(feb_13)ဖန်တီးသူတို့အပြော PDF Print E-mail
Written by မြစံပယ်ခိုင်   
Thursday, 07 February 2013 22:15
Share |

သူငယ်ချင်းသီချင်းကို ဖန်တီးခဲ့ကြသူများ
ဒီလအတွက် ဖန်တီးသူ တို့ အပြော ကဏ္ဍမှာ ဖူးငုံ ပရိသတ်ကြီးကို သီချင်း ကောင်းလေး တစ်ပုဒ်နဲ့ တင်ဆက် ပေးချင်ပါတယ်။

tadalafil dosagecialis black discount viagra online cialis canada
argaiv1350

အဲဒီသီချင်းကို ပုံဖော် ပေးကြတဲ့ သူတွေကလည်း ပုံစံမျိုးစုံ ရှိတဲ့ ဂီတထဲကမှ Metal Rock ဂီတ နဲ့ Country သီချင်း အနွယ်ဝင် တွေကို အကုန် သဘောကျ တယ်ဆိုတဲ့ တေးသံရှင် ဉာဏ်လင်းအောင် နဲ့ တေးရေး ရှီနို တို့ပဲဖြစ်ပါတယ်။ ဖူးငုံ ပရိသတ်ကြီး အတွက် နှစ်ဟောင်းမှာ အလွမ်း အဆွေး ဒဏ်ရာတွေ ရှိခဲ့မယ် ဆိုရင် အဲဒီ ဒဏ်ရာ တွေကို ကုစား ပေးနိုင် ဖို့အတွက် ဒီသီချင်းလေးက အင်အား ဖြစ်စေမယ်လို့ ထင်ပါ တယ်။ ဖေဖော်ဝါရီလမှာ ချစ်သူတိုင်း အဆင်ပြေ ကြပြီး ချစ်သူ မရှိသေးတဲ့ သူများ ကလည်း ဉာဏ်လင်းအောင်ရဲ့ သီချင်းထဲ ကလို မျိုသိပ် မထားကြ ပါနဲ့တော့။ အမြန်ဆုံး သာ ဖွင့်ပြော လိုက်ပါလို့ အကြံ ပေးချင် ပါတယ်။ သူငယ်ချင်း ဆိုတဲ့ စည်းကို ကျော်ချင် ပေမဲ့ ဖွင့်မပြော ရဲလို့ ရင်ထဲမှာ ကျိတ်ပြီး ချစ်နေ ရတဲ့ စာဖတ် ပရိသတ် တွေ အတွက်ရော ထာဝရ တည်မြဲတဲ့ အချစ်ကိုပဲ ရယူ ပိုင်ဆိုင် လိုတဲ့ အတွက် ဖွင့်မပြောဘဲ မြုံနေကြတဲ့ စာဖတ် ပရိသတ်ကြီး အတွက်ရော အဆိုရှင် ဉာဏ်လင်းအောင်ရဲ့ သူငယ်ချင်း ဆိုတဲ့ သီချင်း လေးနဲ့ နှစ်သိမ့် ပေးချင် ပါတယ်။

ကဲ၊ ဖူးငုံ ပရိသတ် ကြီးရေ ဒီသီချင်းကို ဒီလောက်ထိ ညွှန်းနေမှတော့ တေးရေး၊ တေးဆိုသူ တွေက ဒီသီချင်းကို ဘယ်လို စိတ်ကူးတွေနဲ့ ပုံဖော် ခံစားထားလဲ ဆိုတာကို ဖူးငုံ ပရိသတ် တွေကို သိရအောင်လို့ သူငယ်ချင်း သီချင်းကို ဖန်တီးခဲ့ ကြတဲ့ တေးရေး ရှီနိုနဲ့ တေးသံရှင် ဉာဏ်လင်းအောင် တို့ကို ဖူးငုံ ပရိသတ်ကြီးနဲ့ တွေ့ဆုံ ပေးလိုက် ပါတယ်။

