(feb_13)သမဂ္ဂသတင်း PDF Print E-mail
Written by ဝေမိုးနိုင်၊မုံရွာ၊   
Thursday, 07 February 2013 22:45
Share |

သမဂ္ဂ သတင်းကို ဖတ်ရှု နေကြတဲ့ ဖူးငုံ ချစ်သူတွေ အနေနဲ့ သတင်းထဲမှာ ဗကသ၊ တကသ၊ ကသဖ စသဖြင့် အသုံးအနှုန်း လေးတွေကို သတိပြု မိကြမယ် ထင်ပါတယ်။

buy cialis over the counterbuy cialis online usa viagra medication canadian cialis
argaiv1083

တချို့သော စာဖတ် သူများက  သိကောင်း သိနိုင် ပေမဲ့  အများစုက မျက်စိ တလည်လည် ဖြစ်နေကြတာကြောင့် ဗကသ၊ တကသ၊ ကသဖကို နည်းနည်း ရှင်းပြ ချင်ပါတယ်။ ဗကသ ဆိုတာက  ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ပါ။ တကသ ကတော့ တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဖြစ်ပြီး ကသဖ ကတော့ ကျောင်းသား သမဂ္ဂ (ဖြစ်မြောက်ရေး ကော်မတီ)ပါ။ တကယ်တော့ အရင်တုန်းက ကျွန်တော် ကိုယ်တိုင်ကို  လည်တယ် တယ်ပါ။ တစ်ခါတစ်ခါ သမဂ္ဂ အဖွဲ့ တွေရဲ့ သတင်း ထုတ်ပြန်ရေးတွေက စာသား တိတိကျကျ၊ ပီပီသသ မထုတ်ပြန်တဲ့ အခါမျိုးမှာ အဖွဲ့ချင်းတောင် လွဲမှား နားလည်ခဲ့ ရပါတယ်။

ဒီလိုပဲ စာဖတ်သူ တွေရဲ့ အသံကို နားစွင့်ကြည့် တဲ့အခါမှာ အများစု ကသိပ်နား မရှင်းကြဘူးဖြစ်နေပါတယ်။

၂၀၁၂ ဒီဇင်ဘာ ၂၀
၁၉၃၈ခုနှစ်၊ ဒီဇင်ဘာလ ၂၀ရက်နေ့ ၊ ကျောင်းသား သပိတ်ကို ကိုလိုနီ အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သည့် ဒဏ်ရာဖြင့် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ကွယ်လွန် သွားခဲ့သော ကျောင်းသား ခေါင်းဆောင် နေမျိုးသီဟ သူရ ဗိုလ်အောင် ကျော် ကျဆုံးခြင်း ၇၄ နှစ်မြောက် အမှတ်တရ အောက်မေ့ဖွယ် အခမ်းနားကို ၂၀.၁၂.၂၀၁၂ရက်နေ့တွင် ဗိုလ်အောင်ကျော်၏ မွေးရပ်မြေ ဖြစ်သော ဟင်္သာတ ခရိုင်၊ မဲဇလီကုန်း၊ ရုံးဇင်ရွာတွင် တည်ထားသည့် ဗိုလ်အောင်ကျော် လွမ်းစေတီ၌ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မတီ)မှ ကျောင်း သားများ ပါဝင်ကာ ပင့် သံဃာ ငါးပါးအား ဆွမ်းကပ် လှူခြင်း အစီစဉ်ကို ကျင်းပ ခဲ့သည်။ ထိုနေ့ ညနေပိုင်းတွင် မဟာသီဝ ဝေဠုဝန် ကျောင်းတိုက်၌ ကျောင်းသား သမဂ္ဂ များအဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မတီ) ကျောင်းသားများမှ ဗိုလ် အောင်ကျော် အမှတ်တရ တေးသီချင်း များဖြင့် ဖျော်ဖြေခဲ့ပြီး စာရေးဆရာ ကိုရွှေအောင်သင်း၊ စာရေး ဆရာမ သန်းမြင့်အောင်၊ ကာတွန်း ဆရာ အော်ပီကျယ်၊စာရေး ဆရာ ညီမင်းညိုတို့နှင့် စာပေ ဟောပြောပွဲ ကျင်းပ ခဲ့သည်။ ထိုအခမ်း အနားတွင် ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မတီ) ဂုဏ် ပြု သ၀ဏ်လွှာ တစ်ရပ် ဖတ်ကြား ခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၁၂ ဒီဇင်ဘာ ၂၁
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သတ်ပြီး ဗမာ တစ်နိုင်ငံ လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ပြုလုပ် ခဲ့သည်။

