ကမ္ဘာကျော် မိဘများနဲ့ သားသမီးများ PDF Print E-mail
Written by ဇာနည်ညိမ်း   
Saturday, 02 February 2013 18:23
Share |

တစ်နှစ်လုံး အတွက် အချိန်ဇယား ချပြီး လှုပ်ရှား နေရတဲ့ အနုပညာ သမား များအတွက် ကိုယ်ပိုင် အချိန် ဆိုတာ နည်းပါး လှပါတယ်။

argaiv1633

အဲဒီလို နည်းပါးတဲ့ အချိန်ထဲက သားသမီးတို့ အတွက် အချိန် ပေးတဲ့ မိဘများကို People မဂ္ဂဇင်းက အမှတ်တရ မှတ်တမ်းတင် ဖော်ပြခဲ့တာ ကို ရွှေအမြုတေ နိုင်ငံတကာ ချစ်သူများ အတွက် ပြန်လည် ဖော်ပြ ပေးလိုက်ပါ တယ်။

လမ်းအတူလျှောက်မယ်
ဒီဇင်ဘာလ ၉ ရက်နေ့က မာလီဘူ ကမ်းခြေမှာ သရုပ်ဆောင် ဟယ်လီဘယ်ရီနဲ့ သမီးဖြစ်သူ နာလာ (အသက် ၄ နှစ်)တို့ ဘယ်ရီရဲ့ချစ်သူဖြစ်တဲ့ ရုပ်ရှင် မင်းသား အိုလီဗာ မာတီနက်ဇ်နဲ့ ညစာစား ကြပြီးတဲ့ နောက် ကမ်းခြေမှာ လမ်းလျှောက် နေကြတာ တွေ့ရ ပါတယ်။

သားထိန်းတဲ့ ပင့်ကူလူသား
Spider Man ရုပ်ရှင် ဇာတ်ကားနဲ့ ကမ္ဘာကျော် ဖြစ်ခဲ့တဲ့ တိုဘီမာဂွီးကို လော့စ်အိန်ဂျလိစ် မှာ ဒီဇင်ဘာ 6 ရက်နေ့က သားဖြစ်သူ အောတစ္စ  (အသက် 3 နှစ်)နဲ့ တွေ့ရပုံ ဖြစ်ပါတယ်။ သားကို နံရံပေါ် တွယ်တက်နည်း များ သင်ပေး နေသလား အောက်မေ့ ရပါတယ်။
သားကိုသင်တဲ့ မေမေ
ဒီဇင်ဘာလ ၉ ရက်နေ့က ကယ်လီ ဖိုးနီးယား ပြည်နယ် စတူဒီယို စီးတီးမှာ အသက် ၃ နှစ် အရွယ်ရှိ သားဖြစ်သူ ဂတ်စ်က ပန်းခြံ အတွင်း နှစ်ဘီးစီးဖို့ ကြိုးစား နေတာကို မိခင် ဖြစ်သူ ဂျူလီဘို ၀င်က စောင့်ကြည့် နေပုံ ဖြစ်ပါတယ်။

အဖေနဲ့သား ဒီဂျေ
ရုပ်ရှင် မင်းသား ၀ီလ်စမစ်နဲ့ သူ့သား ထရီတို့ကို မိုင်ယာမီက ထရီ ဒီဂျေလုပ်တဲ့ LIV ကလပ်မှာ တွေ့ရပုံဖြစ် ပါတယ်။ အဲဒီညက သားအဖ နှစ်ယောက် မိုင်ယာမီရဲ့ Jelsomino မှာ ကျင်းပတဲ့ ပွဲကို သွားရောက် ကြပြီး မိုင်ယာမီ ပရိသတ် အတွက် ၀ီလ်စမစ်က သူ့ရဲ့ နာမည်ကျော် သီချင်း ဖြစ်တဲ့ ငြောင သီချင်းနဲ့ Miiami ဖျော်ဖြေခဲ့ပါတယ်။

ရိုက်ကွင်းပေါ်က သမီး
လော့စ်အိန် ဂျလိစ်မှာ ဒီဇင်ဘာလ ၆ ရက်နေ့က Cougar Town ရုပ်ရှင် ဇာတ်ကား ရိုက်ကူး နေတဲ့ ကူတနီ ကော့စ်ရှိရာသို့ သမီး ကိုကို အာကွိတ် ရောက်ရှိလာတဲ့ အတွက် မိုင်ယာမီ ကမ်းခြေမှာ သားအမိ နှစ်ယောက် အပန်းဖြေ ခဲ့ကြပါတယ်။

ကျောင်းကြိုတဲ့ မေမေ
ဒီဇင်ဘာလ ၃ ရက်နေ့က ကယ်လီ ဖိုးနီးယား ပြည်နယ် ဘရင့်ဝုဒ်မြို့မှာ သမီး ၀ိုင်အိုလက် (အသက် ၇ နှစ်)၊ ဆာရာဖီနာ (အသက် ၃ နှစ်)တို့ကို ကျောင်းကြို လာတဲ့ ဂျနဖာ ဂါနာ ကိုတွေ့ရ ပါတယ်။

အပျော်စီးတဲ့ အမေနဲ့သား
ဒီဇင်ဘာလ ၉ ရက်နေ့က ဘဟားမား ပါရာဒိုက်စ် ကျွန်းမှာ သီဆို ဖျော်ဖြေပွဲ ကျင်းပပြီး သွားတဲ့ရှယ်ရယ်လ် ခရိုးက သားဖြစ်သူ ၀ပ် (အသက် ၅ နှစ်)နဲ့အတူ Wave Runner စီးခဲ့ ကြပါတယ်။

ကျောင်းကြိုတဲ့ မေမေ
ရုပ်ရှင် မင်းသမီး ဆန်ဒရာ ဘူးလော့ခ်က သားဖြစ်သူ လူးဝစ္စ (အသက် ၂ နှစ်)ကို လော့စ်အိန် ဂျလိစ်မှာဒီဇင်ဘာလ ၅ ရက်နေ့က ကျောင်းကြို လာပုံ ဖြစ်ပါတယ်။

မိသားစုအတွက် အချိန်
ဝါရှင်တန် ဒီစီ မြို့တော်မှာ သမ္မတ အိုဘားမားနဲ့ သမ္မတ ကတော် မစ်ရှဲလ်၊ သမီး ဆာရှာ(အသက် ၁၁ နှစ်)၊ သမီး မလီယာ(အသက် ၁၄ နှစ်)တို့ ခရစ္စမတ် သစ်ပင် မီးထွန်းအပြီးမှာ ကလေးငယ် တစ်စုနဲ့ အတူ အမှတ် တရ တွေ့ရ ပါတယ်။

မေမေ့သမီး
နယူးယောက် မြို့တော်မှာ ဒီဇင်ဘာ လ ၆ ရက်နေ့က သိုးမွှေး ဦးထုပ် ဆောင်းပြီး သားရေ ဂျာကင် ၀တ်ထားတဲ့ဆာရာ ဂျက်ဆီကာ ပါကားနဲ့ သမီး ဖြစ်သူ တာဘီသာ (အသက် ၃ နှစ်)တို့ ကျောင်းဆင်း ချိန်မှာ တွေ့ရပုံ ဖြစ်ပါတယ်။

 

 


ဇာနည်ညိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)