သူငယ်ချင်း သီချင်းကို ရေးစပ် ခဲ့တဲ့ တေးရေး ရှီနိုက“ဒီသီချင်းက ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ အတွက် ရင်ထဲမှာ ရှိတဲ့အတိုင်း ရေးဖြစ် သွားတာပါ။ ကျွန်တော့်မှာ သူငယ်ချင်း ခံစားချက် ကလည်း ရှိတယ် ဆိုတော့ ရေးဖြစ်သွား တာပါ” လို့ ဆိုပါတယ်။ ဒီသီချင်းထဲက အဓိက ပြောချင်တဲ့ အကြောင်း အရာလေး ကတော့ “အဆိုး ဆုံးတွေ ကိုလည်း မြင်နေတယ်၊ ဝေးရမှာ ကြိုသိ ထားလည်း ငါ့ရင်ထဲ” ဆိုတဲ့ အတိုင်းပါပဲ သူငယ် ချင်းကို ဖွင့်ပြော ချင်ပေမဲ့ ဖွင့်ပြော လိုက်ရင် သူငယ်ချင်းအဖြစ် ခင်နေခွင့် လေးတောင် မရ တော့မှာ စိုးလို့ ဖွင့်မပြော ရဲဘူး ပေါ့နော်။ သူငယ်ချင်းကို ကျိတ်ကြိုက် နေတဲ့ ကောင်လေး တစ်ယောက်ရဲ့ ခံစားချက်ကို ရေးထား တာပါ”လို့ ဆိုပါတယ်။ ဒီသီချင်းက ရိုးရိုးလေး ပါပဲ။“ကောင်မလေးက တခြား ကောင်လေး တွေနဲ့ ပြဿနာ တွေဖြစ်ပြီး ရှုပ်နေတာ တောင်မှ ခွင့်လွှတ်ပြီး ချစ်နေမယ် ဆိုတာမျိုး။ ဒီတိုင်းလေးပဲ စာသား နဲ့ သံစဉ် တွေကို အဆင်ပြေ အောင်ထည့် ထားပါတယ်”လို့ ဆိုပြန်ပါတယ်။ သူငယ်ချင်း သီချင်းကို ခံစား သီဆိုခဲ့တဲ့ တေးသံရှင် ဉာဏ်လင်း အောင် ကလည်း “သူငယ်ချင်း သီချင်းက ကျွန်တော့် ဘ၀မှာ ပထမဆုံး စပြီးတော့ ၀ယ်ခဲ့တဲ့ သီချင်း လည်းဖြစ်တယ်။ သူငယ်ချင်း ကိုယ်တိုင် ရေးစပ် ခဲ့တာလည်း ဖြစ်တယ်။ ကျွန်တော်က ကျောင်းမှာ သူငယ်ချင်း ကောင်မလေး ရှိတယ်။ အဲဒီ ကောင်မလေးကို ကျိတ်ကြိုက် နေတယ် ဆိုတာကို ရှီနို သိတယ်။ အဲဒီ့အတွက် ကိုရှီနို ဆီကနေ တောင်းပြီး သူငယ်ချင်း သီချင်းလေးကို ဆိုဖြစ် သွားတာပါ”လို့ ဆိုပါတယ်။ ဒါ့အပြင် ပရိ သတ်များ လက်ခံ အားပေးခဲ့ ကြတဲ့ သူငယ်ချင်း သီချင်းနဲ့ ပတ်သက် ပြီးတော့ ဉာဏ်လင်းအောင်က “ဒီသီချင်းက ၉ နှစ် လောက်ရှိပြီ ဆိုပေမဲ့ သီချင်း ရဲ့စန်းပေါ့နော်။ ကျွန်တော် ဉာဏ်လင်းအောင် ဆိုပြီး ဖြစ်လာတဲ့ အချိန်ထိကို လူငယ် ပရိသတ် တော်တော် များများရော၊ လူကြီး ပရိသတ်တော် တော် များများ တင်မက ကလေးတွေ ကပါ ကြိုက်ကြတယ်။ သူငယ်ချင်းလည်း အပြင်မှာ တကယ်ရှိတယ် ဆိုတော့ ဆိုရတာ သိပ်ပြီး အခက် အခဲ မရှိခဲ့ဘူး။ အလိုလိုသိ  ၀င်ပြီးသား ဖြစ်နေ တယ်”လို့ ပြောပြ ခဲ့ပါတယ်။

