(feb_13)ထာဝရအတွက် ပထမခြေလှမ်း PDF Print E-mail
Written by ရာပြည့်   
Thursday, 07 February 2013 21:45
Share |

Bungee-Jumping   ကစားသလို အသည်း တယားယား နဲ့ပေါ့။ ဒီအကြောင်းကို ကျောင်းမှာ မပြောမိ ဖို့ကိုတော့ ကျွန်တော့် ပါးစပ် ပိတ်ထား ရတယ်။

cialis generic indiacanadian pharmacy discount viagra online discounted cialis
argaiv1049

ဘာဖြစ်လို့လဲ ဆိုတော့ ဒီမှာက Bungee- Jumping  လို တံတားပေါ်က ခုန်ချတဲ့ ကစား နည်းမျိုး ကစားမယ်။ ဒါမှမဟုတ် သူတကာ လုပ်နေကျ မဟုတ်တာမျိုး လုပ်မှာလို့ ပြောလိုက်ရင် ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်း တွေက “မင်းဟာက ကြောက်စရာကြီး”လို့ ဆိုတတ် ကြတာလေ။ တခြားလူတွေ ကလည်း ကိုယ့်ကို လူနုံလူအ တစ်ယောက်လို ၀ိုင်းကြည့်ပြီး၊ အပျက် သဘောတွေပဲ ပြောကြ ထောက်ပြတတ် ကြတာပါ။ သူတို့ရဲ့ ဘ၀တွေမှာ ပျော်ရွှင်မှု အနည်းဆုံး လူတွေက ခြေထောက်ကြိုးချည်ပြီး တံတား ပေါ်က ခုန်ချရင် ကြိုးပြတ်ပြီး ဦးခွံကွဲ လိမ့်မယ်လို့သာ မျှော်လင့် ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ Scooter  ပြောသလိုပေါ့။ အဲဒါက သူတို့ တစ်တွေပဲ။ မင်း မဟုတ်ဘူးတဲ့။

ပြောင်းရွှေ့ခြင်းအတွေ့အကြုံ
နောက်ထပ် နွေရာသီ တစ်ရာသီကို Avon Theatre  အရှေ့မှာ ဂစ်တာတီး သီချင်း ဆိုကာ ပရိသတ်တွေ ဆီက သဒ္ဓါကြေး တောင်းခံရင်း ကုန်လွန် ခဲ့ရပါတယ်။

North Western အလယ်တန်း ကျောင်းမှာ ကိုးတန်း စတက်ပြီပေါ့။ ၁၂ တန်း ကျောင်းသား တွေရဲ့ Goliaths အသင်းနဲ့ ဘေ့စ်ဘောလ် ယှဉ်ပြိုင် ကစားရင်း ကိုယ်ကာယ မြန်မြန်ဆန်ဆန် ထွားကျိုင်းလာ ဖို့ကိုလည်း စောင့်မျှော် နေဆဲပါပဲ။