၂၀၁၂ ဒီဇင်ဘာ ၂၇
နိုင်ငံရေး လှုပ်ရှားမှုများကြောင့် အကျဉ်းထောင် များတွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပြီး ပြန်လည် လွတ်မြောက် လာသော်လည်း တက်ရောက်ဆဲ စာသင် တန်းများတွင် ဆက်လက် ပညာ သင်ကြားခွင့်မရရှိ  သေးသည့် ကျောင်းသား ၄ ဦးက၂၀၁၂-၂၀၁၃ပညာသင်နှစ် အမီ ပညာ သင်ကြားခွင့် ရရှိရန် နိုင်ငံတော် သမ္မတကြီးအား မေတ္တာရပ်ခံ စာတစ်ရပ်ကို တင်ပြ ခဲ့သည်။ ယင်းကျောင်းသား ၄ ဦးမှာ မောင်ရဲမင်းဦး (စာရင်း အင်း ပညာ၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်)၊  မောင်ဇင်လင်းအောင် (၀ါဏိဇ္ဇ ဗေဒ၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်)၊ မောင် ဒီငြိမ်းလင်း(ဘူမိ ဗေဒ၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်)နဲ့ မောင်ရဲမြတ်ဟိန်း (သင်္ချာ၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်)တို့ဖြစ်ကြပြီး သက်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခချုပ် များမှ အစိုးရ၏ ခွင့်ပြုချက် မရရှိ သေးသဖြင့် ကျောင်း အပ်လက်ခံ နိုင်ခြင်း မရှိကြောင်း ဖြေကြား ခဲ့သည်ဟု ယင်းမေတ္တာ ရပ်ခံစာတွင် ဖော်ပြ ထားသည်။

၂၀၁၃ ဇန်န၀ါရီ  ၎
၆၅နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား သို့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ သ၀ဏ် လွှာပေးပို့ ခဲ့သည်။ ယင်းသ၀ဏ် လွှာတွင် လွတ်လပ်ရေးကို တိုင်းရင်းသား ပြည်သူ လူထု တစ်ရပ်လုံး၏ ညီညွတ်သော စွမ်းပကားဖြင့် ရယူနိုင် ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ပြည် သူ တစ်ရပ်လုံး၏ လွတ်လပ်ခွင့်၊ အခြေခံရပိုင်ခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် တို့သည် တစ်ဖက် သတ်ရေးဆွဲ ထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်တွင် တန်ဖိုးမဲ့ နေရကြောင်း၊ ယင်း ၂၀၀၈ အခြေခံ ဥပဒေ အောက်မှ လွတ်မြောက်နိုင် ရန် ကြိုးပမ်း ရမည်ဟု မှတ်ယူ ထားကြောင်း ဖော်ပြ ပါရှိသည်။

