေါ် နိုင်တဲ့ အမေရိကန် သမ္မတ အဆက်ဆက် ဘယ်သူမှ ဆင်ဖြူတော် ပိုင်တယ်လို့ မကြားဖူး ပါဘူးကွာ”တဲ့။
ကိုဝမ်းရဲ့ ခွာလေးဘက် ကျသော မြင်းတစ်ကောင် ဟာ တိုင်းပြည် တစ်ပြည်ရဲ့  မဏ္ဍိုင်ကြီးလေး ရပ်ထဲက စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ သတင်း စာနဲ့ သတင်း လွတ်လပ်ခွင့်၊ သတင်း ရေးသားခြင်း တို့ကို ဆောင်းပါးဆန် ဆန်ရေးဖွဲ့ ထားတဲ့ အက်ဆေး တစ်ပုဒ် ပါ။ ရွှေမောင်းတို့ စာနယ် ဇင်းသမားတွေ အတွက် ဖတ်ရမဲ့ အက်ဆေး တစ်ပုဒ် လို့ ဆိုချင်ပါတယ်။

မောင်စမ်းအေး (သဲ ကုန်း)ရဲ့ ပန်းပဲ ဖိုတဲကလေး ဟာအရေး အခင်းကာလ သူမြင်တွေ့ ခံစား ရသမျှကို ပြန်လည် ပြောပြ ထားတဲ့ အက် ဆေးပါ။ အဲဒီမှာ ဘာကို တွေ့ရသလဲ ဆိုတော့ ကား မောင်း မတတ်ခင် ကဘဲ လိုင်စင် ယူထား သလို ပါတီ မဖွဲ့ရ သေးဘဲ အစိုးရဖွဲ့ အုပ်ချုပ် ခဲ့တဲ့ သူတွေရဲ့ ပါတီကြီး အဲဒီ ပါတီဝင်တွေ အရေး အခင်းကျမှ ထွက်လိုက်ကြတာ။ ဒါပေမဲ့ စာရေးသူရဲ့ ညီက တော့ မထွက်ဘူး။ သူပြော တဲ့ စကားလေးက “ယုံကြည် လို့လုပ်တာ မှားတာ မှန်တာ ကျွန်တော့်ကံပဲ” တဲ့။ “မြို့ ကလေးကို ဖြတ်သန်းရင်း ကားပေါ်က လှမ်းငဲ့ကြည့်မိ သည်။ မြို့နယ်ရုံး ဖွင့်ထား သော အိမ်ရှေ့ ခုံတန်းလျား ပေါ်မှာ အိမ်ရှင် ဆရာဝန်ကြီး  တစ်ဦး တည်း ထိုင်နေသည်” တဲ့။ စာရေးဆရာက ခါ တော်မီ နိုင်ငံရေး သမားများ နဲ့ အနစ်နာခံ နိုင်ငံရေး သမား တွေ ကို ခွဲခြား ပြထားပါ တယ်။ ကဗျာဆရာ ပီပီ သူ့အက်ဆေးရဲ့ နိဂုံးမှာ ကဗျာလေးနဲ့ လှပ သပ်ရပ်စွာပဲ အဆုံးသတ် ထားပါ တယ်။ “အသွားလက်လက် ဓားထက်ထက်တွေ၊ ရော့ တစ်ယောက်ရော့ တစ် ယောက်တဲ့”၊ အတိုက် အခံ နိုင်ငံရေး ပါတီရဲ့ “နေရာ” ကို ဖော်ပြ ရေးဖွဲ့ထားတဲ့ အက်ဆေး လေးပါ။

ဒီလ ၀တ္ထုတို တွေထဲက ၀တ္ထုရေးနည်း ၀တ္ထုတို တစ်ပုဒ် ဖြစ်တဲ့ မသီတာ(စမ်းချောင်း) ရဲ့ ဘယာနကကို စွန့်ခွာခြင်း ကို ညွှန်းချင် ပါတယ်။ နောက် တစ်ပုဒ် ညွှန်းချင်တာက နေ ဘုဏ်းဝေရဲ့ ပြင်မရ၊ ဖတ် မရ၊ ဖတ်စာပါ။

ဆရာ တင်မိုးဟာ ကဗျာ ရေးသားရာမှာ အလွန်ထူး ချွန် ပြောင်မြောက် လှတဲ့ ကဗျာ ဆရာပါ။ သူ ကဗျာ တွေ အများကြီး ရေးခဲ့ပါတယ်။ အဲဒီထဲက ကဗျာ တစ်ပုဒ်ကို ဖော်ပြချင် ပါတယ်။ ကဗျာ နာမည်က သမိုင်းမှာ မင်း တရားခံ ဖြစ်မယ်တဲ့။

မင်းမမှန်ရင် မင်းတရား ခံဖြစ်မယ်။ ငါမမှန်ရင် ငါ တရားခံ ဖြစ်မယ်။ တရားဆို တာ ညှာလည်း မညှာ၊ ညာ လည်း မညာ၊ သာစေနာစေ လည်း မရှိ၊ ပကတိ သူ့ သဘော သူဆောင် ခြင်းပါပဲ။ ဒီနေ့ မင်းရဲ့ လုပ်ရပ်ဟာ နောက်နေ့ မင်းရဲ့ အတ္ထုပ္ပတ္တိ။ ဒီနေ့ မင်းရဲ့ လုပ်ရပ်ဟာ နောက်နေ့ မင်းရဲ့ အနာဂတ်။ မပတ်သက် ချင်လို့ မရ၊ မဆက်စပ်ချင်လို့ မရ၊ မင်း ဘ၀ကို မင်းကသာ ပြဋ္ဌာန်း တယ်။ မင်းဘာလဲ၊ မင်း ဘယ်သူလဲ။ မင်းဟာ မင်းပဲ တဲ့။
၂၀၁၂၊ နိုဝင်ဘာ၊ ပိတောက် ပွင့်သစ်


မင်္ဂလာရွှေမောင်း
(ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)