မေမေကတော့ ကနေဒါ ကနေ အမေရိကန် ပြည်ထောင်စုမှာ ပြောင်းရွှေ့ နေထိုင်ဖို့ အတွက် လိုအပ်တဲ့ စာရွက် စာတမ်းတွေ လိုက်လုပ်ရင်း အလုပ်များနေ လေရဲ့။ အဲဒီ စာရွက် စာတမ်းတွေ ကလည်း ထင်တာထက် ပိုပြီး ရှုပ်ထွေးလှ ပါ တယ်။ မေမေက အိမ်ရှိ ပစ္စည်းတွေ အားလုံး ချရောင်း လိုက်ပြီး ဘိုးဘိုး၊ ဘွား ဘွားတို့ ဆီပြောင်း နေကြတယ်။ အဲဒီလို ပြောင်းနေရတာ မေမေနဲ့ ဘွားဘွားထက် တောင် ကျွန်တော်က ပိုပြီး ပျော်မိ ပါသေးရဲ့။ ဇာတ်ရှိန် ကတော့ တက်လာပြီ။ တဖြည်းဖြည်းနဲ့ ရက်ကို လစားလာ ခဲ့ပေမဲ့ ကျွန်တော်ကတော့ စောင့်ပြီးရင်းစောင့် စားနေ ရပါပဲ။ ဖြစ်စဉ် တစ်ခုလုံးမှာ အဲဒီ စောင့်ဆိုင်း ရတဲ့ အပိုင်းဟာ ကျွန်တော့် အတွက် အပင်ပန်း ဆုံးဖြစ်မယ် ထင်ပါတယ်။ စောင့်ပြီးရင်း စောင့်ရင်းနဲ့ပဲ နောက်ဆုံးမှာ အားလုံး အဆင်ပြေ သွားခဲ့တယ်။ ဘိုးဘိုး၊ ဘွားဘွားနဲ့ သူငယ်ချင်း အပေါင်း အသင်းတွေ အပါအ၀င် ကိုယ့်နေအိမ်နဲ့ ပတ်သက်တာ မှန်သမျှ အရာ ရာကို နှုတ်ဆက် စကား ဆိုခဲ့ပါတယ်။ Atlanta ကို ဦးတည် သွားရောက် ချိန်မှာ အင်္ကျီ အ၀တ် အစားနဲ့ ကျွန်တော့် ဂစ်တာကလွဲလို့ ဘာမှ ပါမလာ ပါဘူး။

Crain နဲ့ Scooter တို့က Asher နေထိုင်ရာ အနီးအနား လှည့်ပတ် စုံစမ်း လိုက်တော့ Asher အိမ်နဲ့ တစ်ပြလောက် အကွာမှာ ကျွန်တော်တို့ နေလို့ သင့် တော်မဲ့ အိမ်တစ်လုံး တွေ့ခဲ့ပါတယ်။ Asher ဆီလည်း နီးနီးနားနား လည်ပတ်လို့ ရတာပါ။ အိမ်ငှား စာချုပ်ကို Scooter က သူ့နာမည်နဲ့ လက်မှတ် ထိုးပေးလိုက် လို့ အဲဒီ့ နေရာလေး ကျွန်တော် လက်မလွတ် ခဲ့ရတာပါ။ Atlanta ကို ရောက်တဲ့ ပထမဆုံး ညက ကျွန်တော် တို့ဟာ Crain ရဲ့ မိဘတွေနဲ့အတူ နေခဲ့ရပါတယ်။ နောက်တစ်နေ့မှာ  Scooter  က ကျွန်တော် တို့ကို ဈေးဝယ် ထွက်ဖို့ ခေါ်သွားပြီး မေမေ့ အကြိုက် အိမ်ထောင် ပရိဘောဂ တွေနဲ့ အိမ်အတွက် လိုအပ်တာ တွေကို သူ့ရဲ့ အကြွေးဝယ် ခွင့် ကတ်ပြားနဲ့ ၀ယ်ယူ စေပါတယ်။

ကဲ-အခုတော့ အလုပ်အကြောင်း စဖို့ အချိန်ကျပြီ။
Usher က ကျွန်တော့်ကို Mama Jan  လို့ ခေါ်တဲ့ အဆိုနည်းပြ ဆရာမ Mama Jan   ဆီမှာ အပ်ပါတယ်။ သူ့ရဲ့ အဆိုနည်းပြ လည်းဖြစ်ပါတယ်။ Mama Jan   က နာမည်ကြီး တွေလောက်သာ လက်ခံ တတ်တာ။ ဒါပေမဲ့ Usher က ပြောပေးတာနဲ့ ကျွန်တော့်ကို သင်ပြပေးဖို့ သူက လက်ခံ ခဲ့တာပါ။ Mama Jan   ဟာ လောကကြီး ထဲမှာ အကြီးကျယ်ဆုံး လူတွေထဲက တစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ အတွက်တော့ ဒုတိယ မိခင်ပါပဲ။ နောက်တော့ Mama Jan  ဟာ ကျွန်တော့်ဘ၀မှ အရေးပါဆုံး သူတစ်ယောက် ဖြစ်လာခဲ့ ပါတယ်။ သူက ရှုပ်ရှုပ် ယှက်ယှက် မရှိသလို ကျွန်တော် လည်း သူ့ကို နောက်ပြောင် ဖို့တောင် မစဉ်းစားခဲ့ ဖူးဘူး။ ဘာမှလည်း မဟုတ်တာ မလုပ်ခဲ့ ဖူးဘူး။