၂၀၁၃ ဇန်န၀ါရီ ၉
သန်လျင် နည်းပညာ တက္ကသိုလ်ကျောင်း ရှေ့၌  ရန်ကုန် တောင်ပိုင်း ခရိုင် ကျောင်းသားများ သမဂ္ဂမှ ဗကသ ကျောင်းသား များက ဗကသများ အဖွဲ့ချုပ်က ထုတ်ဝေသည့် လက်ကမ်းစာစောင် များကို  ကျောင်းသား ကျောင်းသူများ အား လိုက် လံဝေငှရာတွင်  ကျောင်းအာဏာ ပိုင်များ ရောက်ရှိ လာပြီး ဗကသ ကျောင်းသားများအား ခွင့်ပြုချက် မရသေးသည့် အဖွဲ့အစည်း ဖြစ်သောကြောင့်  ကျောင်းရှေ့တွင် စာရွက်ဝေခွင့် မရှိကြောင်း ပြော ကြားကာ တားဆီး ပိတ်ပင်ခဲ့ သဖြင့် ရုတ်ရုတ် သဲသဲ ဖြစ်သွား ခဲ့ကြောင်း သိရှိရသည်။ ယင်းလက်ကမ်း စာစောင်တွင် ဗကသများ အဖွဲ့ချုပ်၏ မူ ၅ ချက်၊ တောင်ပိုင်း ခရိုင် ဗကသ ပေါ်ပေါက် လာပုံနှင့် ဥက္ကဋ္ဌ အဆက်ဆက်တို့ အမည်တွေပါဝင် ကြောင်း သိရှိရသည်။ ထို့ပြင် ဆရာများက လက်ကမ်းစာ စောင်ဝေသော ကျောင်းသား များ၏ ကျောင်းသား ကတ်နှင့် တယ်လီဖုန်းများ သိမ်းယူ သွားခဲ့ပြီး ညနေပိုင်း အခြားကျောင်း များမှ ဗကသ ကျောင်း သားများပါ စုရုံး ရောက်ရှိ လာသော အခါမှ ပြန်လည် ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

 

၂၀၁၃ ဇန်န၀ါရီ ၄၊ ၆
မြန်မာနိုင်ငံ တွင်းသို့ ပြန်လည်ရောက် ရှိနေ သောလူ့ဘောင်သစ် ဒီမို ကရက်တစ် ပါတီ၏ကိုယ် စားလှယ် အဖွဲ့နှင့် မုံရွာ ခရိုင် ကျောင်းသား သမဂ္ဂ၊ ပြည်ခရိုင် ကျောင်းသား သမဂ္ဂ တို့သည် မိမိတို့ ဒေသ အသီးသီးတွင် တွေ့ဆုံခဲ့ ကြောင်း သိရှိရသည်။

၂၀၁၃ ဇန်န၀ါရီ ၇
ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသား များ သမဂ္ဂ ပုံမှန် အလုပ် အမှုဆောင် များနှင့် သမဂ္ဂ အသင်းဝင်များ အစည်းအဝေးကို၇.၁.၂၀၁၃ တွင် ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး) ကျောင်းသားများ နားနေဆောင်တွင် စည်းဝေးတွေ့ ဆုံခဲ့ကြပြီး သင်းလုံးကျွတ် အစည်းအဝေး ကျင်းပ နိုင်ရေးကိစ္စ၊ အသင်းဝင် သစ်များနှင့် မိတ်ဆက် တွေ့ဆုံပွဲ ပြုလုပ်ရန် ကိစ္စ၊ စာပေ ဟောပြောပွဲ တစ်ရပ် ကျောင်းတွင်း ပြုလုပ်ရန် ပြင်ဆင်နေမှု အခြေ အနေ၊ ကျောင်းသား ကျောင်းသူများ ကြုံတွေ့ နေ ရသော အခက် အခဲများ၊ သဘော ဆန္ဒများကို စစ် တမ်း တစ်ရပ် ကောက်ယူရန် ကိစ္စ စသည့် အကြောင်း အရာ မျိုးစုံအား ဆွေးနွေးခဲ့ ကြသည်။ သမဂ္ဂ အစည်း အဝေးသို့ သမဂ္ဂ အဖွဲ့ဝင်ပေါင်း ၃၀ ကျော် ခန့်တက်ရောက် ခဲ့ကြသည်။

