(feb_13)Message to teen PDF Print E-mail
Written by အယ်ဒီတာ   
Thursday, 07 February 2013 22:12
Share |

ပြည်ထောင်စု စိတ်ဓာတ် ဆိုတာ တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွတ်မှုလို့ ဘာသာ ပြန်တတ် ကြပါတယ်။

cialis 20mgbuy cialis overnight delivery generic viagra online buy cialis 20mg
argaiv1111

ဘယ်လို လူမျိုး မဆို တစ် ယောက်နဲ့တစ်ယောက် တစ်ထပ်တည်းတူ၊ တစ် သဘောတည်း ကျကာ ညီညွတ်တယ် ဆိုတာမျိုး ဟာ ဘယ်နေရာမှာမှ ရှာမရနိုင် ပါဘူး။ ဒါကြောင့် လက်တွေ့ ကျကျ ပြောကြ ကြေးဆို တစ်ယောက်နဲ့ တစ်ယောက် တူညီချင်မှ တူညီမယ်၊ ညီညွတ် ချင်မှ ညီညွတ်မယ်၊ ဒါပေမဲ့ ရန်မဖြစ်ဘဲ၊ အပြစ် မတင်ဘဲ စည်းလုံးကြ ဖို့ဆိုတာ ပိုဖြစ် နိုင်မယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ စည်းလုံးကြဖို့ ဘာလိုလဲ လို့ မေးရင်တော့ အခွင့်အရေး တန်းတူမှု ဆိုတာပေါ် လာမှာပါ။ အခွင့်အရေးကို အညီအမျှ ရကြတယ် ဆိုရာမှာလည်း နက်နက် ရှိုင်းရှိုင်း တွေးရင် ကျယ် ပြန့်လှ ပါတယ်။ တိုင်းရင်းသားတွေ အားလုံး အတွက် လွတ်လပ်စွာ ပြောရေး ဆိုခွင့်တွေ အညီ အမျှရ ဖို့ဆိုရင် အခြေခံ လူ့အခွင့် အရေးကို အာမခံ ပေးရုံနဲ့ မလုံလောက် ဘူးလို့ ဆိုချင် ပါတယ်။

ဘယ်လို လုပ်ပေးမှ တိုင်းရင်းသားတွေ အတွက် သာတူညီမျှ လွတ်လပ် စွာပြော ရေးဆိုခွင့် ကို  အာမခံနိုင် မှာလဲလို့ မေးရင် တော့နိုင်ငံ အစိုးရ က သာမက နိုင်ငံသား တွေကပါ ၀ိုင်းလုပ်ကြမှ ဖြစ်ပါမယ် ဆိုတာကို အရင်ဆုံး ပြောချင် ပါတယ်။ တိုင်းရင်းသား ဘာသာ စကားနဲ့ ရေးသား ထုတ်ဝေ တဲ့ စာပေတွေ ပေါ်ထွက် လာမှပဲ တိုင်းရင်းသား အားလုံးရဲ့လွတ်လပ်စွာ ပြောဆိုခွင့်ဟာ ပိုပြီး အဓိပ္ပာယ် ရှိလာမှာပါ။ တိုင်းရင်းသား တစ်မျိုးမျိုး အကြောင်းကို တခြား တိုင်းရင်းသား တစ်မျိုးမျိုး က ပြောပြ ရေးပြတယ် ဆိုတာထက် သူတို့ကိုယ် တိုင်က ပြောကြ ရေးကြမယ် ဆိုရင်ပိုပြီး ထိရောက် သလို ပိုပြီး ပီပြင် မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်မိခင် ဘာသာ စကားနဲ့ပြောကြ ရေးကြ မှလည်း ပိုပြီး ထိရောက မှာပါ။ ဒီလို တိုင်းရင်းသား ဘာသာ စကားနဲ့ ထုတ်ဝေတဲ့ သတင်း မီဒီယာနဲ့ ရသစာပေ တွေ  ပေါ်ထွက်လာ တဲ့အခါ သူတို့ ရေးနေ ပြောနေ ကြတာ တွေထဲက ကောင်းနိုး သင့်နိုး ရာရာတွေကို မြန်မာ ဘာသာ စကားလို ရုံးသုံး ဘာသာ စကားနဲ့ ဘာသာပြန်ဆို ဖော်ပြပေးတာ မျိုးကို လုပ်ပေးခြင်း အားဖြင့်လည်း ကာယကံရှင် မဟုတ်တဲ့ တိုင်းရင်းသား များသာမက တခြားလူမျိုး အားလုံးကပါ စာနာ နားလည် ဖတ်ရှု လေ့လာ နိုင်ကြမှာပါ။ ဒီကိစ္စတွေ အတွက် နိုင်ငံသားများ ဖြစ်တဲ့ တိုင်းရင်းသားများ ကိုယ်တိုင်က ကိုယ့် ဘာသာ စကားကို လေ့လာ ဆည်းပူး နိုင်အောင် နိုင်ငံ အစိုးရဘက် ကရော၊ နိုင်ငံသား များဘက် ကပါ အားထုတ် ကြရမှာ ဖြစ်ပါတယ်။ ကိုယ့်မိခင် ဘာသာ စကားကိုမှ ကိုယ်မတတ် ထားရင် တခြား လူမျိုးတွေကို ပြောဆို စည်းရုံး ဦးဆောင် နိုင်ပေမဲ့ ကိုယ့်လူမျိုး ကိုကျတော့ ထိထိရောက်ရောက် အသိပေး ဆက်သွယ်နိုင်မှာ မဟုတ်ဘူးလေ။

ဒါကြောင့် လွတ်လပ်စွာ ပြောရေး ဆိုခွင့်ကို ထိန်းသိမ်းထား ဖို့ဆိုရာမှာ အခွင့်အရေး တန်းတူမှု သာမက ကိုယ့်ဘက်က အဆင်သင့် ဖြစ်နေအောင် ပြင်ဆင် ထားကြမှု ကလည်း မရှိမဖြစ် အရေးပါကြောင်း သတိပြု ကြစေ လိုပါတယ်။ ဖူးငုံတို့ အနေနဲ့ ကိုယ့်သွေး ကိုယ့်သားထဲမှာ တိုင်းရင်းသား သွေးတစ်ခုခု ပါနေတယ် ဆိုရင်ပဲ အဲဒီ တိုင်းရင်းသား ဘာသာ စကားကို တန်ဖိုး ထားကာ လေ့လာ ဆည်းပူးခွင့် ရရေး ကြိုးပမ်းဖို့၊ လေ့လာ ဆည်းပူးဖို့နဲ့ အဲဒီဘာသာ စကားကို အသုံးချပြီး ကိုယ့်အတွက် အခွင့် အရေး တန်းတူမှုကို အရယူ နိုင်ဖို့ ကြိုးပမ်း ကြကာ ပြည်ထောင်စု စိတ်ဓာတ် အားကောင်း စေရန် ကြိုးပမ်းနိုင် ကြပါစေကြောင်း ဖူးငုံတို့ကို အသိပေး တိုက်တွန်း လိုက်ရ ပါတယ်။


အယ်ဒီတာ
(Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)