ကျွန်တော့်ကို လူတွေ မေးလေ့ရှိကြတဲ့ မေး ခွန်းတစ်ခု ကတော့ “တကယ်လို့ ကျွန်တော်ကြီး ကောင်ဝင်ပြီး အသံ ပြောင်းသွားရင် ဘယ်လိုလုပ် မှာလဲတဲ့”
“တကယ်လို့ ဆိုတာ မရှိဘူး”  စက တည်းက ပြောခဲ့တာပါ။ လူပျိုဖော် ၀င်တာ ကတော့ ဖြစ်မှာပဲ။ သီချင်းဆို တာကိုတော့ တို့တစ်တွေ ဆက်လုပ်သွား မယ်”
အဲဒီကိစ္စ ကျွန်တော် စိတ်မပူ ပါဘူး။ Usher ကိုလည်း ဒီလိုပဲ လုပ်ပေးခဲ့ တာလေ။ Mama Jan   က USher ရဲ့ မူရင်း အသံ လုံးလုံး ပျောက်သွားတာ ကိုတောင် ရအောင် ပြန်လုပ် ပေးထားတာ။
Schooter က Mama Jan   ဟာ ကျွန်တော် တို့ရဲ့ ၀ှက်ဖဲပဲလို့ ဆိုပါတယ်။

ကျွန်တော်တို့ မိသားစုရဲ့ နောက်ထပ်အရေး ပါတဲ့ အဖွဲ့ဝင်တစ်ယောက် ကတော့ စာပြတဲ့ ဆရာမ Jenny  ပါပဲ။ ကျွန်တော့် အသက် ၁၄ နှစ် ပဲရှိသေးတော့ တင်းကျပ်တဲ့ ကလေး အလုပ်သမား ဥပဒေအရ အလုပ်လုပ် ရမဲ့ အချိန် နာရီကို ကန့်သတ် ထားသလို ပညာရေး လိုအပ်ချက် တွေကိုလည်း ဥပဒေ ပါအတိုင်း ဖြည့်ဆည်း ပေးရ ပါတယ်။ Jenny ဟာ School of Young Performers  ကျောင်းက ဆရာမပါ။ အဲဒီကျောင်းက အိမ်မှာပဲ စာသင်ရတဲ့ ကလေး တွေနဲ့ အနုပညာ လောက ထဲမှာ ငယ်ငယ် ရွယ်ရွယ်နဲ့ လုပ်ကိုင် နေကြတဲ့ ဆယ် ကျော်သက် လူငယ်တွေ ပညာသင် ကြားပေးရာ ဖြစ်ပါတယ်။ အဆိုတော် Chris Brown,   အဆို တော် Rihanna   တို့အပြင် ဘရောဒ့်ဝေး ဇာတ်ခုံပေါ် နဲ့ ရုပ်/သံလောက ထဲက ကလေး သူငယ် တော်တော် များများကို သင်ကြား ပေးရာ ကျောင်းလည်း ဖြစ် ပါတယ်။

 

Jenny နဲ့ ကျွန်တော်တို့ ကျောင်းစာ အလုပ်ကို တော်တော်လေး ကောင်း အောင် လုပ်နိုင် ခဲ့ကြပါ တယ်။ (အရမ်းတော်တယ် ဆိုထား Jenny ကိုပြော တာပါ။) ကျွန်တော် စာရ၊ မရ အိမ်စာ လုပ်၊ မလုပ် သူသေချာ စစ်ပါတယ်။ ကျွန်တော်က သူ့ကို တစ်လတစ်ခါ လောက်ထက်တော့ ပိုပြီးကျီ စယ်လေ့ မရှိပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ သူက အရမ်းခင်စရာ ကောင်းပြီး၊ ကျွန်တော် ပြောသမျှ ယုံတတ်တာ ကိုကပဲ သူ့ကိုစချင်၊ နောက်ချင် စရာ ဖြစ်နေတာကိုး။