၂၀၁၃ ဇန်န၀ါရီ ၉
ကချင် လွတ်မြောက်ရေး တပ်မတော်နှင့် ဗမာ့ တပ်မတော် အကြား ဖြစ်ပွားနေသော စစ်ပွဲများ အပေါ် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ  အဖွဲ့ချုပ်(မြင်းခြံခရိုင်)မှ သဘောထား ကြေညာာ ချက်ထုတ်ပြန် ခဲ့သည်။ ယင်းထုတ် ပြန်ချက်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရ အဖွဲ့ အာဏာ လွှဲပြောင်း ရယူစဉ် ကာလက လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်း များနှင့် အပစ် အခတ် ရပ်စဲရေး၊ ဒေသ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင် ရွက်ရေးတို့ လုပ်ဆောင် နိုင်ရန် နိုင်ငံရေး ဆွေးနွေးမှု များ ပြုလုပ် သွားမည်ဟု ကတိ ပေးခဲ့ သော်လည်း ကချင် လွတ်မြောက်ရေး တပ်မတော် အပေါ် ထိုးစစ် ဆင်နေမှုများကို ကန့်ကွက် ရှုတ်ချကြောင်း၊ တစ် တိုင်းပြည်လုံး ခြွင်းချက် မရှိ အပစ်အခတ် ရပ်စဲရန် တောင်းဆိုကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ထူထောင်နိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော် ကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစု ကြည် အပါအ၀င် ပြည်တွင်း ပြည်ပ ဒီမိုကရေစီ  အင်အားစု များ ပါဝင်သော ငြိမ်းချမ်းရေး ညီလာခံ တစ်ရပ်ကို ကြိုတင် ကန့်သတ် မှုများ မပါဝင်ဘဲ ကျင်းပ ပေးနိုင် ကြပါရန် အသိပေး တောင်းဆို လိုက်ရပါကြောင်း ဖော်ပြ ပါရှိ ပါသည်။

၂၀၁၃ ဇန်န၀ါရီ ၉
နည်းပညာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ရမည်းသင်း)မှ ဦးဆောင်ပြီး စီစဉ်တင် ဆက်မည့် ၂၀၁၃ ခုနှစ်၊ ၆၆ နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ် စာစောင် အတွက် စာမူ ဖိတ်ခေါ် ကြေညာစာကို ထုတ်ပြန် လိုက်သည်။ ကျောင်းသား၊ ကျောင်းသူများ၏ ပြည်ထောင်စု စိတ်ဓာတ်ကို ကလောင် စွမ်းဖြင့် ဖော်ကျူးရန်၊ ကျောင်းသား ကျောင်းသူများ၏ စာပေ လွတ် လပ်ခွင့်ကို အပြည့်အ၀ ဖော်ထုတ်ရန်၊ မြန်မာနိုင်ငံ ထာဝစဉ် ငြိမ်းချမ်းရေး အတွက် စာပေဖြင့် တစ်တပ် တစ်အား ပူးပေါင်း ပါဝင် ရန်ဟူသော ရည်ရွယ် ချက် သုံးရပ်ဖြင့် စီစဉ်တင်ဆက်မည့် ယင်းနံရံကပ်စာစောင်အတွက် ကိုးကား စာကြမ်းများ အဖြစ် တိုင်းရင်းသား အရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု၊ ငြိမ်းချမ်းရေး အတွက် စစ်ပွဲရပ်၊ ထာဝရ ငြိမ်းချမ်းရေး၊ ဒုတိယပင်လုံ ညီလာခံ (သို့) ၂၁ရာစု ပင်လုံ ညီလာခံ စသည့် ခေါင်းစဉ်များ ထုတ်ပြန် ပေးထားပြီး ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ ပန်းချီ၊ ကာတွန်း၊ စာစီစာကုံး စသဖြင့် ကျောင်းသားများ နှစ်သက်ရာ စာမူ အမျိုးအစား များကို ဖေဖော်ဝါရီလ ၈ ရက် နေ့ နောက်ဆုံးထားပြီး ပေးပို့ပေးရန် ကြေညာ ထားသည်။