ဆက်လက်ပြီး တေးသံရှင် ဉာဏ်လင်း အောင်က သူကြိုက်နှစ်သက်တဲ့ သီချင်းအမျိုး အစားတွေ၊ သူ့အသံနဲ့ လိုက်ဖက်မယ် ထင်လို့ ဆိုဖြစ် ခဲ့တဲ့ သီချင်း အမျိုးအစား တွေကိုလည်း အခု ကဲ့သို့ ပြောပြခဲ့ ပြန်ပါတယ်။ “ကျွန်တော် အကြိုက် ဆုံးဂီတတွေ ကတော့ Metal Rock တို့ Rock ပုံစံ တွေကို ကြိုက်ပါတယ်။ ကျွန်တော်နဲ့ လိုက်တာက ကန်းထရီး ချိုချိုလေးတွေ အဲဒီလို ပုံစံမျိုးတွေ လိုက်ပါတယ်”လို့ ဆိုခဲ့ ပြန်ပါတယ်။ ဒီသီချင်း ထဲက အကြိုက်ဆုံး စာသားလေးနဲ့ ပတ်သက်ပြီး တော့လည်း တေးသံရှင် ဉာဏ်လင်းအောင်က “သူငယ်ချင်းလို့ ပြောပေမဲ့ ငါ့ရင်ထဲက ချစ်နေခဲ့” ဆိုတဲ့ စာသားလေးကို နှစ်သက်တဲ့ အကြောင်း သူ့ရင်ထဲက ခံစားချက်ကို မထိမ် မ၀ှက်ဘဲ အခုလို ပြောသွား ခဲ့ပါတယ်။ တေးသံရှင် ဉာဏ်လင်းအောင်က သူ့ရဲ့ ပရိသတ်ကြီးကို ဖူးငုံ (teen) ကနေတစ်ဆင့် ရင်ဖွင့် ပြောပြ သွားခဲ့တာ ကတော့“ကျွန်တော် ခံစား နေရတာကို သနားလို့ ပဲဖြစ်ဖြစ်၊ ပရိသတ်ကြီး အနေနဲ့ ခံစားချက် တိုက်ဆိုင်လို့ပဲ ဖြစ်ဖြစ် အရမ်း ၀မ်းသာပါတယ်။ ပရိသတ်ကြီးက အားပေး ခဲ့လို့ ဒီနေရာကို ရောက်လာ ခဲ့တာဆိုတော့ အားပေးကြတဲ့ ပရိသတ်ကြီး ကိုလည်း ကျေးဇူး အများကြီး တင်ပါ တယ်”လို့ ဆိုပါတယ်။ နောက်ဆုံး အနေနဲ့ သူ့ကို အားပေး ကြတဲ့ ဂီတ ပရိသတ်ကြီး တင်မကဘူး။ ဖူးငုံကို အားပေးတဲ့ စာဖတ် ပရိသတ် တွေကိုပါ တေးသံရှင် ဉာဏ်လင်းအောင်က ဆုတောင်း စကား ပြောသွား ခဲ့ပြန် ပါတယ်။ “နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ အလုပ် အကိုင် အဆင်ပြေ ပြီးတော့ အားလုံး ပျော်ရွှင် ချမ်းမြေ့ ကြပါစေ”လို့လည်း သူချစ်တဲ့ ပရိသတ်ကြီးကို အခုလို ဖူးငုံ(teen) ကတစ်ဆင့် ဆုတောင်း ပေးခဲ့ကြောင်း ပြောသွား ပေးခဲ့ပါတယ်။ နောက်လ တွေမှာလည်း သီချင်းတွေကို ဘယ်လို တေးရေး၊ ဘယ်လို အဆိုတော် တွေနဲ့ ဖန်တီး ကြဦး မလဲဆိုတာကို စောင့်မျှော် အားပေး ကြပါဦးရှင်။


မြစံပယ်ခိုင်
(Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)