ရင်းနှီး သူချင်း၊ အရူးလုပ် နောက်ပြောင် လေ့ရှိ တဲ့ ဧပြီလ ၁ ရက်နေ့ တစ်နေ့မှာ ကျွန်တော်က         “Jenny ၊ သိပံ္ပစမ်းသပ် ချက် တစ်ခု လုပ်ရ အောင်”လို့ ပြောလိုက် ပါတယ်။
“ကောင်းသားပဲ၊ လုပ်ကြစို့လေ”
“ထောပတ် ပေါ်မှာ ဆားဖြူး လိုက်ရင် အပူ ဓာတ်တွေ ထွက်လာတယ်လို့ စာထဲမှာ ဖတ်ဖူး တယ်။ စမ်းကြည့် မလား”
“ဟုတ်လို့လား။ တစ်ခါမှ ဒါမျိုးမဖတ်ဖူး ပေါင်”
ထောပတ် ခဲတစ်တောင့်ကို ကျွန်တော်က ပန်းကန် ပြားပေါ် သေသေ ချာချာ ချထားပြီး ဆား တစ်ဇွန်းစာကို ထောပတ်ခဲ ပေါ်ဖုံး သွားအောင်  ဖြူးလိုက်တယ်။

“အိုကေ၊ စက္ကန့် ခြောက်ဆယ်တော့ စောင့်ရ မယ်” စက္ကန့် ခြောက်ဆယ်  အတိအကျ မှတ်သား စောင့်ဆိုင်းပြီးနောက် ထောပတ်ခဲ ပေါ်ကို ကျွန်တော် လက်တင် လိုက်တယ်။

“အိုး-အံ့သြ စရာပဲဟေ့။ စမ်းကြည့်ပါလား။ ထူးဆန်း လိုက်တာ ကြည့် ကြည့်ပါဦး”
Jenny ကသူ့ လက်ဖ၀ါးကို ပန်းကန်ပြားထဲ က ထော်ပတ်ခဲ ပေါ်တင် ကြည့်ပါတယ် Jenny ဘာမှ မတုံ့ပြန်လိုက် နိုင်ခင်မှာပဲ ကျွန်တော်က သူ့ လက်ကို အပေါ် ကနေ ဖိချလိုက်ပြီး၊ ထောပတ်ခဲ ပေါ်နစ်ဝင် ပေကျံ သွားအောင် လုပ်လိုက်တယ်။

အရမ်းကို ပျော်စရာ ကောင်းပါတယ်။

ကျောင်းစာသင် တာနဲ့ နောက်ပြောင် ကျီစယ် တာရဲ့ ပြိုင်ပွဲမှာ နောက်တာ၊ ပြောင်တာကပဲ နေ့ တိုင်း အနိုင်ရ တယ်လေ။ ကျွန်တော့်ကို အပြစ်တင် ကြမှာလား။ ကျွန်တော်က ကလေးပဲ ရှိသေးတာ ကိုး။