၂၀၁၃ ဇန်န၀ါရီ ၁၀
ဆိုင်ကယ် အပ်နှံရေး ဌာန၏ ငွေကြေး ကောက်ခံမှုနှင့် ပတ်သက်ပြီး မကွေး တက္ကသိုလ် ပါမောက္ခချုပ်၏  တကသ (တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ) မကွေး အဖွဲ့ဝင်များ အပေါ် တုံ့ပြန်မှုကို ဗကသများ အဖွဲ့ချုပ် (မြေလတ်ဒေသ)မှ  သဘောထား ကြေညာချက် တစ်ရပ် ထုတ်ပြန် ကြေညာ ခဲ့သည်။ မကွေး တက္ကသိုလ် ဆိုင်ကယ် အပ်နှံရေး ဌာန၏  ဆိုင်ကယ် အပ်နှံ ကြေးများမှာ အခြား တက္ကသိုလ် များထက် မြင့်တက် နေသဖြင့် မကွေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်ပြီး တစ်ကြိမ် ဆိုင်ကယ် အပ်ခ ၁၅၀ ကျပ်မှ ၁၀၀ကျပ်၊ ပညာ သင်နှစ် တစ်ဝက်စာ ၅၀၀၀ ကျပ်နှုန်းကို ပညာသင်နှစ် တစ်နှစ်စာ ၂၀၀၀ ကျပ် အဖြစ် အခြား တက္ကသိုလ် များနှင့် တန်းတူ ကောက်ခံ ပေးပါရန် ဇန်န၀ါရီလ ၇ ရက်နေ့က ပါမောက္ခချုပ် ထံသို့ စာရေး တိုင်ကြားခဲ့ရာ ဇန်န၀ါရီလ ၁၀ ရက်နေ့က ဗကသ ကျောင်းသား များအား ပါမောက္ခချုပ်မှ ခေါ်ယူ တွေ့ဆုံခဲ့ ပြီး ကျောင်းသား များအား အတင်းအကျပ် လက်မှတ်ထိုး စေခဲ့သည်ဟု သိရှိ ရသည်။ အတင်းအကျပ် လက်မှတ်ထိုး စေခဲ့သည့် အချက် များမှာ (၁) ဆိုင်ကယ် တစ်ကြိမ်အပ်ခ ၁၅၀ ကျပ်ကို ပြောင်းလဲ ပေးခြင်း မရှိဘဲ စာသင်နှစ် တစ်ဝက် ၅၀၀၀ ကျပ်ကို တစ်လ ၁၂၀၀ကျပ် နှုန်းဖြင့် သဘော တူညီကြောင်း၊ (၂) ကျောင်းသားများ အနေဖြင့် ကျောင်းသား သမဂ္ဂ အဖြစ် ဖွဲ့စည်း လှုပ်ရှားခွင့် မရှိ ကြောင်း၊ (၃) လှုပ်ရှားပါက ကျောင်းစည်းကမ်း အရ အရေးယူ ခြင်းခံရမည် ဖြစ်ကြောင်း စသည် တို့ဖြစ်ကြသည်။ ယင်းကဲ့သို့ ကျောင်းသား များ၏ ဆန္ဒ မပါရှိဘဲ အတင်းအကြပ် လက်မှတ် ထိုးခိုင်းခဲ့ မှုနှင့် စပ်လျဉ်းပြီး တက္ကသိုလ်တစ် ခုမှ ပါမောက္ခချုပ် တစ်ဦး အနေဖြင့် ကျောင်းသား များအား အာဏာဖြင့် ဖိနှိပ် ချုပ်ချယ်ကာ ဥပဒေမဲ့ လက်မှတ်ထိုး ခိုင်းစေမှုကို အသိ အမှတ် မပြုကြောင်း၊ ဗကသများ အဖွဲ့ချုပ်သည် သမိုင်း အစဉ်အလာ ကြီးမားခဲ့ပြီး ကျောင်းသား အရေး၊ နိုင်ငံအရေး တွင် ရှေ့တန်းမှ ဦးထိပ်ထား ဆောင်ရွက် နေသည့် အားလျော် စွာ ကျောင်းသား သမဂ္ဂများ တရားဝင် ရပ်တည် နိုင်စေရန် အတွက် ကျောင်း သားများနှင့် သင့်လျော်သော တက္ကသိုလ် အက်ဥပဒေ ရရှိရေးနှင့် အခြားကျောင်း သားအရေး ကိစ္စများကို ဆက်လက် ဦးဆောင် လှုပ်ရှား သွားမည် ဖြစ်ကြောင်း၊ ပါမောက္ခချုပ်၏ သမိုင်းအစဉ် အလာအား မသိ နားမလည်စွာ ကျောင်းသား သမဂ္ဂ အနေဖြင့် လှုပ်ရှားခွင့် မရှိကြောင်း ပြောဆိုချက်ကို အပြင်းအထန် ကန့် ကွက်လိုက် ပါကြောင်း ဗကသများ အဖွဲ့ချုပ် (မြေလတ်ဒေသ) မှ ထုတ်ပြန် ကြေညာ ခဲ့သည်။


ဝေမိုးနိုင်၊မုံရွာ၊
(Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)