တွက်ချက်စဉ်းစားခြင်း
အသံဖမ်း စတူ ဒီယိုမှာ ကျွန်တော့်ရဲ့ပထမဆုံး ဆင်ဂဲလ် သီချင်း တစ်ပုဒ် သွားရောက် အသံသွင်း ဖို့၊ မသွင်းဖို့နဲ ပတ်သက်ပြီး အပြန်ပြန် အလှန်လှန် စဉ်းစားခဲ့ ကြရပါတယ်။ Usher က ကျွန်တော့် အသံကို နည်းနည်းတော့ ပြုပြင်ပေး ဖို့လိုသေး တယ်လို့ ယူဆ တာကြောင့် Mama Jan နဲ့ထပ်ပြီး လေ့ကျင့် စေလို ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့  Scooter တို့ကတော့ စိတ်မရှည် နိုင်ကြ တော့ပါဘူး။ အသံဖမ်း တိတ်ခွေကြိုး ပေါ်မှာ ဘာတစ်ခုမှ အသံ မသွင်းရခင် လူပျိုဖော် ၀င်ပြီး မုတ်ဆိတ်တွေ ဘာတွေ ပေါက်လာ မလားလို့ စပြီး တွေးနေ မိပါပြီ။
Scooter မှာ   Tashia လို့ခေါ်တဲ့ လုပ်ဖော် ကိုင်ဖက် အမျိုးသမီး တစ်ဦးရှိ တယ်။ သူက တချို့ အလုပ်တွေမှာ A&R Administrator   အဖြစ် အလုပ် လုပ်ပါ တယ်။ ထုတ်လုပ်ရေးမှူး တွေနဲ့ အလုပ်ကိစ္စ စီစဉ် ဆောင်ရွက် ပေးတာ၊ အသုံး စရိတ်တွေကို စိစစ်ပေးတာ အစရှိတဲ့ စီမံခန့်ခွဲရေး အလုပ်တွေကို Usher အတွက် ကူညီ လုပ်ကိုင် ပေးတာပါ။ ဒါပေမဲ့ Tashia က ကိုယ်ပိုင် အသံဖမ်းစတူ ဒီယို တစ်ခုလည်း ရှိတယ်။ Lashaunda "Babygril" Carr   နဲ့ အတူ ဖက်စပ် ပိုင်ဆိုင် တာပါ။ Asher Roth   က အဲဒီ စတူ ဒီယိုမှာ အသံသွင်းဖူးတဲ့ အတွေ့ ကြုံရှိပြီး၊ စတူ ဒီယိုကိုလည်း သူက သဘောကျ ပါတယ်။

Scooter  က ကျွန်တော်နဲ့ မေမေ့ကို ပြောလာ ပါတယ်။ Tashia ရဲ့ စတူ ဒီယိုဟာ  Justin သီချင်းတွေ ဖန်တီး နိုင်မဲ့ နေရာ ကောင်းပဲ။ ကြောက်စရာ လည်းမဟုတ်ဘူး။ ကိုယ့်အပေါ် ဆိုးရွားတဲ့ လွှမ်းမိုး မှုလည်း မရှိဘူး။

မေမေက   Scooter ပြောတာ အားလုံး သဘောကျ သလို ကျွန်တော်က လည်း သူတို့တီး ၀ိုင်းရဲ့လက်သံကို သဘောကျ နေမိခဲ့တယ်။ သီချင်းလေး ကတစ်ပုဒ်က ကျွန်တော့် အတွက်တော့ အတော်လေး ပြည့်စုံ ကောင်းမွန်တယ် လို့ ဆိုရမှာပါ။ သူတို့က Common Denominator   ဆိုတဲ့ သီချင်း တစ်ပုဒ်တီးပြ တယ်လေ။ Scooter က “ဒါမှ သီချင်း အစစ်”လို့ ဆိုခဲ့ပါတယ်။

(သီချင်းသံ) ဘ၀ထဲက ထိတ်လန့် စရာတွေ အားလုံးဆီက ရုန်းထွက် လွတ်မြောက်ခဲ့ ငါ့ကို နာကျင်စေ နိုင်တဲ့ တစ်ခုတည်းသော အရာက မင်းမရှိ ခဲ့ရင် ဆိုတာပဲ တစ်ခြမ်းတည်း ရှိတဲ့ ညီမျှခြင်း အဖြစ် ငါ ပြန် မရောက်ချင်...
ကျွန်တော်တို့ ရှာဖွေ နေတာရဲ့ နှလုံးသွေးနဲ့ ၀ိညာဉ်ကို အရှင်လတ်လတ် တွေ့လိုက် ရတာပါပဲ။ အဲဒီအပြင် တစ်ယောက်နဲ့ တစ်ယောက် ကျောင်းက ပေးလိုက်တဲ့ အိမ်စာတွေ ကူညီ လုပ်ကိုင် ပေးရင်း ပူးပူးကပ်ကပ် ထိုင်နေကြတဲ့ ကောင်လေး တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်တို့ရဲ့ သင်္ချာပုံရိပ်ကို လည်း တွေ့ကြ ရပါတယ်။

ဒီလိုနဲ့ပဲ တကယ့် အသုံး စရိတ် ခွင့်ပြုချက် မရရှိသေး သလို တကယ့် အယ်လ်ဘမ် တစ်ချပ် ထုတ်ဖို့ အစီအစဉ်လည်း မရှိသေး ဘဲနဲ့ အဲဒီ စတူဒီယိုမှာ လည်း သွားပြီး အသံသွင်း ဖြစ်ခဲ့ပါတယ်။ စတူဒီယို ထဲမှာ နေရတာကို သဘော ကျမိတာလည်း ကိုယ့်ဘာသာ တွေ့လာတယ်။ စင်ပေါ်မှာ ဖျော်ဖြေရတာ လောက်ကြိုက်တာ မဟုတ်ပေမဲ့ စတူဒီယို ထဲမှာ ဆိုရတာ ကိုလည်း တော်တော် လေး သဘောကျ မိပါတယ်။ အသံသွင်းပြီးတဲ့ ညမှာ Crain   က ကျွန်တော့်ကို ကားမောင်းပြီး အိမ်ပြန်ပို့ ပေးဖို့ ဖြစ်ပေမဲ့ တကယ်တမ်း မှာတော့ ကားပေါ်မှာ ကျွန်တော့် သီချင်းကို ထပ်ခါထပ်ခါ ဖွင့်ပြီး Atlanta   မြို့တစ်ခွင် တစ်ပြင်ကား လျှောက်မောင်း တာနဲ့ အဆုံးသတ် ခဲ့ကြတယ်။ တချို့ နေရာ တွေမှာ ကားရပ်ပြီး ရေခဲမုန့် ၀ယ်စားကြတယ်။ ကျွန်တော်တို့ ကားလျှောက် မောင်းလိုက်ကြတာ  မနက်သုံး နာရီထိုးရောပဲ။ အဲဒီ သီချင်းဟာ ဒီကနေ့အထိ Crain ရဲ့ အသည်းစွဲ သီချင်း တစ်ပုဒ်ဖြစ်ပြီး သူ မင်္ဂလာဆောင် နေ့ကျရင် အဲဒီ သီချင်းကို ဆိုပေးဖို့ Crain က ကျွန်တော့်ကို စွဲစွဲမြဲမြဲ ပြောလေ့ ရှိတယ်။ သီချင်းက တကယ် ကောင်းတဲ့ သီချင်းပါ။ ဒါပေမဲ့ အဲဒီသီချင်းကို ပရိသတ်ကြား မဖြန့်နိုင် သေးတာက ကျွန်တော့်ကို စိတ်ပျက် စေပါတယ်။ ကျွန်တော်တို့ ပထမဆုံး ထုတ်ဝေမဲ့ ဆင်ဂဲလ် သီချင်းအတွက် နည်းဗျူဟာ တွေ သေသေ ချာချာ ချမှတ် ဆောင်ရွက်ကြဖို့ လို တယ်လေ။

Mama Jan မှာက သူ့လက်သင် အဆိုတော် တွေကို တစ်နှစ်မှာ နှစ်ကြိမ်လောက် ပွဲထုတ်ပေး နိုင်တဲ့ နေရာ တစ်ခု ရှိတယ်။ နာမည်က Eddie's Attic  တဲ့။ အဆိုတော် John Mayer   လည်း အဲဒီ ကနေ တက်လာ တာပါ။ Mama Jan   က ကျွန်တော့် ကိုလာဆိုဖို့ ခေါ်ပါတယ်။ ဒီလိုနဲ့ အစီအစဉ်ရဲ့ နောက်ဆုံး အလှည့် Mama Jan   ဆီမှာ နှစ်နဲ့ချီပြီး လေ့ကျင့် သင်ကြားသူ တွေရဲ့ သီဆို တင်ဆက်မှု အပြီးမှာ ကျွန်တော်က Common Denominator  သီချင်းကို ထဆို ပြလိုက်ပါတယ်။ သီချင်းလည်း ဆုံးရော၊ အားလုံးက မတ်တတ် ထရပ်ပြီး အားပေး ကြပါတယ်။ ကျွန်တော်လည်း သူတို့ရဲ့ တုံ့ပြန် အားပေးမှု အပေါ် အံအားသင့် နေမိခဲ့တယ်။ (You Tube   ပေါ်က ဗီဒီယိုမှာ ကျွန်တော့်ရဲ့ အံ့အားသင့် နေတဲ့ မျက်နှာကို မြင်နိုင် ကြပါတယ်။)
Scooter က Common Denominator   သီချင်း ဗီဒီယိုကို L.A Reid ဆီရော၊ Usher ဆီရော၊ တခြား သူတွေ ဆီရော ပေးပို့ရင် “ဓာတ်ပြား သွင်းဖို့ အချိန် ကျပြီ”လို့လည်း တတွတ်တွတ် ပြောနေ တာပေါ့။

နားထောင်မိတဲ့ လူတွေလည်း“အေး၊ အချိန် ကျပြီ“လို့ ထောက်ခံ ကြပါတယ်”။
ထုံးစံ အတိုင်း ဆိုရင်တော့ သီချင်း ဆယ်ပုဒ် လောက်တစ်ခါ တည်းသွင်း၊ အယ်လ်ဘမ် တစ်ချပ် ထုတ်၊ နောက်တစ်နှစ်လောက်နေတော့ နောက် ထပ်အယ်လ်ဘမ် တစ်ချပ်ထုတ်ပေါ့။ Scooter  နဲ့ L.A Reid   တို့ စိတ်ကူးတာ ကတော့ သီချင်း ၁၂ ပုဒ်လောက်သွင်းမယ်။အပိုအဖြစ် ဆိုထားတာ လေးတွေလည်း ထည့်မယ်။ အဲဒါတွေကို အယ်လ် ဘမ်နှစ်ချပ် ခွဲထုတ်မယ်ပေါ့။ အယ်လ်ဘမ် နာမည်ကို My World   နဲ့ My World  2.0 လို့ပေးမယ်။ အယ်လ်ဘမ် နှစ်ချပ်ကို လေးလ ခြားပြီး ထုတ်မယ် ပေါ့။ ဒီနောက်တော့ စတူဒီယိုကို စ၀င်ကြတယ်။ ဘ၀မှာ ဒီလောက် အလုပ်ကို ကြိုးစားပမ်းစား မလုပ်ခဲ့ဖူး သလို အဲဒီလောက်လည်း မပျော်ခဲ့ ရဖူးပါဘူး။

တစ်ညမှာ   Scooter က ကျွန်တော့်ကို ကားနဲ့ အိမ်ပြန်လိုက်ပို့ပေးတယ်။ ကားပေါ်မှာ သူဖွင့် ထားတဲ့ သီချင်း တစ်ပုဒ်ကို ကျွန်တော် သဘောကျ မိတယ်။ တကယ်တော့ သီချင်းက အကြမ်းထည် ပါ။ သီချင်းရေး ဆရာတွေက သူစိတ် ကူးရတာ ကို ပြပေးရုံ၊ နမူနာ သဘော သွင်းထားတဲ့ သီချင်း ပါပဲ။
“ကောင်းလိုက်တာ။ အဲဒါ ဘယ်သူလဲ”လို့ ကျွန်တော်က မေးမိပါတယ်။

Scooter က“ဒါက Adonis လေ။ သူက သီချင်းရေး ဆရာပဲ။ အဆိုတော်လည်း ဟုတ် တယ်။ ဒါပေမဲ့ သူက သူများတွေ အတွက်လည်း ရေးပေးတယ်”
“ဖြည်းဖြည်း၊ ဖြည်းဖြည်း။ ဒါဆို ဒီသီချင်း က ဘယ်သူ့ အတွက် ရေးတာလဲ”

“မင်းအတွက်ပေါ့”
ကျွန်တော် လုံးဝ အံ့အား သင့်သွားခဲ့တယ်။ ဘာမျှကို မပြောနိုင် အောင်ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ စကားပြောဖို့ ကြိုးစားလိုက်ရင် အသံ အကျယ်ကြီး ထွက်လာမှာ စိုးလို့ပါ။ ဒါကိုတော့ နားလည် ပေးရမယ်လေ။ နာမည်ကျော် သီချင်း ရေး ဆရာတွေက ကျွန်တော့် အတွက် သီချင်းရေး ပေးခဲ့မယ် ဆိုရင် ဆိုတဲ့အတွေးဟာ ကျွန်တော့် စိတ် ထဲမှာ လွှမ်းမိုး နေဆဲဖြစ်ပြီး အဲဒီအတွေးဟာ အခုထိလည်း အမြဲပဲ သစ်လွင် နေတာဖြစ်ပါတယ်။ အခုထိအောင်ကိုလည်း ဂီတလောကထဲမှာ ကျွန်တော် အထင်ကြီး လေးစားတဲ့ သူတွေက ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ်နဲ့ လက်တွဲ အလုပ်လုပ်မယ် ဆိုတိုင်း အဲဒီလို ခံစားမှုကို ခံစား နေဆဲပါ။ ကျွန်တော်က အရမ်းကို ကျေးဇူး တင်တာပါ။ အဲဒီ့ ခံစားချက်လေး ပျောက်ဆုံး မသွား ဖို့ကိုလည်း ကျွန်တော် မျှော်လင့် နေမိတယ်။ Scooter က သီချင်းကို အသံ ထပ်ချဲ့လိုက်တယ်။ အိမ်ရှေ့ ရောက်တော့ ကားမရပ်ဘဲ သူက ဆက်မောင်းပေး လို့ ဒီသီချင်းကို ထပ်ခါ တလဲလဲ နားထောင်ခဲ့ ရပါ တယ်။

“ရေငတ်နေတုန်း ရေတွင်းထဲ ကျတာပဲ”
ဒီလောက်ကောင်းတဲ့ သီချင်းဟာ ကျွန်တော့် အတွက် ဆိုတာကို ယုံတောင် မယုံနိုင်ဘူး။ ဒီ သီချင်းလေးကို စီစဉ်တကျ ဖြစ်အောင် လုပ်ခဲ့ပါ တယ်။ ကျွန်တော် အရမ်းကြိုက် တဲ့သီချင်းပါ။ နောက်ပိုင်းမှာ Jessica Jarrell   နဲ့ ထပ်ပြီး မွမ်းမံ လိုက်တော့ ပိုလို့တောင်ကြိုက်မိ ပါသေးတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ သီချင်း ဆယ်ပုဒ် ဓာတ်ပြား သွင်းပြီး ခဲ့ပါတယ်။ အဲဒီ အထဲမှာ One Time, Down to Earth, One Less Lonely Girl   စတာတွေ ပါပါတယ်။ ဘယ်သီချင်းကို ပိုပြီး နှစ်သက်တယ်လို့ ပြောရခက် လှပါတယ်။ သီချင်း အပုဒ်တိုင်း၊ အပုဒ် တိုင်းအတွက် ကျွန်တော် ဂုဏ်ယူ မဆုံး ဖြစ်ရပါတယ်။

ကဲ-အခုဆို L.A Reid   ဆီ ပြန်သွားဖို့ အချိန်ကျပြီ။ သူ့ကို ကျွန်တော့်နောက်မှ ရပ်တည် ပေးပြီး ကျွန်တော့်ရဲ့ My World  အယ်လ်ဘမ်ကို ခမ်းခမ်း နားနားထုတ် ဝေပေးဖို့ စည်းရုံး သိမ်းသွင်း ရမယ်လေ။
(ဆက်လက်ဖော်ပြပါမည်)


ရာပြည့်
(Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)